Chapter 20

355 71 5
                                    

အခန်း(၂၀) နင် ဘယ်သူ့ကိုပြစားဖို့ ကြိုးစားနေတာလဲ

"မဟုတ်ပါဘူး မိန်းမရယ် မင်း... မင်းက အရမ်းပြောင်းလဲသွားလို့ ကိုယ်မမှတ်မိလုနီးပါးဖြစ်သွားလို့ပါ" ကျိကျန်းယွင်သည် အတန်ကြာအောင်ထိန်းချုပ်ထားပြီး နောက်ဆုံးတွင် ဤစကားမျိုး ပြောမိသွားတော့သည်။

"ဘာလဲ? ကျွန်မ ရုပ်ဆိုးသွားလို့လား?" စူးတန်းဟုန် မျက်ခုံးပင့်လိုက်သည်။

"မဟုတ်ဘူး၊ မင်းကြည့်ကောင်းတယ်၊ အရမ်းလှတယ်!" ကျိကျန်းယွင် သူမကိုကြည့်ရင်း ပြောလိုက်သည်။

"ရှင် ကျွန်မကို တစ်နှစ်လုံးကြည့်လို့ရသေးတယ် ကြည့်ရတာသာမပျင်းသွားနဲ့ ခနနေဖက်ထုပ်စားလိုက် စောင့်‌နေရင်အေးသွားလိမ့်မယ်" စူးတန်းဟုန် သူ့ကိုပြုံးပြပြီး ဘေးတွင်ဝင်ထိုင်လိုက်၏။

"မင်းရော ဘာလို့နည်းနည်းမစားတာလဲ"ကျိကျန်းယွင်က မေးသည်။

“စားပြီးပြီ” ဟု စူးတန်းဟုန် ပြောလိုက်သည်။ "ရှင့်ဘာသာစားတာ ပိုကောင်းမယ်"

ကျိကျန်းယွင် စစားလိုက်သည်။ ဖက်ထုပ်တွေက အရမ်းအရသာရှိဧ။်။ ဖက်ထုပ်အရေခွံက ပါးလွှာသော်လည်း အဆာကတော့ အရမ်းများသည်။ စား၍ကောင်းလှဧ။်။ သူ့မိန်းမ ၏အချက်အပြုတ်စကေးလ်က တကယ်ကိုမတူညီချေ။

စားနေစဉ်အတွင်း တက္ကသိုလ်ကျောင်းသူလေးနှင့်တူသော သူ့ဇနီးသည်ကို မမော့ကြည့်မိပဲမနေနိုင်ခဲ့ချေ။

စူးတန်းဟုန်က သူမကိုကြည့်နေသည့် သူ့ဘေးတွင် ထိုင်နေသည်။ ဖက်ထုပ်ပန်းကန်လုံးကြီးတစ်ပန်းကန်က အမြန်အပြောင်ရှင်းတာခံလိုက်ရ၏။ စားပြီးမှသာ အသက်ပြန်ရှင်လာပြီဟု ကျိကျန်းယွင် ခံစားလိုက်ရသည်။

"အိုးထဲကရေက အဆင်သင့်ဖြစ်နေပြီ ရှင့်ခြေထောက်စိမ်ဖို့ ရေနည်းနည်းသွားခပ်ပေးမယ်" စူးတန်းဟုန် ပြောပြီး သူ့ပန်းကန်နှင့်တူတွေ ဆေးကြောရန် ရေနွေးနည်းနည်းသွားခပ်လိုက်သည်။

"ကိုယ့်ဘာသာလုပ်ပါ့မယ်၊ ကိုယ့်ကိုသာပေးလုပ်လိုက်ပါ" ကျိကျန်းယွင် အမြန်ပြောလိုက်သည်။

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now