Unicode
အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]Chapter.16
''ဒေါက်...ဒေါက်''
''ဝင်ခဲ့''
သူခွင့်ပြုလိုက်သည်နှင့်သူ့ရုံးခန်းတံခါးကပွင့်သွားပြီး ဝန်ထမ်းတစ်ဦးကသူ့အခန်းထဲဝင်လာလေသည်။
''ဥက္ကဌ...ဥက္ကဌနာမည်နဲ့စာအိတ်တစ်ခုရောက်နေတယ်''
''ပေး''
သူတပည့်ဖြစ်သူလက်ထဲကအညိုရောင်စာအိတ်လေးကိုလှမ်းယူလိုက်၏။
စာအိတ်ကိုဖွင့်ကြည့်တော့ အထဲကဓာတ်ပုံတစ်ချို့ထွက်လာလေသည်။
သူပုံတွေကိုသေချာကြည့်လိုက်ရာ...
''ဟင်!''
ခြားနားကသူနဲ့မွေ့ရဲ့လက်ထပ်စာချုပ်ပုံအပြင် သူတို့နှစ်ယောက်တွဲပုံကိုပါသူ့ကိုပို့လာတာပင်။
ပြီးတော့စာတစ်စောင်။
''ဘယ်လိုလဲ အာချောင်နိုင်သေးလား ခင်ဗျားထက်ပိုပြီးကျုပ်ကအစွမ်းအစပိုရှိတာသိပြီလား သွားသေလိုက် သုံးစားမရတဲ့အဖိုးကြီး''
ဆိုသောစာတွေအပြင် လက်ခလယ်ထောင်ထားတဲ့လက်ပုံကိုပါဆွဲပေးလိုက်သေးသည်။
''တောက်!''
သူစာကိုရောပုံတွေကိုပါလုံးချေပြီးလွှင့်ပစ်လိုက်လေ၏။
''ဟာကွာ!''
သူစိတ်တိုစွာနဲ့စားပွဲပေါ်ကပစ္စည်းတွေကိုဆွဲချလိုက်စဥ် သံသာနဲ့သဲငယ်ကသူ့အခန်းထဲသို့ဝင်လာပြီး သံသာကသူ့ကိုတစ်လှည့် ကြမ်းပေါ်ကပစ္စည်းတွေကိုတစ်လှည့်ကြည့်ကာ...
''ဘာတွေဖြစ်နေတာလဲလေးလေး''
သူပြန်မဖြေမိ။
သဲငယ်ကသတိုးလုံးချေလွှင့်ပစ်လိုက်တဲ့ဓာတ်ပုံတွေကိုကောက်ကြည့်လိုက်ပြီးလူကသွေးပျက်သွားသလိုခံစားသွားရတော့သည်။
''ဒါ...ဒါက''
သံသာကသဲငယ်လက်ထဲကပုံတွေကိုယူကြည့်ပြီး...
''ဟင်!...သူတို့ကလက်ထပ်သွားပြီလား''
သဲငယ်ဆိုဖာမှာအရုပ်ကြိုးပြတ်ဝင်ထိုင်လိုက်ပြီး...