Unicode
အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]Chapter.10
သူမတို့မင်္ဂလာဝတ်စုံအပ်ပြီးတော့ ခြားနားကသူမအားသူ့အိမ်သို့ခေါ်လာလေ၏။
သူကားအားခြံထဲမောင်းဝင်ခဲ့တော့သူမကဘာလဲဆိုတဲ့သဘောနဲ့လှည့်ကြည့်လာ၍ ခြားနားကသူမခေါင်းလေးကိုအုပ်မိုးကိုင်ကာ...
''အိမ်ထဲရောက်ရင်သိမှာပေါ့''
ပြောပြီးသူကကားပေါ်ကအရင်ဆင်းသွားပြီး သူမဘက်ကကားတံခါးကိုလာဖွင့်ပေး၏။
မွေ့ကားပေါ်ကဆင်းလိုက်သည်နှင့်သူကမွေ့လက်ကိုဆွဲကာအိမ်ထဲသို့ခေါ်လာလေသည်။
အိမ်ထဲရောက်တော့ဧည့်ခန်းထဲက,စားပွဲပေါ်မှာခင်းကျင်းထားတဲ့လက်ဝတ်ရတနာဗူးတွေက,စားပွဲနဲ့အပြည့်။
ပြီးတော့အနောက်တိုင်းဝတ်စုံတွေနဲ့လက်အိတ်တွေဝတ်ထားသောအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးကလည်းဧည့်ခန်းထဲမှာရှိနေသေးသည်။
''လာကြမြေးတို့''
အဖိုးဖြစ်သူကလှမ်းခေါ်သည်နှင့် ခြားနားကသူမအားဆိုဖာဆီခေါ်လာပြီးသူနဲ့အတူယှဥ်တွဲထိုင်စေလေသည်။
''ဝတ်စုံကအဆင်ပြေခဲ့ရဲ့လား''
''ပြေပါတယ်ဖိုးဖိုး''
ခြားနားကမွေ့ဘက်လှည့်ကာ...
''မွေ့...ဒီပစ္စည်းတွေကိုကြိုက်လား''
''......''
''ဒါတွေအားလုံးကကိုကို့မွေ့လေးအတွက်''
သူမကအံ့သြသွားတဲ့မျက်လုံးလေးတွေနဲ့သူ့အားပြန်ကြည့်လာလေ၏။
''ကြိုက်လားလို့''
''ဒါတွေ...အကုန်''
''အင်း''
''မလိုချင်ဘူး''
''အဲလိုငြင်းလို့တော့မရဘူးလေ ဒါတွေအားလုံးက ကိုကိုကမွေ့အတွက်ရည်ရွယ်ထားတာတွေ...ဒါမှမဟုတ်ဒါတွေကိုမကြိုက်လို့လား ကိုကိုအသစ်ပြန်လဲပေးမယ်လေ''
''မလိုချင်ပါဘူးဆို''
''ဒါပေမယ့်...''
သူဘာမှမပြောရသေးခင်မှာပဲသူ့အဖိုးက...