Either way ( Part - 11 )

26 2 0
                                    

              ငါက ချစ်မိမှာကြောက်တော့..
              မင်းရှိကနေ ထွက်ပြေးချင်မိတယ်
              ငါ့ကို ပြေးခွင့်ပေးမယ်မလား....

🍁🍁🍁

             ရဲအီလည်း အမliz ကိုဖုန်းဆက်ပြီးတော့ အ၀တ်စားလဲဖို့ပြင်လိုက်သည် ။ ရဲအီ အရမ်းကြိုက်တဲ့ ဂါ၀န်အနက်ရောင် ဒူးမရောက်တရောက်လေးနဲ့ shoe အဖြူလေး ကိုစီးကာ မျက်နှာကို အနည်းငယ်လေးပဲချယ်သထားပြီး ဆံပင်ကို တစ်လွှာခွဲစီးကာ ဖဲပြားအနက်ရောင်လေးကို ဆံပင်စီးထားတဲ့အပေါ်မှာတွယ်လိုက်သည် ။မှန်ထဲက ကိုယ့်ကိုကို ပြည့်စုံပြီထင်မှ ရဲအီအိမ်ရှေ့မှာ ထွက်စောင့်နေမိသည်။ သူဟိုတစ်ခါစီးလာတဲ့ ကားအနက်ရောင်လေးကို လှမ်းမြင်ရသည် ။ အနားရောက်လာတော့ သူတစ်ယောက်ထဲတော့မဟုတ် သူက ကားတံခါးဖွင့်ကာ ဆင်းလာပြီး
ရဲအီကို ခြေထောက်ကနေခေါင်းအထိ  ကြည့်ကာ   
                  Liz - " ခုမှပိုပြီး kuromi လေးနဲ့တူသွားပြီ " အဲ့လိုပြောနေတဲ့သူကျတော့ ရှပ်အင်းကျီလက်ရှည်အဖြူကို ကျယ်သီးဖြုတ်ထားပြီး အထဲမှာ crop top အနက်လေးလေး၀တ်ထားကာ ဂျင်းဘောင်းဘီအပြာရောင်ပေါင်တိုအကျပ်လေးနဲ့ shoe အဖြူလေးစီးထားသည် ။ ဒါကယ်လီဖိုးနီးယားသူရဲ့ စတိုင်လား။
         ၀န်းယောင်း - " နင်တို့ ၂ယောက် အိမ်ရှေ့မှာပဲ date ကြတော့မလို့လား..." ကားတံခါးပေါက်ကနေ ခေါင်းထွက်ကာ ပြောလာသည့် ခပ်ချောချော အမတစ်ယောက် ။
                   Liz - " လာ...သွားကြစို့ နာအိုရီ...အဲ့တာ တို့အမ သူကအဲ့လိုပဲ စိတ်ထဲမထားနဲ့ " ရဲအီလည်းခေါင်းညိတ်ကာ ကားနောက်ခန်းထဲကို၀င်ထိုင်လိုက်တော့သည်။
     Liz ကားမောင်းနေတုန်း liz ရဲ့အမဆိုသူက နောက်ကြည့်မှန်ကနေ ရဲအီကို လှမ်းလှမ်းကြည့်နေသည် ။
          ၀န်းယောင်း - " မင်းနာမည် ဘယ်လိုခေါ်သလဲ "
                     ရဲအီ - " နာအိုရီ ရဲအီပါအမ... ရဲအီလို့လည်းခေါ်လို့ရပါတယ် "
         ၀န်းယောင်း - " ငါ့နာမည်က ဂျန်၀န်းယောင်းပါ...ဟောဒီက ငလစ်ရဲ့ အမ "
                    Liz   - " အမ အဲ့တာ ငါ့ကျောင်းသူနော်...ကျောင်းသူရှေ့မှာ ဆရာမကို အရှက်ခွဲနေတာလား "
          ၀န်းယောင်း - " မဟုတ်ပါဘူး...နင့်ကို ဟောဒီ့က မမကချစ်စနိုးနဲ့ ခေါ်မိတာပါ " Liz ကနာခေါင်းရှုံ့နေသည်။
          ၀န်းယောင်း - " ဒါနဲ့ ရဲအီ...ရည်စားရှိလား "  liz အွန်နီးကလည်းနောက်ကြည့်မှန်ကနေ လှမ်းကြည့်နေသည် ။
                    ရဲအီ  - " ရှင်...မ..မရှိပါဘူး "
                    Liz   - " ကလေးကို ဘာတွေလျှောက်မေးနေတာလဲ အမ "
         ၀န်းယောင်း - " ခုမှ ခင်တာဆိုတော့...ဘာစကားပြောရမှာလဲ မသိတော့... ငါလည်းခေါင်းထဲပေါ်လာတာ ပြောလိုက်တာပဲ " ကားရပ်လိုက်မှပဲ ရဲအီ သက်ပြင်းချနိုင်တော့သည်။
                  Liz - " ကဲ နာအိုရီ...မင်းပြောတဲ့ဆိုင်ရောက်ပြီ " သုံးယောက်လုံးကားပေါ်က ဆင်းလိုက်သည်။
      ၀န်းယောင်း - " ဟင် ဒီဆိုင်လား " သူ့ကို ၂ယောက်လုံး လှည့်ကြည့်မိပါသည် ။
                 Liz - " အမ ရောက်ဖူးတာလား " Ann book cafe ဆိုတာကို ၀န်းယောင်း ဘယ်တော့မှ မေ့မှာမဟုတ်ဘူး ။
     ၀န်းယောင်း - " အင်း ရောက်ဖူးတယ် " ပြောကာ ၀န်းယောင်းအရင် သူတို့ကိုမစောင့်ဘဲ ၀င်လာလိုက်တော့
       ၀န်းယောင်း - " အယ်...မ " မ ကဟို လေကြီးတဲ့ အဒေါ်ကြီးနဲ့ ရယ်မောကာ စကားပြောနေရာကနေလှည့်ကြည့်လာသည် ။
         ဂါအူးလ် - " ၀န်းယောင်းနဲ့ liz တို့ပါလား"
                Liz - " မမ လည်းဒီရောက်နေတာပဲလား...ဒီလိုဆိုတော့ တစ်၀ိုင်းတည်းပဲအတူထိုင်ကြတာပေါ့ ပိုပျော်စရာကောင်းအောင်လေ..."
လီဆိုးကို အခုမှ မြင်ပြီး
                   Liz - " လီဆိုးရောလား...ဒါဆို လီဆိုးပြောပြောနေတဲ့ အသေးလေးဆိုတာ..."
လီဆိုးသူ့လက်ကိုအမြန်သွားဆွဲကာ
               လီဆိုး - " အမ..အမ ညီမတို့က ဒီဘက်၀ိုင်းမှာထိုင်တာ " သူ့ကို ခုံမှာထိုင်ခိုင်းပြီး မျက်နာရိပ်မျက်နာကဲ ပြလိုက်တော့ သူကမျက်စိ တစ်ဖက်မှိတ်ပြသည် ။
                   Liz - " ဒါဆို အမ ၀န်းယောင်းတို့ နာအိုရီတို့ရော လာထိုင်ကြ " နာအိုရီဆိုတာ တော့ ရဲအီမှန်းလီဆိုးသိပေမဲ့ ၀န်းယောင်းဆိုတာတော့ ၀င်လာကတည်းကနေ ခုချိန်ထိ အမ ဂါအူးလ်ကို ကြည့်နေတဲ့တစ်ယောက်ဖြစ်လိမ့်မည်။ ၀င်လာတော့လည်း သူ က မ လို့ခေါ်လိုက်သလိုပဲ ။ အမ liz ခေါ်တော့ ၂ယောက်လုံးသွားထိုင်နေကြသည်မို့ လီဆိုးလည်းသွားထိုင်လိုက်သည်။
            ဂါအူးလ် - " ညီမလည်း အမတို့နဲ့ လာထိုင်လေ....customer လည်း သိပ်မရှိသေးဘူးကို " ယူဂျင်းက ထပ်ပြုံးပြကာ
              ယူဂျင်း - " ဟုတ်..ညီမ ခနနေလာခဲ့ပါ့မယ် "  ဂါအူးလ် သွားထိုင်တော့ ယူဂျင်းလည်းနောက်က လိုက်ခဲ့ပြီး
             ယူဂျင်း - " ဘာမှာမလဲ ညီမတို့ "
                Liz    - " စတော်ဘယ်ရီကိတ်တစ်ခု  ချောကလက်ကိတ်၂ခုနဲ့...ပြီးတော့ နာအိုရီ...ice Americano သောက်တယ်မလား " ရဲအီ လည်းခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်ပါသည် ။ နာအိုရီဆိုတာကြီးကို လူကြားထဲမှာ ပါးစပ်ကနေမချ ။ ပိုဆိုးတာက လီဆိုးနဲ့ အမ ယူဂျင်းအရေ့မှာ။ လီဆိုးကတော့ တခုခုကိုစိုးထိတ်နေတဲ့ မျက်နာထားနဲ့ ဆိုင်အပြင်ကိုငေးနေတာကြောင့် ရဲအီကိုမစ အားသေးပါ။ အမ ယူဂျင်းက မှာထားတာတွေသွားယူကာ လာချပေးပြီး အခုမှ၀င်လာတဲ့Customerရှိသွားခဲ့သည်။
    
          ဂါအူးလ်  - " လီဆိုး... မင်းရဲ့နွားနို့တွေအေးကုန်ပြီ "  ဆိုတော့မှ ငေးနေရာကနေပြုံးကာ သူ့နွားနို့ကို ငုံ့သောက်နေတော့သည် ။ ၀န်းယောင်းကလည်း လှမ်းကြည့်လာသည်။

Either wayWhere stories live. Discover now