Part-30 (U&Z)

141 17 2
                                    

Unicode

ပတ်ဝန်းကျင်တစ်ခုလုံးဟာ နှင်းတွေမြူတွေဆိုင်းနေသလိုရှိသည်။ ထိုအခြေအနေတွင် အမျိုးသားငယ်တစ်ဦးဟာ ခုံတန်းလေးတစ်ခုတွင်အိပ်ပျော်နေရာမှ သတိရလာကာထထိုင်လိုက်သည်။ ထိုသူဝတ်ထားသောအဖြူရောင်ဝတ်ရုံသည် ဝတ်ခဲ့ဖူးတုန်းကစိတ်မသက်မသာမဖြစ်ဘဲ လွတ်လွတ်လပ်လပ်ရှိလှသည်။

"ငါ ဘယ်ရောက်နေတာလဲ? ကလေးတွေရော"

ခိုနားရာသည် ဘေးဘီဝဲရာကိုကြည့်သော်လည်း မြူခိုးတွေကလွဲ၍အခြားသောအရာများမမြင်ရပေ။

"ခိုနားရာ.."

နာမည်ခေါ်သံကြားသောကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ ဘိုးဘေးLucanaဖြစ်သည်။ လိမ္မော်ရောင်ဆံနွယ်တွေကိုဖြာချထားပြီး မျက်ဝန်းစိမ်းတွေကခိုနားရာကိုကြည့်နေသည်။ ခိုနားရာအရိုအသေပေးလိုက်သည်။ ဒါLucanaရဲ့အသံကိုပထမဆုံးကြားဖူးခြင်းဖြစ်သည်။ ဘိုးဘေးLucanaရဲ့ဘေးမှာကလေးတွေရှိတတ်တာမို့ လိုက်ကြည့်သော်ငြားရှာမတွေ့ပေ။

"ဘာလိုက်ရှာနေတာလဲ?"

"ကလေးတွေ"

"မင်းအောင်မြင်စွာမွေးနိုင်ခဲ့ပြီလေ..."

"ကျွန်တော်သေသွားတာလား?"

"လာ.. ငါ့အနောက်လိုက်ခဲ့"

Lucanaသည်ရှေ့ကသွားနှင့်တာမို့ ရာလိုက်သွားလိုက်သည်။ မြူခိုတွေနည်းပါးသွားကာ သစ်ပင်ကြီးတွေကိုမြင်ရစပြုလာသည်။ နောက်တော့ ခိုနားရာရောက်သွားသောနေရာကBRISEMAမျိုးနွယ်ရဲ့ဘိုးဘေးတွေကိုတွေ့ရလေသည်။မဟာစံအိမ်က ပန်းချီကားများထဲမှလူတွေကိုတွေ့မြင်နေရပြီး Albertကိုလည်းတွေ့လိုက်ရသည်။

"မင်းကမသေပါဘူး... ဒီအတိုင်းမျောနေရုံပဲ.. မင်းဝိဉာဥ်ကိုမပို့ပေးရသေးတာက မင်းကိုတွေ့ချင်တဲ့သူရှိနေလို့ပါ..."

တွေ့ချင်သောသူကဘယ်သူများလဲဟုကြည့်လိုက်ချိန် မြင်ကွင်းထဲဝင်လာတဲ့သူက မောင့်ရဲ့အမေ။ မျက်ဝန်းစိမ်းတွေကမောင်အသွင်ပြောင်းစဥ်ကမျက်ဝန်းတွေနှင့်ထပ်တူညီသည်။ သာမန်လူတစ်ယောက်ကိုခြောက်ခြားနိုင်အောင်မျက်ဝန်းအကြည့်တွေကစူးရှလွန်းသည်။ သို့သော်ရွှန်းလဲ့လာသောမျက်ဝန်းထက်မျက်ရည်ဝေ့သီနေချိန်တော့ ရာသက်ပြင်းလေးသာချလိုက်သည်။ မောင့်အမေကတကယ့်ကိုမာနကြီးလောက်မယ်။ မေးချင်ပါသည်။ ကိုယ့်သားအရင်းကိုပစ်ထားရအောင် ဘာအကြောင်းပြချက်များရှိနေလိုက်မလဲ။ ရာ့ထံကိုတစ်လှမ်းချင်းလျှောက်လာကာ ရာ့ကိုဖက်လေသည်။ ရာလည်းထပ်တူပြန်ဖက်လိုက်ကာ မောင့်ကိုသတိရလာသည်။ မောင်လည်းဒီလိုနွေးထွေးမှုမျိုးလိုချင်ခဲ့ရှာမှာ။

Three Mind One Body (Ongoing) Where stories live. Discover now