P.23

1.4K 71 4
                                    

Unicode

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]

Chapter.23

နောက်နေ့မနက် မွေ့အိပ်ရာကနိုးတော့ ကုတင်အောက်ကိုငုံ့ကြည့်လိုက်ရာ ခြားနားကကုတင်​အောက်မှာမရှိတော့ပေ။

ဘယ်အချိန်ကတည်းကအိပ်ရာကထသွားလဲမသိ။

​မွေ့လည်းအိပ်ရာကထပြီး ရေချိုးခန်းထဲဝင်ကာကိုယ်ပေါ်ကညဝတ်အင်္ကျီလေးကိုဆွဲချွတ်လိုက်သည်။

''ဒီနေ့တော့ဘယ်သူမှမသိခင်ရေချိုးရမယ်...မဟုတ်ရင်ဟိုမိန်းကလေးတွေကလာချိုးပေးနေဦးမှာ သူတို့နဲ့ကိုငါ့အရှက်လည်းကုန်ပြီ စိတ်ကုန်ဖို့ကောင်းလိုက်တာ နောက်ရက်မှဟိုအရူးကိုပြောရမယ် ငါ့ကိစ္စ​တွေငါ့ဘာသာလုပ်မယ်လို့''

သူမပွစိပွစိပြောရင်းbathtubထဲရေဝင်စိမ်လိုက်ပြီး ကန်မှာမှီကာမျက်လုံးလေး​တွေကိုမှိတ်ချလိုက်လေ၏။

ထိုအခိုက် ကန်ထဲသို့တစ်ယောက်ယောက်ဝင်လာတယ်ခံစားရ၍ သူမမျက်လုံးဖွင့်ကြည့်လိုက်ရာ...

''ဟင်...ရှင်''

မွေ့အံ့သြလို့မှမဆုံးခင် ခြားနားကသူမလက်လေးကိုဆောင့်ဆွဲပြီးလူကိုတစ်ပတ်လှည့်ကာ သူ့ရင်ဘတ်နဲ့သူမကျောပြင်ကိုကပ်စေလိုက်တော့သည်။

အရာအားလုံးကမျက်စိတစ်မှိတ်အတွင်း။

''ရှင်ဒါဘာလုပ်တာလဲ''

''ကိုကိုနဲ့ဘေဘီနဲ့တစ်ခါမှရေအတူမချိုးဖူးဘူးလေ''

''ရှင်ရူးနေလား...ဘယ်သူတွေကရေအတူချိုးလို့လဲ...အခုထွက်သွားနော်''

''သူများလင်မယားတွေချိုးရင်ချိုးမှာပေါ့...ကိုကိုတို့မြင်ရတာမှမဟုတ်တာ''

''ကျွန်မကိုလွှတ်စမ်းပါ အရှက်ကိုမရှိဘူး''

''မလွှတ်ဘူး...ကိုကို့ကိုစိတ်ကောက်ပြေပြီလား''

''မပြေဘူး''

''ကိုကိုဘာလုပ်ပေးရင်ဘေဘီစိတ်ကောက်ပြေမှာလဲ''

သူမကခဏငြိမ်သွားလေ၏။

''ဟိုဟာ...အန်တီသမုဆီလိုက်ပို့ပေး''

''ဘေဘီကသူ့ကိုခင်တယ်လား''

''အင်း''

''ခဏလေးပဲတွေ့ဖူးတာကိုလေ''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလားS.2[Completed]Where stories live. Discover now