Part-25 (U&Z)

240 16 1
                                    

Unicode

ခိုနားရာ ရဲ့ခန္ဓာကိုယ်ထက်တွင် ရေများနဲ့အတူနှင်းဆီပွင့်ချပ်များနှင့် လာဗင်ဒါပွင့်ချပ်တွေက နေရာယူနေလေသည်။ ခန္ဓာကိုယ်ကိုသေချာသန့်ရှင်း၍ စိတ်ကြည်လင်အောင်နေလိုက်သည်။ ခိုနားရာတို့အခန်းကအလွန်ကျယ်ဝန်းသည်ဖြစ်ရာ ရေချိုးခန်းမှာလည်းအတော်ကိုကျယ်ဝန်းလှသည်။ ရွှေလက်ကိုင်ရန်းတွေနှင့် ရွှေကွတ်ထားသောဖယောင်းတိုင်အလှများကလည်း တည်ရှိနေသေးသည်။ ခေါင်းပါတစ်ခါတည်းလျှော်လိုက်ကာ Bathrobeဆိုဒ်ကြီးဝတ်လိုက်တော့ ပူဖောင်းနေသောဗိုက်ကိုဖုံးသွားလေသည်။

ခေါင်းကိုရေသုတ်ကာ ရေချိုးခန်းအပြင်ထွက်တော့ မောင်ကထွက်မသွားသေး။ ဒီနေ့မှာတော့ အင်္ကျီအဖြူဝတ်ဆင်ထားကာ ကြယ်သီးနှစ်လုံးဖြုတ်ထား၍ တံတောင်ဆစ်ထိလက် ခေါက်တင်ထားကာ မောင်ကခန့်ညားနေသည်။

"ရေသုတ်ပေးမယ်"

"merci, je m'ennuie juste"
(ကျေးဇူးပါ ပျင်းနေတာနဲ့ကွက်တိပဲ)

ပြင်သစ်စကားကိုပြောလိုက်မိတော့ Sedမနေနိုင်တော့ကာ အသည်းယား၍ အနောက်ဘက်ကနေ လက်ဖြင့်မေးကိုမော့လိုက်ကာ အပေါ်ကနေအုပ်မိုးနမ်းလိုက်သည်။ အဖြူရောင်လူသားငယ်ကလည်း တုံ့ပြန်နမ်းတာမို့ အချိန်တစ်ခုအထိပြင်သစ်အနမ်းဖန်တီး၍ စုပ်ယူနမ်းရှိုက်မိပြန်သည်။

ခေါင်းရေခြောက်သွားမှ မောင်ကလေ့ကျင့်ပေးဖို့ရန်ထွက်သွားတော့သည်။ မောင်ပြောတာတော့ သင်ကြားပေးရာတွင် အတော်သွက်လာပြီး အဆင်ပြေနေပြီဟုပြောသည်။ ကိုယ်ဝန်က ၇လထဲဝငျလာပွီးမို့ ရာ့မှာအရမ်းဂရုစိုက်ရသည်။ ဗိုက်ကိုသယ်ရတာက ရာ့အတွက်အင်မတန်ခက်ခဲလေသည်။ လေးလံလွန်းလို့ ရာငိုချင်စိတ်ပေါက်တာ ခဏခဏပေ။ ရာ့ရဲ့ မေမေလည်း ရာ့ကိုကိုယ်ဝန်ဆောင်တုန်းက ဒီလိုပဲခံစားရတယ်ထင်တယ်။ ထိုသို့မှ မိခင်မေတ္တာဘယ်လောက်ထိကြီးမားလဲ ရာမှန်းဆမိသည်။

အချိန်မှန်စွာ Akiiကမနက်စာဗန်းကိုင်လာကာ အခန်းထဲဝင်လာတော့ ရာမနက်စာစားလိုက်ကာ နူးညံ့ပျော့ပျောင်းသော သိုးမွေးထိုင်ခုံတွင်ထိုင်လိုက်ကာ သူငယ်ချင်းသုံးယောက်ကိုVCခေါ်လိုက်သည်။ အလုပ်ပိတ်ရက်အချိန်ပြည့်လိုင်းပေါ်မှာရှိတတ်သောသူများကြောင့် မျက်နှာပြင်သုံးခုပေါ်လာသည်။ တစ်ခုတော့မတွေ့ရသေး။

Three Mind One Body (Ongoing) Where stories live. Discover now