Either way ( Part - 9 )

29 2 0
                                    

       လူတွေက...
       သူတို့ရဲ့ အချစ်ဦးနဲ့
       သွင်ပြင်မတူရင်တောင်မှ အနည်းဆုံး
       စိတ်နေစိတ်ထားတူတဲ့ သူတွေကိုပဲ
       ထပ်ချစ်လေ့ရှိကြသတဲ့....
       ဒါဆိုရင်တော့.....ကျမက
       ကံကောင်းတယ်လို့ပဲ​ပြောရမလား..
       ကျမ..အသက်ရှုနေစဥ်ချစ်မိခဲ့တဲ့...
       အချစ်ဦးက ကျမအသက်ရှုရပ်သွားတဲ့
       အချိန်ထိ ..တစ်ယောက်တည်းပဲ
       ဖြစ်နေခဲ့တာကြောင့်မလို့...
       ကျမအတွက်တော့..ထာ၀ရ..
       အချစ်ဦးပါပဲ......

  🍁🍁🍁

                ရဲအီ ကျောင်းကနေအိမ်ပြန်ရောက်တော့ ခါတိုင်းလိုပဲ အိမ်ကြီးဟာ တိတ်ဆိတ်စွာနဲ့ ခြောက်ကပ်လို့ ။ ဒီနေ့လိုနေ့မျိုးက သူများတွေအတွက်ဆိုရင် ဘယ်လိုခံစားရလည်း မသိပေမဲ့ ရဲအီ အတွက်တော့ အရင်တုန်းကရောအခုရောမွေးနေ့ဆိုတာ သာမာန်နေ့တစ်နေ့ထက်မပိုခဲ့ပါဘူး...ရဲအီပြောတဲ့သာမာန်နေ့ဆိုတာ ကိုယ်လက်သန့်စင် ညစာစားပြီး အိမ်စာလုပ် ပြီးပြီဆိုရင်တော့ ဖတ်လက်စ စာအုပ်လေးကို ကော်ဖီခါးခါးလေးနဲ့ မအိပ်ငိုက်မချင်းဖတ် မနက်မိုးလင်းရင်တော့ကျောင်းသွား...အဲ့လိုသာမာန်နေ့ကို ပြောတာပါ ။ ဒီဘ၀လေးက မပူလောင်ရဘူးလို့ပဲ ရဲအီထင်မိပါသည် ။ကိုယ့်ဘ၀ထဲကို ဘယ်သူမှ ၀င်လာစရာလဲမလိုသလို ကိုယ့်ဘ၀ထဲက ထွက်သွားစရာလဲမလိုဘူး မဟုတ်လား ။
                  အိမ်အကူ အဒေါ်ကြီးက ခွင့်ယူထားသည်ဆိုတော့ ပိုတိတ်ဆိတ်နေသယောင် ခွင့်ဆိုတာ ရဲအီပဲသိတာပါ အဖေ့ကိုတော့မပြောတော့ပါဘူး လွတ်လွတ်လပ်လပ် ၁ယောက်တည်းနေချင်လို့ပါ။ ဒါရိုင်ဘာ ဦးလေးကြီးကတော့ သူ့အိမ်မှာသူနေကာ သူ့တာ၀န်ကတော့ကျောင်းပို့ကျောင်းကြိုခြင်းသာဖြစ်သည် ။
   🎶 Either way I'm good......
         Ooh..ooh..ooh..ooh..ooh 🎶
          စာအုပ်ထဲ စိတ်ရောက်နေတုန်းဖုန်း၀င်လာတော့ လန့်ကာစာအုပ်လွတ်ကျသွားရသည် ။ ပြုတ်ကျသွားသည့် စာအုပ်ကိုပြန်ကောက်ကာ ဖုန်းရှိရာကို ခပ်သွက်သွက်သွားလိုက်ပြီး
           Rei - " ရော်ဘိုဆယ်ယော် ...."
           Liz - " နဲ..နာအိုရီလားမသိဘူး "
           Rei - " ဟုတ်ကဲ့ နာအိုရီ ရဲအီပါ "
           Liz - " တို့ပါ.." ရဲအီ အသိထဲ"တို့" ဆိုတာမရှိတာကြောင့်မလို့။
           Rei - "  တို့ ဆိုတာ ဘယ်သူများလဲမသိဘူး တောင်းပန်ပါတယ် " ရဲအီ ဖုန်းချခါနီး
           Liz - " hey hey ဖုန်းမချပါနဲ့အုံး တို့က Liz ပါ " ဒီနာမည်ကိုကြားဖူးသလိုပဲ ပြီးတော့ နွေးထွေးသလိုခံစားရတဲ့ဒီအသံ ။ ရဲအီ တိတ်ဆိတ်နေတာကြောင့်
           Liz - " အသစ်ပြောင်းလာတဲ့ ဂီတ ဆရာမလေ "
           Rei - " ကျမ ဖုန်းနံပါတ်ကို ဘယ်လိုသိတာလဲ "
           Liz - " မင်းရဲ့ သူငယ်ချင်းနဲ့ ကျောင်းဆင်းတော့ စကားပြောဖြစ်သေးတယ်....သူပြောတာ မင်းကအရင်ပြန်သွားတယ်ဆိုလို့ နေမကောင်းဘူးလားမသိဘူးလို့ပြောတော့... အမဖုန်းဆက်ပြီးမေးကြည့်လိုက်ပါလား လီဆိုးသူ့ဖုန်းနံပါတ်ပေးမယ်လေ ဆိုပြီးသိလာတာ " လီဆိုးပြောလိုက်တာ ထိုတစ်ခုတည်း မဟုတ်သည်ကိုတော့ liz ပဲသိပါလိမ့်မည်။
        ရဲအီ လီဆိုးအားစိတ်ထဲမှ ကျိန်လိုက်မိပါသည် ။

Either wayWhere stories live. Discover now