လက်လွှတ်ပေးမလားဆိုရင်တော့..
နိုးပါ အဲ့ဒီ့အစားဖျက်ဆီးပစ်လိုက်မယ်
ဒီလိုဆို ဘယ်သူမှ မပိုင်ရတော့ဘူးလေ🍁🍁🍁
အရပ်တော်တော်ရှည်မည်..တင်းနေအောင်ဖက်ထားလို့ ရုန်းမရ...အခုမှ နှာခေါင်းထဲ၀င်လာတဲ့ ကိုယ်သင်းရနံ့ကြောင့် အံ့ဩ သွားရသည်မို့ မဟုတ်မှ.....လှည့်ကြည့်လို့ မရတာကြောင့်
ဂါအူးလ် - " ၀န်းယောင်းလား.." ဆိုမှ လွှတ်ပေးပြီး ပုခုံးကိုဆွဲလှည့်ကာ
၀န်းယောင်း - " Surprise....လန့်သွားဖို့မရည်ရွယ်ပါဘူး...မ လန့်သွားရင်တောင်းပန်ပါတယ် " ခုမှ ရောက်တယ် တောင်းပန်တာကစပြီ။
ဂါအူးလ် - " ဘယ်နေ့ကတည်းက ကိုရီးယားကိုရောက်နေတာလဲ...ဖုန်းတောင်ကြိုမဆက်ဘူး လာကြိုလို့ရတဲ့ဟာကို...ညီမ liz ကရောဘယ်မှာလဲ "
၀န်ယောင်း - " အော်..မရယ် surprise တိုက်မလို့ပါဆို ဘယ်လိုကြိုဖုန်းဆက်ရမလဲ... ပြီးတော့မနက်ကမှ ရောက်တာပါ....အဲ့ဒီ liz ကတော့ လေယာဥ်ပေါ်က ဆင်းဆင်းချင်းပဲ.. သူ့ကိုငှားတဲ့ကျောင်းကို သွားရအုံးမယ်ဆိုပြီး ယောင်းကို တက္ကစီငှားပေးပြီး... သူကတော့ တခြားတက္ကစီနဲ့သွားခဲ့တယ်လေ " ညီမ liz ကတော့ ဘာတွေများလောနေလဲမသိပါ ။
ဂါအူးလ် - " ယောင်းကဘယ်မှာ တည်းဖို့စီစဥ်ထားလဲ ..."
၀န်းယောင်း - " မ ရဲ့ရင်ခွင်ထဲမှာ တည်းဖို့ booking လုပ်ထားတယ် "
ဂါအူးလ် - " အကောင်းမေးနေတာကို မဖောက်လာပါနဲ့.. ၀န်းယောင်း" ဆိုတော့ သူက သက်ပြင်းတချက်ချပြီး
၀န်းယောင်း - " ဒီရက်ပိုင်းက Christmas နဲ့နီးပြီဆိုတော့... ဘယ်hotel မှ booking လုပ်လို့မရဘူး မ....ဒါပေမဲ့ ယောင်းလိုက်ရှာကြည့်အုံးမှာပါ ကိုယ်တိုင်သွားပြီးတော့လေ.."
ဂါအူးလ် - " မင်းဒီကိုမရောက်တာ ၁၀ နှစ်ရှိနေပြီိကို... လျှောက်ရှာမနေပါနဲ့တော့....မ အိမ်မှာပဲ တည်းလိုက်ပါ...liz ကိုလည်း ဖုန်းဆက်ပြီး ပြောလိုက်အုံး...သူပါယောင်လည်လည် ဖြစ်နေမယ် "
၀န်းယောင်း - " ဟုတ်...ခနနေ ဆက်လိုက်မယ် မ...ယောင်းက တက္ကစီစီးလာတာ ဆိုတော့.. မ အိမ်ကို မရဲ့ကားနဲ့လိုက်ခဲ့လို့မရဘူးလား "
ဂါအူးလ် - " မင်းမပြောလဲ ခေါ်တော့မလို့ပါပဲ...တက်" မတက်ဘဲ ကိုယ့်ကိုကြည့်နေလို့ ဂါအူးလ် အရင်ကားပေါ်တက်ခဲ့လိုက်သည်။
YOU ARE READING
Either way
Romansဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin