P.26

1.3K 53 0
                                    

Unicode

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]

Chapter.26

မွေ့ ဖုန်းကနာရီကိုကြည့်လိုက်တော့ညနေခြောက်နာရီထိုးနေပြီဖြစ်သည်။

ထိုအခိုက် တံခါးဖွင့်သံနဲ့အတူ အ​နောက်တိုင်းဝတ်စုံအနက်ရောင်ကိုဝတ်ထားတဲ့ခြားနားကအခန်းထဲသို့ဝင်လာလေ၏။

သူ့လက်ဖျံမှာက ပလတ်စတစ်အိတ်အကြည်လေးဖုံးထားသောဂါဝန်အဖြူလေးကိုချိတ်ထားသည့်အပြင် နောက်လက်တစ်ဖက်မှာလည်းဖိနပ်တစ်ရံကိုကိုင်ထားပြန်သေးသည်။

''အဝတ်အစားလဲကြစို့ဘေဘီ''

''ထားခဲ့လေ''

''ကိုကိုဝတ်ပေးမှာ''

''မလိုပါဘူး''

သူကမွေ့စကားကိုတစ်စက်မှအဖတ်မလုပ်ဘဲ သူမဆီလျှောက်လာပြီး ကိုယ်ပေါ်ကပန်းနုရောင်ဖဲသားညဝတ်အင်္ကျီလေးကိုခါးချည်ကြိုးကနေဆွဲဖြည်ချွတ်ချပစ်လိုက်တော့၏။

ပြီးတော့လျင်မြန်စွာနဲ့ သူ့လက်ထဲကအနီ​ရောင်ဂါဝန်တိုလေးအား သူမကိုယ်ပေါ်သို့ဝတ်ဆင်ပေးလာပြီး လူကိုပါကုတင်မှာထိုင်စေကာ ဖိနပ်ပါစီးပေးလာပြန်လေသည်။

''ကိုယ့်ဘာသာကိုလုပ်လည်းဖြစ်ပါတယ်''

''ကိုကိုကလုပ်ပေးချင်လို့လေ''

ပြောပြီးသူက သူမခြေသလုံးလေးကိုအနမ်းခြွေလိုက်လေ၏။

''အဆင်သင့်ဖြစ်ရင်သွားကြစို့''

''အင်း''

ခြားနား သူမရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်နေရင်းမှထရပ်လိုက်ပြီး ​မွေ့ကိုလက်ကမ်းလေးလိုက်တော့ သူမကလည်းအလိုက်သင့်ပဲ သူ့လက်ကိုပြန်ဆုပ်ကိုင်လာလေသည်။

ပြီးတာနဲ့နှစ်​​ယောက်သားအခန်းထဲကနေထွက်ခဲ့ပြီးအောက်ထပ်ကိုဆင်းကာ ဘုန်းသွေးအရန်သင့်ဖွင့်ပေးထားတဲ့ကားထဲသို့ဝင်ထိုင်လိုက်ကြ၏။

ထို့နောက်ဘုန်းသွေးကကားထဲဝင်ကာ ကားကိုနေရာကနေမောင်းထွက်လာခဲ့လိုက်တော့သည်။

ဦးဇေသူက နားနေဆောင်ကနေပြီးမြေးနဲ့မြေးချွေးမကိုလှမ်းကြည့်ကာလူကခပ်ပြုံးပြုံးနှင့်။

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလားS.2[Completed]Where stories live. Discover now