Either way ( Part - 12 )

23 2 0
                                    

             ကျွန်မသာ စကားပြောတတ်တဲ့...
             အဖြူရောင်ပိတ်ကားလေး
             တစ်ချပ်ဖြစ်ခဲ့မယ်ဆိုရင်...
             ကံကြမ္မာဆိုတဲ့ ပန်းချီဆရာကို
             ကျွန်မအပေါ်မှာ အရောင်မဆိုးဖို့
             တောင်းဆိုချင်ပါတယ်....
     
             တကယ်တော့ liz ကအတွဲတွေကို အဆင်ပြေစေချင်လို့ ၂ယောက်တစ်တွဲ သွားမယ်ပြောလိုက်ရခြင်းသာ..liz ကမ္ဘာပေါ်မှာ အကြောက်ဆုံးက သရဲပါ ။ ဘေးက ဂျပန်မလေးကတော့ စ၀င်လာကတည်းက အခုချိန်ထိ တည်တည်ငြိမ်ငြိမ်ပင် ၊ ကိုယ့်မှာသာ ဟိုဟာလေးမြင်လည်းအား... ဒီဟာလေးကြားလည်း အွန်မား... ဖြစ်နေရတာ
             Liz - " အဟမ်း " ဟုတ်တယ် ကိုယ်ကဆရာမလေ ကျောင်းသူရေ့မှာ သိပ်ကြောက်နေလို့မဖြစ်ဘူးမလား ။
             Liz - " အား....." ထွက်ပေါက်ကို လှမ်းမြင်ရလို့၀မ်းသာသွားတုန်း ခေါင်းပေါ်ကျလာတဲ့ မည်းမည်းကြီးကြောင့် ငယ်သံပါအောင် အော်မိသွားသည် ။ ကျိန်းသေမျက်လုံးပါမှိတ်လိုက်တာပေါ့ ၊ တခုခု ထူးဆန်းနေလို့ မျက်လုံးဖွင့်ကြည့်တော့...ဂျပန်မလေးက ဖက်ထားပြီး ကိုယ့်ကိုစိုက်ကြည့်နေသည်။ မဟုတ်သေးပါဘူး...ကိုယ်နဲ့သူနဲ့ ခုနက အ၀ေးကြီးမှာပါ ။
           Rei - " ဆရာမ အကြောက်ပြေသွားပြီလား "  ခုမှ သတိ၀င်လာလို့ နောက်ဆုတ်ပေးလိုက်မိသည်။ သူ့ခေါ်လိုက်တဲ့ နာမ်စားအသစ်ကြောင့်လည်းပါတာပေါ့လေ။
          Liz - " ဟုတ်..အော် အင်းလို့ပြောတာ " သူအမှတ်မမှားရင် ပြုံးခဲတဲ့ဂျပန်မလေးက ပြုံးနေသလားလို့ ။ အပြင်ရောက်မှပဲ အောက်ဆီဂျင်ကို တ၀ကြီးရှုပစ်လိုက်တော့...ဘေးက ဂျပန်မလေးက ရယ်ချင်တာကိုအောင့်ထားပြီးခုမှ ရယ်ရတဲ့ရယ်သံနဲ့ ထရယ်လေသည် ။ ဟောတော်....
            Liz - " အင်းပေါ့လေ...ကိုယ်ချင်းမစာတတ်တဲ့သူကတော့ ရယ်ထားပေါ့ " သူကမျက်နှာပိုးသတ်လိုက်ပြီး
            Rei - " မဟုတ်ပါဘူး...အမှန်တော့ အဲ့ထဲက ရဲအီသွားဖူးသမျထဲမှာ..ကြောက်ဖို့အကောင်းဆုံးပဲ...ကျမကသိပ်မကြောက်တတ်လို့ ဆရာမရယ် ..." ခေါ်ပြန်ပြီ ။
           Rei - " နောက်တစ်ခေါက်သွားဖြစ်ရင်တော့...အဲ့ချိန်ကျ ကျမ ကြောက်နေလောက်မလားနော်...ဆရာမနဲ့အတူတူလေ " သူစကားတွေက ကိုယ့်ကိုတစ်မျိုးကြီးခံစားရစေကာ လိုရာဆွဲပြီးမတွေးချင်တာကြောင့် အ၀ေးကိုလှမ်းကြည့်တော့ မမတို့နဲ့ ၀န်နီအွန်နီးတို့ ဆိုင်တစ်ဆိုင်မှာထိုင်နေကာ အမယူဂျင်းကလက်လှမ်းပြနေလို့ Liz လည်းလက်ပြန်ပြပြီး
           Liz - " လာသွားရအောင်... နာအိုရီ "

Either wayWhere stories live. Discover now