ညအခါလသာသာ ၌ ပွဲပိုင်သူဌေး ကိုဘခက်ရဲ့ အနောက်ခြံဝန်း
အလုပ်သမားတန်းလျားထဲတွင်လူစည်နေပြန်၏။တစ်နေကုန်
တစ်နေခမ်း ထမ်းကျပိုးကျ၊ဝန်ချီဝန်ချ လုပ်ကျရှာတဲ့ အလုပ်
သမားတစ်စုမှာနားနေချိန်ရောက်ရင်တော့ ၊ကိုယ်တော်ရာပျော်
ရာဝါသနာဖြင့်ပျော်မွေ့ကုန်ကျသည်။ အသက်နှစ်ဆယ့်ငါးနှစ်ရှိ
ပြီဖြစ်သောကိုစိန်တင်မှာဘင်ဂျိုကိုကောင်းစွာတီးတတ်သည်။
အတီးကောင်းသလို သီချင်းဆိုရာ၌လည်း အရှိုက်အငင်အဆွဲ
ကောင်းလေရာ ကြားရသူတွေအဖို့ နားသောတဖြစ်ဖွယ်ပေတည်း။စိန်တင်ဝမ်းနည်းပက်လက်ဖြင့်တီးလေသမျှ အရက်သမား
ကြီးကျော်ငွေကို ဖျော်ဖြေနေသည်အလား။ အရက်လေးသောက်၊
အမြည်လေးစား၊ အောက်ခံ ထိုင်ခင်းပျဥ်ပြားပေါ်လက်နဲ့တောက်
ရင်း စည်းဝါး လိုက်ကာ ညည်း၏။ မသောက်တတ်မစားတတ်တဲ့ လူလိမ္မာအေးဇော်တို့ကျ..အုပ်စုဖွဲ စကားကောင်းကာ မတင်စိန်
ဆေးပေါ့လိပ်ကြီးတစ်ခဲခဲ။တစ်ယောက်တစ်နယ်စီ၊တစ်ရွာတစ်ကျေးက ဆိုသော်ငြားအလုပ်ခွင်ထဲမှာတော့ဖြင့် ညီအစ်ကိုအရင်း
ပမာအချင်းချင်းစည်းစည်းလုံးလုံးရှိကျသည်။အလုပ်သမားလေးသာဒင်မှာသူ့အရီးလေးထည့်ပိုးပေးလိုက်တဲ့ ပဲကြီးလှော်ခြမ်းကြီးတွေအား၊ ကြက်သွန်နီပါးပါးလှီးထည့်၊ဆီရွှဲရွှဲစမ်းကာ နယ်ဖက်သုပ်လိုက်၏။ထို့နောက် ပန်းကန်ပြားတစ်ချပ်တွင်စို့စို့ပို့ပို့ထည့်ကာလူစည်သောမြေကွက်လပ်သို့ထွက်လာခဲ့လိုက်
သည်။စကားပြောကောင်းတဲ့အေးဇော်တို့ဘေး ပဲကြီးလှော်သုပ်လေးချလိုက်ရင်း..."ဟေ့လူ...ကိုစိန်တင် သီချင်းပဲဆို ၊ ဘင်ဂျိုပဲတီးမနေနဲ့၊အပေါ်က
ဆိုသလို အောက်ကဘူကနဲလေလည်အောင်ပဲကြီးလှော်
သုပ်လေးလာစား...လာ"သာဒင် အခေါ်ရှိသဖြင့်အနုပညာသမားကိုစိန်တင်မှာလက်ထဲက
ဘင်ဂျိုလေးအားချကာ ဝိုင်းနားကပ်ထိုင်လိုက်သည်။သူတို့အား
လုံးကတောသူတောင်သားတွေမို့ အကြိုက်လည်းတူလှပ။ သင်ဖြူး
ဖျာအခင်းလုပ်ထိုင်၊ ညလေတဖြူးဖြူး၌ ဆေးပြင်းလိပ်လေးခဲ၊
ပဲကြီးလှော်သုပ်လေးစား၊အဖန်ရည်လေးထိုင်သောက်နဲ့...ကောင်း
လိုက်တဲ့စည်းစိမ်။စကြဝတေးမင်းစည်းစိမ်နဲ့တောင်မလဲနိုင်ပေါင်။
အရက်သမားကျော်ငွေက ပဲကြီးလှော်သုပ်ကိုတစ်ဇွန်းခပ်စား
လိုက်ကာ
YOU ARE READING
ရင်ငြိမ်းခက်ဝေ
Romanceရင်ထဲအသဲထဲထိ စွဲရစ်ငြိတွယ်စေသောငြိမ်း (ကိုဘီအေ ဖတ်ပြီးမှ ဒါလေးဆက်ဖတ်ကျပါနော်)