Part-29 (U&Z)

166 16 1
                                    

Unicode

"အရာရာ... တောင့်ခံထား ထွက်တော့မယ်နော်.."

"အား.. မောင့် အာ့"

သုံးယောက်မြောက်ကလေးကိုမွေးဖို့ရန် အခက်တွေ့နေလေသည်။ ကလေးနှစ်ယောက်ကခေါင်းမှစထွက်၍ ချောမွေ့စွာရှိပေမဲ့ ဒီနောက်ဆုံးကလေးကျမှ ခါးပိုင်းကထွက်လေသည်။ အရာရာလည်း တော်တော်ပင်ပန်းနေပြီ။ ကိုယ်လည်းစိတ်ပူလွန်းလို့ ရင်မောရသည်။

"အန်တီ.. စုပ်စက်ပေး.."

"ကလေးကဘာဖြစ်လို့လဲ?"

"ကလေးက ခါးကနေတစောင်းထွက်နေတာ ဒီအတိုင်းဆက်သွားရင်အဆင်မပြေဘူး ကလေးကိုစုပ်ထုတ်မှရမယ်"

"အေးအေး.."

"အရာရာ.. မညှစ်နဲ့တော့ မောင်အဆင်ပြေအောင်လုပ်ပေးမယ်..
မောင့်ကိုယုံ.."

"အင်း.. အား.."

နောက်ဆုံးမှာတော့ ကလေးသုံးယောက်လုံးကို အောင်အောင်မြင်မြင်မွေးထုတ်နိုင်ခဲ့သည်။ ကလေးသုံးယောက်လုံးကို သန့်စင်ထားသောမှန်ဘောင်ထဲသို့ အန်တီHunaကသန့်ရှင်း၍ ထည့်ထားပေးသည်။ ကလေးသုံးယောက်ကိုအောင်မြင်စွာ မွေးနိုင်ခဲ့တာမို့ ဝမ်းသာမျက်ရည်ကျမိသည်။ ခိုနားရာ အချင်းအိတ်ကျပြီလားသိချင်တာမို့ ကြည့်လိုက်ချိန် ကံဆိုးစွာ အချင်းအိတ်ကမကျသေးပေ။

ထိုအချိန်တွင် လေအလျင်နဲ့Pensoraသည်ကလေးတွေထည့်ထားသောမှန်ဘောင်ထံသို့ သွားနေတာမို့ Hedသည်သူ့ရဲ့ကိုယ်ပိုင်ဓားကိုထုတ်လိုက်ကာ Pensoraရဲ့ရင်ဘတ်နားသို့လွှဲလိုက်သဖြင့် Pensoraသည် အနောက်ဘက်သို့လွှင့်သွားသည်။ စောနကအကာအကွယ်ကိုဖျက်ဆီးဖို့ရန် အစွမ်းရဲ့၃ပုံ၂ပုံကိုထုတ်သုံးလိုက်သောကြောင့် ဘယ်ဘက်ရင်အုံကနာကျင်လာသည်။

Hedသည်အနောက်ကနေ နေရာယူလိုက်ကာ လည်ပင်းကိုဓားဖြင့်မွှမ်းဖို့ရန် ပြုလုပ်မည့်အချိန်တွင် Pensoraသည် သူ့ဘေးပတ်ပတ်လည်ကိုရေခဲအချွန်များအဖြစ် ဖန်ဆင်းလိုက်သောကြောင့် Hedသည်အနောက်သို့ဆုတ်သွားကာ ပျံသန်းလိုက် ပြီး Pensoraရဲ့ဝတ်ရုံကိုဆွဲ၍ ထိုရေခဲအချွန်ရပ်ဝန်းထဲကထုတ်လိုက်ကာ မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။ အထိတော့နာသွားပေမဲ့ ဆီးနှင်းဓားကိုလက်မှကိုင်ထားစမြဲဖြစ်ကာ တင်းထားလေသည်။

Three Mind One Body (Ongoing) Where stories live. Discover now