Part-27 (U&Z)

182 15 2
                                    

Unicode

ဦးမော်ကွန်းမဟာသည် ပြင်သစ်နိုင်ငံဆောင်းရဲ့ချမ်းအေးလှမှုကြောင့် အင်မတန်စိတ်ပျက်မိသွားသည်။ ငြိမ်နေရင် သွေးအေးပြီး ကျန်းမာရေးအတွက်မကောင်းမွန်နိုင်တာကြောင့် သွေးပူလေ့ကျင့်ခန်းလေးလုပ်ဖို့စဥ်းစားလိုက်သည်။ အားကစားဝါသနာပါသော အမျိုးသားတစ်ယောက်မို့ ပေါ့ပေါ့ပါးပါးအဝတ်တစ်ထည်ဝတ်လိုက်ကာ သွေးပူလေ့ကျင့်ခန်းများလုပ်လိုက်သည်။ ဒိုက်ထိုးချိန်မှာတော့ ဦးမော်ကွန်းမဟာရဲ့ခန္ဓာကိုယ်တစ်လျှောက်မှ ချွေးသီးများကမြေပြင်ပေါ်သို့ ကျဆင်းလေသည်။

ချွေးဆို့နေသော ခန္ဓာကိုယ်ထက်ရေလောင်းလိုက်ချိန်တော့ ပို၍ဆွဲဆောင်မှုရှိသွားသလို။ ချွေးတိတ်သွားအောင်ခဏစောင့်ရင်း ကလေးငယ်များလိုင်းပေါ်ရှိနေမလား ကြည့်လိုက်သည်။ ကိုယ်ကလိုင်းပေါ်တက်တာ ဘယ်လောက်မှမကြာလိုက် VCခေါ်လာသောကလေးငယ်ကြောင့် ပြုံးမိရသေးသည်။ ဒီကိစ္စကိုသားကိုပြောဖို့စဥ်းစားထားပေးမဲ့ သားကိုယ်တိုင်ရိပ်မိနေပြီမှန်း သိ၍အထူးဖွင့်ပြောမနေတော့။ နဖူးထက်စီးကျနေသောချွေးကိုသုတ်လိုက်ကာ မျက်နှာပြင်ကပေါ်လာတဲ့ ကလေးငယ်မျက်နှာကိုကြည့်လိုက်သည်။

"ခင်ဗျားကြီး လေ့ကျင့်ခန်းလုပ်နေတာလား? ဒီလောက်အေးနေတဲ့ဟာ... ဒါနဲ့ နေပါဦး အသကျကဖွငျ့၅၀ကြောျနပွေီ အဲ့ဒီကြွက်သားအဖုအထစ်တွေက ဘယ်ကောင်မလေးကြည့်ဖို့ထားထားတာလဲ... ရုတ်ရုတ်တော့မလုပ်နဲ့နော် အဖိုးကြီး.. သိပ်ကြည့်ရတာမဟုတ်ဘူး"

"အခုလောလောဆယ်တော့ ကလေးကဦးကိုကြည့်နေတာပဲလေ"

"လမ်းကြုံလို့ကြည့်တာ..."

စိုင်းခေးသက်သည် အနွေးထည်အပါးလေးတစ်ထည်ကိုဝတ်ထားပြီး ရာသီဥတုရဲ့အအေးဒဏ်ကြောင့် နှာသီးလေးမှာနီနေပြီပေ။ နှာတရှုံ့ရှုံ့ဖြစ်နေတော့ ကိုယ့်မှာစိတ်ပူရပါသည်။

"ကလေး.. ဆေးသောက်လေ နှာမွှန်နေတာ အအေးမိပြီထင်တယ်ကွာ... "

"ဆောင်းရာသီရောက်ရင် ဒီလိုဖြစ်နေကျ... ဘာမှပူမနေနဲ့.. ခင်ဗျားကြီးလည်း အင်္ကျီဝတ်တော့.. ကျွန်တော်သူငယ်ချင်းနဲ့စကားပြောလိုက်ဦးမယ်..."

Three Mind One Body (Ongoing) Where stories live. Discover now