Either way ( part - 18 )

47 2 3
                                    

right person...right time
ဆိုရင်... ဇာတ်လမ်းအဆုံးမှာ
ပေါင်းဖက်ရမယ်... ထင်ခဲ့ပေမဲ့လည်း
wrong reason ဆိုတာကြောင့်...
ငါတို့လွဲခဲ့ကြပြန်တယ်နော်

🍁🍁🍁

ညနေခင်းလေးတစ်ခုမှာ...sakuraခွေးလေးနဲ့ လမ်းလျှေက်ထွက်ဖြစ်သည်။ နေ့တိုင်းနီးပါး လိုလိုပါပဲ...အမက ဂျပန်မပြန်ခင်သူ့ခွေးလေးကို သေချာဂရုစိုက်ဖို့ ကူရာ့ကိုမှာသွားသောကြောင့် ကလေးတယောက်မွေးထားသလိုကို ဂရုစိုက်ပေးနေရပါသည်။ ကယ်လီဖိုးနီးယားကို ရောက်တာ လပိုင်းပဲရှိသေးတဲ့ ကူရာ့အတွက် ခွေးလေးနဲ့ ညနေတိုင်းလမ်းလျှောက်ကာ ရှုခင်းအသစ်တွေကြည့်ရတာကို နှစ်သက်လာမိသည်။

ဒီနေ့ မသွားဖြစ်သေးတဲ့ လမ်းဘက်ကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်မိသည်။ ရှုခင်းတွေ...... စတိုးဆိုင်တွေ...... လူတွေကိုကြည့်နေရင်း.....တစ်နေရာ အရောက်မှာတော့ ကူရာ့ခြေအစုံ ရပ်တန့်မိသွားသည်။ အရပ်ရှည်ရှည် သာမာန် မိန်းကလေးတစ်ယောက်ပဲ ဆိုပေမဲ့ ကူရာ့အတွက်တော့...အိမ်ရှေ့က အပင်လေးတွေကို ရေလောင်းနေတဲ့သူဟာ ကူရာ့ဘဝမှာ အလှဆုံးပန်းချီကားတစ်ချပ်......
လက်ထဲကကြိုးလေးက တင်းသွားကာ ဆက်သွားချင်နေကြောင်းပြောလာတဲ့ ခွေလေးကြောင့်သာ အသိစိတ်ပြန်ကပ်လာမိပြီး ထိုအိမ်လေးနဲ့ ထိုကောင်မလေးရှေ့က ကူရာပျောက်သွားမိတော့သည်။

ကူရာ့ မသိစိတ်က သဘောကျလာမိပြီ နေ့တိုင်းလိုလို ထိုအိမ်ရှေ့မှာ ခွေးလေးနဲ့ ရစ်သီရစ်သီလုပ်နေရတာကိုလေ။ ထိုကောင်မလေးရဲ့ အရိပ်ကိုဖြစ်ဖြစ်...ဆံပင်ရွှေဝါရောင် ကောင်မလေး (liz ခရမ်းရောင်မဆိုးခင်) ကို ဖြစ်ဖြစ်မြင်လိုက်ရရင် မသိချင်ယောင်ဆောင်ကာ ကျော်သွားရတာကလည်း မသိစိတ်ရဲ့ စေခိုင်းချက်သာ.......

>>>>>>>>>>>>
ကူရာကျောင်းတက်တာတောင် 2လရှိတော့မည်။ ကျောင်းသူတွေ ပါးစပ်ဖျားမှာ အပုပ်ချနေတဲ့ မာနတခွဲသားနဲ့ ကျောင်းရဲ့ queen ဆိုတာကို ခုထိမမြင်ဖူးသေးပါ။

>>>>>>>>>>>>

ဒီနေ့ညနေတော့ ကူရာထိုကောင်မလေးကို မမြင်ရတာ ရက်အတော်ကြာနေပြီမလို့ အရမ်းလောနေကာ ခွေးလေးတောင် မခေါ်လာခဲ့မိပေ။ ခွေးလေးအစား ထိုအသက်ဝင်နေတဲ့ ပန်းချီကားလေးကို ဘောင်ခတ်နိုင်မယ့် ကင်မရာလေးကိုသာ ယူလာခဲ့မိသည်။ ကူရာ လာရကျိုး နပ်သွားကြောင်းကို အိမ်ရှေ့မှာ ဒန်းလေးကို အသာလွှဲထိုင်ရင်း စာဖတ်နေတဲ့ သူကပြောပါသည်။ ထိုအလှဆုံး ပန်းချီကားလေးကို ကူရာလည်းအချိန်မဆွဲတော့ဘဲ ကင်မရာလေးထုတ်ကာ ဘောင်ခတ်လိုက်မိတော့သည်။

Either wayWhere stories live. Discover now