P.4

1.5K 56 4
                                    

Unicode

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]

Chapter.4

သမုတို့သုံးယောက် သူတို့ရှေ့မှာရပ်နေတဲ့လူငယ်အားအခုချိန်ထိတအံ့တသြကြည့်နေမိတုန်းပါ။

သူတို့လေးယောက်သား လူရှင်းတဲ့တစ်နေရာမှာမျက်နှာချင်းဆိုင်ရပ်နေရင်းမှ...

''မင်း...မင်းက''

သမုကစတင်စကားဆိုလိုက်၏။

''ခြားနားပါ''

''ခြားနား ဟုတ်လား...ဘယ်သူ့သားသမီးများလဲ''

''×××ဘဏ်ရဲ့ဥက္ကဌ ဦးဇေသူရဲ့မြေးပါ''

''ဪ''

''ကျွန်တော့်ကိုသိလို့လား''

''မ...မသိပါဘူး မင်းကအန်တီတို့အသိတစ်ယောက်နဲ့ဆင်လို့ပါ''

ခြားနားသူတို့ကိုတမင်မသိဟန်ဆောင်လိုက်၏။
သူတို့ကိုမှတ်မိနေကြောင်း​ပြောလိုက်ရင်ပတ်သက်ဆက်နွယ်မှုတွေကပြီးဆုံးနိုင်တော့မည်မထင်။

သူကအခုတိမ်ယံခမဟုတ်တော့ဘဲခြားနားဖြစ်နေပြီမဟုတ်လား။

ထိုစဥ် တာတာနဲ့သဲငယ်ကသူတို့ထံလျှောက်လာပြီး

''မာမီတို့ကဒီမှာကိုး...တာတာတို့ကရှာနေတာ''

ပြောနေရင်းနဲ့တာတာတို့ရဲ့အကြည့်က ခြားနားထံသို့ရောက်သွားပြီးမှ...

''အယ်...ဘယ်သူများလဲ''

သမုက...

''ဒါအန်တီ့သမီးပါ...မုဒိတာတဲ့...ဒီဘက်ကချစ်သဲငယ်တဲ့ သူကတော့ဒီကသဲယမုံရဲ့သမီးပါ သမီးတို့ သူကခြားနားတဲ့''

တာတာကသူ့ကိုလက်ကမ်းပေးကာ

''တွေ့ရတာဝမ်းသာပါတယ်''

သူတာတာဆိုသောမိန်းကလေးရဲ့လက်ကိုထိတယ်ဆိုရုံသာထိလိုက်သည်။

''ခွင့်ပြုကြပါဦး''

သူနှုတ်ဆက်ပြီးသည်နှင့်နေရာကလှည့်ထွက်လာကာ သူ့နောက်ကကပ်ပါလာသောဘုန်းသွေးအား

''ပြန်မယ်''

''ဟုတ်ကဲ့သူဌေးလေး''

အားလုံးရဲ့အကြည့်ကတော့သူ့ဆီကမခွာ။

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလားS.2[Completed]Where stories live. Discover now