P.9

1.4K 48 2
                                    

Unicode

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား
[Season.2]

Chapter.9

ခြားနားကသူမခြေထောက်ကဒဏ်ရာအား သူကိုယ်တိုင်သန့်ရှင်းပေး ဆေးထည့်ပေးပြီးပတ်တီးပါသေချာစည်းပေးလေသည်။

''ကိုကိုဘယ်လောက်စိတ်ပူသွားရလဲမွေ့သိရဲ့လား နောက်တစ်ခါအဲလိုမလုပ်ရဘူးနော်''

သူမကမျက်နှာကိုတစ်ဖက်လွှဲထားပြီးမကြားဟန်ဆောင်၏။

''ကိုကိုပြောတာကြားရဲ့လား''

''.....''

''နေ့လည်စာစားရအောင် ​ဗိုက်ဆာပြီလား''

''မစားဘူး''

''ဂွီ''

''ဟင်"

သူမဗိုက်ထဲကအသံကြောင့် မွေ့မျက်လုံးလေးဝိုင်းစက်သွားပြီးဗိုက်ကိုဖိထားလိုက်မိသည်။

''အဟင်း''

သူမကိုကြည့်ပြီးခြားနားကရယ်တော့ သူမကပေစောင်းစောင်းနဲ့လှည့်ကြည့်လေ၏။

ခြားနားကချက်ချင်းပဲမျက်နှာပိုးသတ်ကာ..

''ဆောရီး...ကိုကို့ရဲ့မွေ့လေးကအရမ်းချစ်စရာကောင်းနေလို့''

ခြားနားကသူနဲ့မလှမ်းမကမ်းမှာရပ်နေသောမိန်းကလေးတွေဘက်လှည့်၍

''စားစရာတွေအခန်းထဲယူခဲ့''

''ဟုတ်ကဲ့သူဌေးလေး''

သူတို့ထွက်သွားသည်နှင့်ခြားနားကမွေ့ခြေထောက်လေးကိုဆွဲယူကာ...

''နာနေသေးလား ဘယ်လိုနေသေးလဲ''

''.....''

''မနက်ဖြန်ကျရင်အိမ်ပြန်နိုင်ပါ့မလား...မပြန်နိုင်လည်းကိစ္စမရှိပါဘူး ကိုကိုကချီပြီးခေါ်သွားပေးမှာဆိုတော့လေ''

''.....''

''ကိုကို့ကိုစကားပြောပါဦးမွေ့ရဲ့''

''.....''

''ကိုကို့မွေ့လေးကကိုကို့ကိုစိတ်ကောက်နေတာကိုး...ဘယ်လိုချော့စေချင်လဲပြော''

သူမကတစ်စက်မှလှည့်မကြည့်။

ခြားနားကသူမနားကပ်ကာ ပါးနုနုလေးအားနမ်းလိုက်တော့သူမကမှုန်ကုပ်ကုပ်နဲ့လှည့်ကြည့်လာပြီးသူ့ရင်ဘတ်လေးတွေအားထုရိုက်တော့သည်။

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလားS.2[Completed]Where stories live. Discover now