Unicode
အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]Chapter.1
တစ်နှစ်ခန့်ကြာပြီးနောက်....
အရေးပေါ်ခန်းဆီပြေးဆွဲလာတဲ့ဘီးတပ်ကုတင်တစ်စီး။
ထိုကုတင်ပေါ်မှာတင်ဆောင်လာသူကတိမ်ယံခဆိုသောအမျိုးသား။
''သား...သားသတိထားနော် သားဘာမှမဖြစ်လိုက်နဲ့''
''တိမ်ယံ...နင်အားတင်းထားနော်''
''ငါ့ကြောင့်အခုလိုဖြစ်ရတာတိမ်ယံရာ''
သူဘာမှပြန်မပြောနိုင်ပေ။
ဒါပေမယ့်သူသိနေခဲ့တယ်။သူမိုးသားနဲ့တွေ့ခွင့်ရတော့မယ်ဆိုတာကိုလေ။
''သား''
သူ့ဗိုက်ထဲစိုက်ဝင်နေတဲ့ဓားနဲ့အတူ ချင်းချင်းနီနေတဲ့သွေးတွေကထိုထိုးသွင်းခံထားရတဲ့ဝမ်းဗိုက်ကနေပြီးဒလဟောစီးကျလို့နေလေသည်။
သူနောက်ဆုံးအနေနဲ့သူ့အမေကိုနှုတ်ဆက်ချင်ပေမယ့်လို့...
''လူနာက10နာရီတိတိမှာပဲဆုံးပါးသွားပါပြီ ကျွန်တော်တို့အစွမ်းကုန်ကြိုးစားခဲ့ပေမယ့်လည်းဓားကကိုယ်တွင်းအင်္ဂါတွေကိုအတော်လေးထိခိုက်သွားပါတယ် စိတ်မကောင်းပါဘူး''
ဆရာဝန်စကားအဆုံးမှာ ဒေါ်သီသီမှာအောက်သို့အရုပ်ကြိုးပြတ်ထိုင်လိုက်တော့၏။
''အမလေးငါ့သားလေး...အဖြစ်ဆိုးလိုက်တဲ့သားလေး...အမေ့ထက်အရင်ထွက်သွားရလားသားရယ်...အမေရင်ကွဲပါပြီ အီးဟီး သား!!''
ဒေါ်သီသီရဲ့ငိုသံကပတ်ဝန်းကျင်ကိုလွှမ်းခြုံလို့။
သမုလည်းဒေါ်သီသီ့ကိုဖက်ငိုရင်းမျက်ရည်များကျလာရသည်။
ဒါကသူမပယောဂမှမကင်းတာလေ။
သူမ,တိမ်ယံ့ရဲ့သူငယ်ချင်းဖြစ်သူသုတနဲ့နောက်ထပ်အိမ်ထောင်တစ်ခုကိုထူထောင်ဖို့စီစဥ်နေတုန်းမှာပဲ နေရဲဆိုတဲ့ကောင်ကသုတနဲ့သူမကိုလာပြီးလုပ်ကြံရာ ကြားထဲကနေတိမ်ယံကအခုလိုထိခိုက်သွားခဲ့ရတာပင်။
သွားတော့တိမ်ယံရေ...
ရောက်လေရာဘဝတစ်ခုမှာ မိုးသားနဲ့ပြန်ဆုံပြီးနှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကြပါစေလို့ငါဆုတောင်းပေးပါတယ်...။