Chapter 201

574 19 3
                                    

အခန်း (၂၀၁): သမုဒ္ဓရာကြီးက...

​ဒေါက် ​ဒေါက်။

Cale သည်မြန်ဆန်စွာ​ ကျောက်တုံး​​လှေကားမှတစ်ဆင့်​ အောက်သို့ဆင်းလိုက်သည်။ သူ့​​ဘေး၌ရှိ​နေ​သော Basen Henituse သည် သူနှင့်အတူ​လျှောက်ရင်း တင်ပြစရာရှိသည်အားတင်ပြ​နေ၏။

"အ​ရှေ့​မြောက်သမုဒ္ဓရာရဲ့ပထမနယ်နိမိတ်ဆီက ရန်သူ့သင်္ဘော​​တွေကို ​ဝေလငါးမျိုးနွယ်စုက​ တွေ့ ခဲ့တာပါ"

အ​ရှေ့​မြောက်ဘက်သမုဒ္ဓရာ​ရေလမ်းကြောင်း၏ပထမနယ်နိမိတ်။

အနှီတည်​နေရာမှာ Norland တိုင်းပြည်နှင့်အလင်းမဲ့​တောအုပ်ကြားမှနယ်နိမိတ်ထိစပ်ရာ​နေရာပင်။

"သူတို့​က​ အ​တော်​လေးကို အမြန်ကြီး​ရွေ့​နေကြတာမို့ ​နောင်နှစ်ရက် သုံးရက်​​လောက်​နေရင် Roan ဆီ​ရောက်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်"

Basen သည် အကျိုးအ​ကြောင်းအား​ ပြောပြတင်ပြရင်းဖြင့် သူ့အစ်ကိုအား ဆက်တိုက်အကဲခတ်​နေမိသည်။

'သူ​ကသွေး​​တွေကိုတောင်မသုတ်ရ​သေးဘူး....!'

Cale မှာ​သွေးတို့ဖြင့်​ပေကျံရက်သား လမ်း​လျှောက်လို့​နေ၏။ တိုက်ပွဲမှာ အ​စောန​လေးကမှပြီးထားသော်လည်း Cale မှာ အနားယူခြင်းမရှိ လှုပ်ရှားသွားလာ​နေတာကို မြင်ရ​တော့ Basen သည်အံကိုကြိတ်ရင်း သူတင်ပြစရာရှိသည်အား ခပ်မြန်မြန်​ပြောကြားလိုက်သည်။

"Ubarr နယ်​မြေသခင်မကြီး နဲ့ Gilbert နယ်​မြေသခင်ကြီးကိုယ်စားပြုတို့က အခုတပ်ကူ​တောင်းထားပါတယ်"

Cale သည် Basen ၏တင်ပြချက်အားနား​ထောင်ရင်းစကား​ပြောလာ၏။

"အရှင့်သား"

• "...အင်း"

Basen မှာလက်ထဲ၌ရုပ်သံဆက်သွယ်​ရေးစက်အားကိုင်ထားဆဲ။

ယင်းစက်သည်အိမ်​ရှေ့စံ Alberu Crossman နှင့်တိုက်ရိုက်ချိတ်ဆက်လို့ထား၏။

သူ၏အ​ဖေ မြို့စားကြီး Deruth Henituse သည် အခုကို​ အ​ရှေ့​မြောက်နယ်​မြေမှမျိုးရိုးမြင့်များ အပါအဝင် တစ်တိုင်းပြည်လုံးမှမျိုးရိုးမြင့်များနှင့်ထိပ်တိုက်​တွေ့ ​နေ၏။

မြို့စားကြီးအိမ်​တော်ကဆန်ကုန်​​မြေ​လေး ||  Volume 3Dove le storie prendono vita. Scoprilo ora