Either way ( Part - 10 )

29 2 0
                                    

       ကောင်းကင်းကြီးမှာ  ကြယ်လေးတွေ များလာတာကိုပဲ လက်ခံပြီး...မရေးဘဲ မနေနိုင်တဲ့ ကျမပဲ လက်လျှော့လိုက်ပါတယ်......
                         ရက်စက်သော ဒါဒါများဆီသို့

           ရှင်တို့သိလား ....
           သိပ်ရယ်စရာကောင်းတဲ့ အချက်က 
           သူက အကြားအမြင်ကောင်းတဲ့
           လူဆိုပေမဲ့....ကျမရဲ့
           အချစ်တွေအတွက်တော့
           မျက်မမြင်တစ်ယောက်ဖြစ်နေလေရဲ့
           နားတော့ ကြားချင်ကြားမှာပေါ့လေ...
           တမင်သူ့နားတွေကိုပိတ်ထားသလားမှ
           မသိတာ....

🍁🍁🍁

        ဒီနေ့မနက်တော့ ယူဂျင်းရဲ့ ကော်ဖီဆိုင်ကို လီဆိုးမလာပါ ။ အမေနေမကောင်းလို့ဆိုပြီး ခွင့်၁ရက်ယူထားသည် ။ လီဆိုးအဖေက ငယ်ငယ်လေးကတည်းက လီဆိုးတို့ကိုထားသွားတာဟု လီဆိုးပြောပြဖူးသည် ။
  ကလင် * ကလင် *
         ယူဂျင်း - " ကြိုဆိုပါတယ်...ဘာများသုံးဆောင်ချင်ပါသလဲ "
         ၀န်းယောင်း - " ....ice Americano တခွက်နဲ့ sandwichတစ်ခုပဲပေးပါ "  ယူဂျင်းမှတ်မိသွားသည်။ ဟိုတခါက english လိုပြောကာ sandwich ၂ခုမှာသွားသောကောင်မလေး ဒီတစ်ခေါက်တော့ ကိုရီးယားလိုသာ ပြောနေခြင်းဖြစ်သည်။
           ယူဂျင်း - " ခနစောင့်ပါနော် " ဆိုတာကိုတောင်နားမထောင်ပဲ သွားထိုင်နေသည် ။ သူပုံစံက နည်းနည်းတော့ရိုင်းချင်သလိုလို ဒါပေမဲ့လည်း ဘာပဲပြောပြော customer မဟုတ်လား ။ သူ့မှာထားတာတွေသွားချပေးတော့
          ၀န်းယောင်း - " စားလို့ကောင်းတယ် "
                 ယူဂျင်း - " ရှင် "
           ၀န်းယောင်း - " ကျမပြောတာကိုနားမလည်တာလား...ရှင့်ရဲ့ဆိုင်က sandwich ကစားလို့ကောင်းတယ် " အရင်းမရှိ အဖျားမရှိကို သူကပဲပြောသေးတယ် ယူဂျင်းကပဲအငေါက်ခံရတယ် ။
                  ယူဂျင်း - " မင်းကအရင်းမရှိ အဖျားမရှိကို...ဘာပဲပြောပြောcustomer ကကောင်းတယ်ဆိုတော့လည်း...ငါကလဲ မင်းကိုကျေးဇူးတင်ပါတယ် " သူ့ကိုပြောခဲ့ကာ ကောင်တာမှာသာလာထိုင်နေလိုက်သည်။ ဒီလို ဂွတိဂွကျ customer က ခပ်ရှားရှားရယ်ပါ ။ customer နောက်တစ်ယောက်၀င်လာသည်မို့ မတ်တပ်ရပ်ကာ ပြုံးလိုက်ပြီး
                   ယူဂျင်း - " ဘာများသုံးဆောင်ချင်ပါသလဲ "
                      Boy  - " ကျနော်...menu ကြည့်လို့ရမလား.. "
                   ယူဂျင်း - " ရပါတယ်...စားပွဲတခုစီတိုင်းမှာ menu စာအုပ်တစ်ခုစီ ရှိပြီးသားမလို့..ကြိုက်တဲ့နေရာမှာထိုင်ပြီးmenuကြည့်နိုင်ပါတယ်.." ထိုကောင်လေးက ပြုံးပြကာ
                      Boy  - " ကျေးဇူးပါဗျ " ယူဂျင်းလည်း ခေါင်းညိတ်ပြလိုက်သည် ။ ဘာရယ်မဟုတ် သွားခဲ့တဲ့သူ့ကျောပြင်ကိုလိုက်ငေးရင်း ဟိုဂွကျကျ ကောင်မလေးက ကိုယ့်ကို လှမ်းကြည့်နေတာတွေ့လိုက်ရသည် ။ ယူဂျင်းလည်းအကြည့် သူကတခြားဘက်ကို ချက်ချင်းအကြည့်လွှဲပစ်လိုက်သည်။ ယူဂျင်းလည်း စာအုပ်တစ်အုပ်ယူကာ ကောက်ဖတ်နေလိုက်တယ်။ စာဖတ်နေရင်း တစ်ယောက်ယောက် လှမ်းကြည့်နေသလိုခံစားရလို့ ဟိုကောင်မလေးဘက်ကို လှည့်ကြည့်တော့ ကိုယ့်ကိုကြည့်နေတာနဲ့ကိုတန်းတိုးပါတော့သည် ။ အဲ့တော့မှ သူက ထလာပြီး
             ၀န်းယောင်း - " ကျမ ပိုက်ဆံရင်းမလို့ ရှင့်ကိုလှမ်းကြည့်တာ....ရှင်ကရောက်မလာတော့..." သူကစကားပြောနေရင်း ပြထားတဲ့ကိတ်လေးတွေကိုကြည့်နေသည်။ စကားကိုတို့လို့တန်းလန်းဖြတ်ကာ
             ၀န်းယောင်း - " ဒီ ချောကလက်ကိတ်လေးက လှလိုက်တာ " တော်တော်လေးသဘောကျနေဟန်နဲ့ပါ။
                ယူဂျင်း   - " အဲ့တာ အမလုပ်ထားတာ..မင်း၀ယ်မှာလား " သူကကိတ်ရှိကနေ အကြည့်မခွာပဲ ။
              ၀န်းယောင်း - " အွန်း...ကျမကို ၂ခုလောက် ပါဆယ်ထုတ်ပေးပါ " သေချာကြည့်တော့ သူ့ရဲ့ ရှေ့သွား၂ချောင်းကကြီးနေပြီး အပေါ်နှုတ်ခမ်းကနဲနဲတိုနေတော့ စကားပြောရင်ပိုသိသာသည် ။ ခြုံငုံကြည့်ရင် ယုန်မျက်နှာပါ ။  ပါဆယ်မြန်မြန်ထုတ်ပေးလိုက်ပြီး
                 ယူဂျင်း - " မင်းရဲ့ ပါဆယ်ရပြီ "ယူဂျင်း လေသံနဲနဲ မာသွားသည်။ သူက ပါဆယ်ကိုယူပြီး ပိုက်ဆံကို စားပွဲပေါ်တင်ရင်း
          ၀န်းယောင်း - " ရှင်ကဒီလိုလား...ယောက်ကျားမိန်းမခွဲခြားတတ်သူကြီးပေါ့...ထင်တောင်မထင်ထားဘူး " ယူဂျင်း ဒေါသတွေထောင်းကနဲ ထွက်သွားရသည်။ ဒီကောင်မလေး ဘာဖြစ်ချင်နေတာလဲ။
                 ယူဂျင်း - "ဘာ...မင်းဘာကိုဆိုလိုချင်တာလဲ..."
         ၀န်းယောင်း - " မသိဘူးလေ..ကျမမြင်တာတော့ ကျမကိုကျ ကောင်းကောင်းမပြောပဲ....ကောင်လေးတွေလာရင်တော့...အရမ်းများချိုသာနေသလားလို့ " ယူဂျင်းစိတ်ကို အတတ်နိုင်ဆုံးလျှော့ရလေသည်။
                ယူဂျင်း - " ဒီမှာ...အမက customer  တွေကို customer လိုပဲဆက်ဆံတယ်...တချို့ customer စာရင်းမ၀င်တဲ့သူတွေကိုတော့....သူတို့တုံ့ပြန်တဲ့အတိုင်းပဲ ပြန်တုံ့ပြန်တတ်တယ် " ထိုကောင်မလေးက တောက် ခေါက်ကာထွက်သွားလေသည် ။
        ယူဂျင်း လေသံနဲနဲမာသွားတော့ကိုယ့်အမှားပါတာသိပါတယ် ။ ဒါပေမဲ့လည်း သူကဘာလို့ ရွဲ့ကာချိတ်ကာလာပြောနေရတာလဲ ။
စိတ်မငြိမ်တော့ပါယူဂျင်းရဲ့ စိတ်တွေ ကယောင်ချောက်ခြားဖြစ်လာပြန်ပြီမို့ အိတ်ထဲက ဆေးဗူးလေးကိုဖွင့်ကာ အမြန်သောက်လိုက်ရသည် ။

Either wayWhere stories live. Discover now