ခွဲခွာခြင်း လို့အမည်ရတဲ့လူဟာ
တွေ့ဆုံခြင်း ဆိုတဲ့လူမရှိရင်
သူ့ဘ၀က အဓိပ္ပာယ်မဲ့သွားတာ
သင် လက်ခံပါသလား...🍁🍁🍁( အပေါ်ကပုံက ယူဂျင်းပါနော် မသိသူများအတွက်သာ )
Rei - " အွန်နီး ..."
Yujin - " အယ်... Rei .." yujin က မတ်ရပ်ရင်းအံ့ဩနေသည်။ လီဆိုးလိုက်မမှီတော့ပါ။
Leeseo - " ၂ယောက်သားသိနေတာလား " ဆိုမှ ယူဂျင်းက ခေါင်းညိတ်ကာ ၀င်ထိုင်ပြီး
Yujin - " အမ ဂျပန်ကို သွားတုန်းက...........
(Flashback - 2 <<<<<<<)yujin ဒီနေ့ korea ကိုမပြန်ခင်လေး ပန်းချီပြခန်းတခုကို ၀င်ကြည့်ချင်သေးသည်။ ပန်းချီဆိုတာ ယူဂျင်းဘ၀ရဲ့ တစိတ်တပိုင်းပဲလေ။ ပြခန်းထဲကို ၀င်လိုက်တာနဲ့ တိတ်ဆိတ်မှုနဲ့ ပန်းချီပြခန်းမှာပဲ ရတတ်တဲ့ ရနံ့မျိုးကို ရလိုက်သည်။ ကိုယ်စိတ်၀င်စားတဲ့ ပန်းချီကားရှေ့မှာ ရပ်ရင်းအဓိပ္ပာယ်ဖော်ကြည့်နေမိသည်။ "ဒီပန်းချီကားက လှောင်ပိတ်ခံထားရာက လွတ်မြောက်ချင်နေတဲ့ လူတယောက်နဲ့တူတယ်နော် " ယူဂျင်း လှည့်ကြည့်လိုက်တော့ ယူဂျင်းထက်နဲနဲပဲ ပုတဲ့ bang လေးနဲ့ ကောင်မလေး
Yujin - " မင်းလည်းအဲ့လို ခံစားရလား"
Rei - " အွန်း ပြီးတော့ မွန်းကြပ်တယ်"
ယူဂျင်းတော့ သူပြောမှ မွန်းကြပ်တာတော့ မခံစားရ ဘေးမှာ အိပ်ပျော်ပီး ဟောက်နေတဲ့ ပြတိုက်အစောင့် ရဲ့ဟောက်သံတော့ကြားရသည်။ ယူဂျင်းတို့ ကြည့်နေတုန်းမှာပင် ထိုပန်းချီကားက ချိတ်ထားတာ မခိုင်ဘူးထင်ရဲ့ အောက်ကို ပြုတ်ကျကာ မှန်ဘောင်တွေကွဲ သွားသည်။ ယူဂျင်းတို့လည်း နောက်ကိုပြိုင်တူဆုတ်မိသွားတယ်။
အစောင့် - " ဟိတ် မင်းတို့ ၂ ယောက်ဘယ်လို လုပ်လိုက်တာလဲ"
Yujin - " ညီမရေ ပြေး.."ဆိုကာ Rei လက်ကို ဆွဲကာ ပြေးရတော့သည်။ ရဲအီလဲ ကြောင်တောင်တောင်နဲ့ နောက်ကလိုက်ရသည်။ အစောင့် က ဗိုက်ရွဲတော့ ဟောဟဲ ဆိုက်ကာ ကျန်ခဲ့သည်။ အတော်၀ေး၀ေးရောက်မှ yujin ကလက်လွှတ်ပြီး
Yujin - " အမလေး တော်သေးတယ်"
Rei - " အမ ဘာလို့ ပြေးတာလဲ ပြခန်းထဲမှာ CCTV တွေရှိတာ ရှင်းပြပီးစစ်ကြည့်ခိုင်းလို့ရတာပဲကို" ယူဂျင်းက သူ့ဆံပင်မတိုမရှည်တွေကို နောက်ကိုတချက်လှန်ပစ်လိုက်ပြီး
Yujin - " ဟုတ်သား မစဥ်းစားမိလိုက်ဘူး ရုတ်တရက်ဆိုတော့ အမှုပတ်မယ်ထင်သွားတာ"
Yujin- " မေ့နေတာ အမနာမည် ann yujin ပါ korea ကပါ"
Rei - " naoi rei ပါ rei လို့ခေါ်လို့ရပါတယ်"
Yujin - " ကောင်းပြီ ရဲအီ အမတို့ ပြေးဖော်ပြေးဖက်ဖြစ်တဲ့ အနေနဲ့ ဆိုင်တဆိုင်မှာ တခုခုစားရအောင် အမရှင်းမယ်" ဆိုတော့ ရဲအီက နာရီတချက်ကြည့်ကာ
Rei -" အမ ရဲအီ အားနာပါတယ် ရဲအီ ပြန်ရတော့မယ် ခုလောက်ဆို လိုက်ရှာနေလောက်ပီမလို့ ပြန်မှရတော့မှာ အိမ်ကခိုးထွက်ခဲ့တာမလို့လေ" ခုမ ယူဂျင်းသူပြောတဲ့ မွန်းကြပ်တယ် ဆိုတာကို နားလည်သယောင်ရှိသွားတယ်။
Yujin - " အေးပါကွာ ဒါဆိုလည််း ကိုရီးယားကိုလာလည်ပါအုံး ဟုတ်ပြီလား "
Rei - "ဟုတ်ကဲ့ ညီမကတိတော့ မပေးနိုင်ပေမဲ့ လာဖြစ်အောင်ကြိုးစားပါ့မယ် အမyujin ခွင့်ပြုပါအုံး" ဆိုပြီးTaxi ငှားစီးကာ ပြန်သွားသည်။ ဒီကလေး ရင့်ကျက်တယ်လို့ကောက်ချက်ချမိတယ်။ ယူဂျင်းလည်းနာရီကြည့်လိုက်တော့ လေယာဥ်ချိန်သိပ်မလိုတော့ပေ။ ကိုယ့်ဆိုင်လေးကို လည်းအကြာကြီးပစ်ထားလို့မဖြစ်ဘူးမလား။
YOU ARE READING
Either way
Romansaဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin