P.18

1.8K 64 6
                                    

Unicode

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]

Chapter.18

ခြားနား tabletကနေတစ်ဆင့် မွေ့ဘယ်လမ်းကြောင်းပေါ်ရောက်နေလဲဆိုတာကြည့်ရင်းသူမနောက်ကနေထပ်ကြပ်မကွာလိုက်လာခဲ့လိုက်၏။

နုခြယ်ကကားကိုဗရမ်းပတာနဲ့လမ်း​ကြားထဲတွေလျှောက်မောင်းနေတာမို့ သူသွားတန်းလေးပေါ်အောင်ရယ်လိုက်မိလေသည်။

''ငါ့ဘေဘီကတော့လေ''

ရုတ်တရက်ကြီးသူမတို့ကားလေးကတစ်နေရာမှာထိုးရပ်သွား၍ သူ့မျက်နှာကချက်ချင်းတည်သွားရပြီး သူ့ဘေးကဘုန်းသွေးအား...

''ဘုန်းသွေး ကားကိုအမြန်အရှိန်တင်''

''ဟုတ်ကဲ့''

သူတို့ကားကမွေ့တို့နဲ့နီးကပ်လာသည့်တိုင် သူမတို့ကနေရာကနေမရွေ့သေးပေ။

နောက်ဆုံး သူတို့ထိုနေရာကိုရောက်သွားတော့ နုခြယ်ကကားထိုင်ခုံမှာမှီကာသတိလစ်နေသလားအိပ်နေ​သလားမသိ။

ပြီးတော့မွေ့ကိုလည်းကားထဲမှာမတွေ့ရတော့ပါ။

''ဘေဘီ...ဘေဘီ''

''ဟေ့...ငွေသားနုခြယ်...ထစမ်း''

ဘုန်းသွေးကနုခြယ်ပါးလေးကိုပုတ်ကာလှုပ်နှိုးနေပေမယ့်သူမကတုပ်တုပ်မျှမလှုပ်။

''ဘေဘီ့ကိုရှာ...အခုချက်ချင်းဘေဘီ့ကိုသွားရှာလို့!!...ဟားးး ဘေဘီ...​ဘယ်ရောက်သွားတာလဲဘေဘီရာ...အဲဒါငါ့ကြောင့် ငါဘေဘီ့ကိုစိတ်ချလက်ချမလွှတ်လိုက်သင့်ဘူး ငါအသုံးမကျလို့ ငါမသုံးမကျလို့!!''

သူပြောပြီးကားကိုလက်သီးနဲ့ထိုးပစ်လိုက်ရာ နုခြယ်ကဆတ်ခနဲလန့်နိုးလာပြီး...

''မခေါ်သွားနဲ့ ငါ့ညီမကိုမခေါ်သွားနဲ့နော်''

''နုခြယ်...​နုခြယ် မင်းသတိရပြီလား''

သူမက ကားအပြင်ဘက်မှာရပ်ပြီးသူမအားငုံ့ကြည့်နေတဲ့ခြားနားကိုမြင်သည်နှင့်ကားပေါ်မှအမြန်ဆင်းကာ...

''မွေ့ကို...​မွေ့ကိုဦးသတိုးရာဇာခေါ်သွားတာ''

''ဘာ!''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလားS.2[Completed]Where stories live. Discover now