လူတိုင်းအတွက်အိမ်ဆိုတာ
လူတစ်ယောက်နဲ့ ပိုတူတာမလား...
ဒါဆိုရင်...သူကကျွန်မအတွက်တော့
သိပ်ကိုနွေးထွေးတဲ့ အိမ်လေးတစ်လုံးပါပဲ..
ကြီးကျယ်ခမ်းနားစရာမလိုတဲ့
ကျွန်မရဲ့...အိမ်....🍁🍁🍁
Rei - " ရည်းစားရှိလား အမ "
Liz - " ဟင်.." သူက ကိုယ့်ကိုလုံး၀အကြည့်မလွှဲသွားပဲ
Rei - " အမက လှတယ်အမ...ဒါကြောင့်ရည်းစားရှိမယ်လို့ ရဲအီထင်တယ် " ပြောပြီး ကိုယ့်နှုတ်ခမ်းကို လက်နဲ့လာကိုင်ကာ
Rei - " နှုတ်ခမ်းတွေကလည်းသိပ်လှတယ်...ဒါကြောင့်မို့ ခနခန မပြုံးပါနဲ့...ပြီးတော့...ဒီနားက ပါးချိုင့်လေးရော" သူအခုလိုlizနားကပ်ပြီးစကားပြောနေမှ သူ့ရှိကအနံ့တစ်ခုရတာ သတိထားမိသည် ။ မဟုတ်မှ.. သေချာအောင် သူ့ပါစပ်နားကပ်ပြီးအနံ့ခံတော့ ချက်ချင်းနောက်ဆုတ်သွားသည် ။
Liz - " မှန်မှန်ပြောစမ်း..နာအိုရီ..alcohol နံ့ရတယ်..ဘာတွေသောက်ထားတာလဲ " သူကအခုမှ လူမိသွားတဲ့ ကလေးတစ်ယောက်လိုခေါင်းငုံ့နေကာ
Rei - " ခုနက ဟင်းချက်ရင်း ရေခဲသေတ္တာထဲဘာရှိလဲဖွင့်ကြည့်တာ... သံပုရာသီးပုံပါတဲ့အချိုရည်ဗူးတွေတွေ့လို့... ရေဆာနေတာနဲ့ သောက်ကြည့်တော့ ပူရှိန်းရှိန်းလေး...ဒါမဲ့လည်း ဆက်သောက်ချင်လာလို့ သောက်လိုက်မိတယ် " liz သူ့ရှေ့မှာ လက်ပိုက်ကာ မတ်တပ်ရပ်လိုက်ပြီး
Liz - " ဘယ်နဗူးလဲ "
Rei - " အမ်...ခနနော် " ဆိုပြီး ထမင်းစားခန်းထဲသွားခဲ့လို့ လိုက်သွားကြည့်တော့ ဗူးတွေကို လက်ညိုးထိုးရေနေကာ လက်ထဲမှာလဲ ဖောက်ပြီးသားတစ်ဗူးနဲ့....ဘယ်တုန်းက ကိုင်လိုက်လဲမသိ
Rei - " ၄ဗူးပါ ပြီးတော့..ဒီလက်ထဲကတစ်၀က်နဲ့ဆိုတော့...၄ဗူးနဲ့တစ်၀က်ပါ " ပြောပြီး ထပ်မော့သောက်နေပြန်သည်မို့
Liz - " ပေးတော့ ဒီဗူးကို.." သူ့လက်ထဲကဆွဲယူလိုက်တော့ နှုတ်ခမ်းစူကာ
Rei - " ရေခဲသေတ္တာထဲမှာ အများကြီးရှိသေးတာမို့...ကျမရှိကနေလာမလုသောက်ပါနဲ့ "
Liz - " တယ်...ဒီကလေးတော့ ဆရာမရှေ့မှာ ဘီယာသောက်နေပါကောလား..."
Rei - " ဘီယာတဲ့လား ချိုသားပဲ...ကျမနဲ့အိပ်မလား " liz ကြက်သီးထသွားရသည်။
Liz - " ဘာ...မဟုတ်တော့ဘူး မင်းတော်တော်မူးနေပြီ " သူ့ပုံစံကမူးနေပုံမပေါက်ပေမဲ့လည်း သူ့စကားတွေအရတော့မူးနေတာသေချာပါသည် ။ နာရီကိုတစ်ချက်ကြည့်လိုက်ကာ
Liz - "အမပြန်တော့မယ် ည၈နာရီထိုးနေပြီမလို့...ဆက်မသောက်နဲ့တော့နော်...ကြားလား ကလေးမ "
Rei - " ရဲအီလူကြီးပါ ကလေးမဟုတ်တော့ဘူး..."
Liz - " ဟုတ်ပါပြီ ကလေးကြီးရယ်ထမင်းရော စားလိုက်အုံး ဗိုက်အောင့်နေမယ်...ခြံတံခါးလည်းသေချာပြန်ပိတ်အုံး..စောစောလည်းအိပ်အုံး..မနက်ကျကျောင်းမှာတွေ့မယ်နော်... " ပြီမှ တစ်ခုကိုသတိရကာ
Liz - " မနက်ကျရင်မင်းကျောင်းမလာနိုင်ရင် ဘယ်လိုလုပ်မလဲ...ပြီးတော့မင်းငါမှာထားတာတွေလည်း တစ်ခုမှလုပ်မှာမဟုတ်ပါဘူး...အခုတောင်မင်းက မူမမှန်တော့ဘူး ဆက်သောက်ချင်သေးတဲ့ပုံနဲ့... မင်းငါဘာတွေပြောနေလဲကောသိရဲ့လား "
Rei - " ကျမနဲ့အိပ်မလို့မလား " ဟာ..ဒီကလေးမနဲ့တော့
Liz - " စကားတစ်ခွန်းစီတိုင်းမှာ အဓိပ္ပာယ်တွေအများကြီး ရှိတယ်... နာအိုရီ ..အဲ့လို စကားမျိုးသူများတွေရှေ့မှာမပြောမိစေနဲ့နော် ကြားလား "
Rei - " ဆရာမ ရှေ့မှာတော့ ပြောလို့ရတယ်လား " သူတော်တော်မူးနေပြီပဲ
Liz - " ဘယ်သူ့ရေ့မှ မပြောနဲ့ကွာ...ထမင်းသွားစားချည်တော့...မမ ရှိဖုန်းဆက်လိုက်အုံးမယ် " မသွားသေးဘဲ ပြန်လှည့်လာကာ
Rei - " မမ.."
Liz - " တို့ မမ ဂါအူးလ်လေ " ထိုအခါမှ ခေါင်းတညိတ်ညိတ်သွားခဲ့တယ် ။
Liz - "hello မမ ညီမအခု ရဲအီအိမ်မှာအိပ်မလို့ အဲ့တာ..."
Wony - " ရဲအီအိမ်မှာ အိပ်မှာလား..ရဲအီရင်ခွင်ထဲမှာအိပ်မှာလား " ဖြတ်ပြောတဲ့ ၀န်နီအွန်နီးကို ဘေးကနေ မမ ကမဟုတ်တာတွေပြောနေတယ် ဖုန်းပေး လို့ပြောနေတာ ကြားလိုက်ရပါသည်။
Gaeul - " အဲ့၀န်နီမ ဒီနေ့အူမြူးနေတယ် Liz ရေ... ခုထိလည်း သူမမရဲ့အခန်းထဲကနေ မပြန်သေးဘူး " ၀န်နီရဲ့ပွစိပွစိပြောသံတွေလည်းကြားနေရပါသည် ။
Gaeul - " ရတော့ရတယ် ရဲအီအိမ်မှာအိပ်လို့ ဒါမဲ့...မနက်ကျပြန်တော့လာမယ်မလား "
Liz - " ဟာ မမကလည်း ပြန်လာမှာပေါ့လို့.."
Gaeul - " အင်းပါ ဒါဆိုလည်း ဘာပြောအုံးမလဲ "
Liz - " မရှိတော့ပါဘူးမမ... ကောင်းသောညပါနော် "
Gaeul - " မင်းကိုတော့မပြောတော့ဘူးနော်..မင်းအတွက်ကောင်းသောညဖြစ်နေပြီးသားထင်လို့ "
Liz - " ဟာ တော်ပီဗျာ ဒါပဲ " မလွယ်ပါဘူး ဒီအမတွေနဲ့တော့...ငါ အဲ့လောက်တောင် သိသာနေတာလား
Liz - " အမလေး.." ဖုန်းချပြီး ဒီဘက်အလှည့် အပေါက်၀မှာ လက်ပိုက်ပြီး စိုက်ကြည့်နေလို့ လန့်သွားရသည်။ ရင်ဘက်ကိုလက်နဲ့ဖိကာ
Liz - " ထမင်းစားပြီးပြီလား ဘယ်အချိန်ကရောက်နေတာလဲ "
Rei - " ဟားဟား ..ချစ်စရာလေး... ရောက်နေတာတော့ကြာပြီ ဆရာမရယ်.. ထမင်းတော့မစားရသေးဘူး ဆရာမနဲ့ အတူတူစားမယ်လေ " အရှက်သည်းတဲ့ ဂျပန်မလေးက ဘယ်ရောက်သွားလဲမသိ အမူးမပြေသေးဘူးနဲ့တူတယ် ။ ကိုယ်ကပဲ ဖျားချင်လာသလို ပါးတွေပူလာရသည် ။ သူကလက်လာဆွဲကာ
Rei - " လာပါ...ဆရာမသာဒီလိုဆက်လုပ်နေရင် ရဲအီဘာလုပ်မိမလဲမသိဘူး " ဘာကိုလဲ liz လည်းဘာမှ မလုပ်ရပါဘူး ။ မူးနေတဲ့ဂျပန်မလေးက အန္တရာယ်များသည်ကိုလည်း liz ထပ်သိလိုက်ရပါသည်။
Rei - " ဒီမှာထိုင်...အရသာမကောင်းမှာကိုတော့စိတ်မပူနဲ့နော်..အရင်ကလည်း ကိုယ့်ဘာသာချက်စားနေကြမလို့ အာမခံတယ် " သူက ကိုယ့်ပန်းကန်ထဲကို ဟင်းတွေထည့်ပေးရင်းပြောလာသည် ။ ကိုယ်ရဲ့ ပုံမှန်စားချိန်ထက်ကျော်သွားတာကြောင့် ဗိုက်ဆာဆာနဲ့ စားနေမိကာ သူ့လက်ရာကလည်း အပိုပြောတာမဟုတ် တကယ်အရသာရှိပါသည် ။ ကိုယ်နဲ့ ၀န်နီအွန်နီးတော့ ကြက်ဥကြော်ရင်တောင် ဆိုင်ကယ်ဦးထုတ်ဆောင်းပြီးမှန်ချ ဒယ်အိုးအဖုံး ကို ဘယ်ဘက်မှာကိုင် ညာဘက်ကလည်း ၁ပေခွဲလောက်ရှိတဲ့ ဇွန်းကြီးကြီးနဲ့ ကြက်ဥကို ဆီပူပူထဲ ခွဲထည့်ပြီးတာနဲ့ ပြေးကြတာပဲ ကြက်ဥကိုမလှန်ရဲ့လို့ အိမ်ရှေ့က မိန်းခုလုတ်ကိုချပြီးရင် ၅မိနစ်လောက်စောင့်ပြီးမှ လှန်တော့ တခါတခါ မီးသွေးခဲတွေပဲ ထွက်ထွက်လာလို့ ၂ယောက်သား ကြက်ဥကိုလက်လျော့ခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ပါသည် ။ သူစားတဲ့အသံမကြားရလို့ စားနေရာကမော့ကြည့်တော့ ကိုယ့်ကိုပြုံးပြုံးကြီးကြည့်နေလို့ ဟင်းရည်ကိုခပ်သောက်လိုက်တော့ ဇွန်းမဟုတ်ဘဲ တူကြီးနဲ့ဖြစ်နေသည် ။ မူးနေတာက သူလားကိုယ်လားမသဲကွဲပေ ။
Liz - " အဟမ်း...အမ ၀ပြီမလို့ ဧည့်ခန်းထဲသွားတော့မယ် "
Rei - " ဟုတ် ကျမလည်း ၀ပြီ " သူကသာ၀ပြီပြောနေတာ တစ်ဇွန်းတောင်မစားရသေး။
Liz - " မရပါဘူး မင်းထမင်းတော့စားရမယ် "
Rei - " မဟုတ်ဘူးအမရယ်... ကျမဗိုက်ထဲအရည်တွေနဲ့ ဗိုက်ပြည့်သွားတယ် " ကိုယ်လည်းဘာမှမပြောချင်တော့တာကြောင့် ဧည့်ခန်းထဲကို သွားထိုင်နေမိတော့ သူပါနောက်ကလိုက်လာပြီး မျက်နာချင်းဆိုင်မှာထိုင်ကာ သူ့လက်၂ဖက်ကို မေးစေ့မှာထောက်ပြီး ပြုံးကာ liz ကိုကြည့်နေလေသည် ။
Liz - " မင်းအဲ့လိုတွေဆက်လုပ်နေရင် တို့အိမ်ပြန်တော့မယ် " သူ့လက်၂ဖက်ကိုချကာ ကျောမတ်လိုက်ပြီး
Rei - " အိမ်တော့မပြန်ပါနဲ့အုံး ကျမဆရာမကိုပြောစရာတွေအများကြီး ရှိနေတယ်...လာ..ကျမအခန်းထဲသွားပြီးစကားသွားပြောရအောင် " သူကမ်းပေးလာတဲ့လက်ကို မကိုင်ဘဲထလိုက်တော့ ဂျပန်မလေးက၀မ်းနည်းသွားသယောင် ။
Liz - " တို့ ဘယ်မှာအိပ်ရမှာလဲ "
Rei - " ကျမနဲ့လေ..မဟုတ်သေးဘူး ကျမနဲ့အတူတူလေ..ဒါလဲမဟုတ်သေးပါဘူး..ကျမရဲ့အခန်းထဲမှာလေ..ဟုတ်တယ်ထင်တယ်" ဒီငမူးလေးကတော့
Liz - " သက်သက်အခန်းမရှိဘူးလား"
Rei - "ကျမ ဆရာမကိုကိုက်မစားပါဘူး..မိန်းကလေးချင်းချင်းပဲကို....လာစမ်းပါဆရာမနဲ့အတူတူအိပ်ချင်တာမလို့" လက်ဆွဲကာ အပေါ်ထပ်ကိုခေါ်သွားလေသည် ။
သူ့အခန်းထဲ၀င်တော့အရင်ဆုံးမြင်ရတာကတော့ ကုတင်ပေါ်မှာ အခန့်သားကြိုနေတဲ့ liz ရဲ့လက်ဆောင် kuromi ကြီးပင်ဖြစ်သည် ။ အခန်းလေးကမကျဥ်းမကျယ် ကုတင်ခပ်ကြီးကြီးနဲ့ အရုပ်ဆိုလို့ ထိုkuromi ကြီးသာရှိပြီး အများစုကစာအုပ်များပင်ဖြစ်သည်။ သူကကုတင်ပေါ်ကိုသွားထိုင်ကာ liz ကို လက်၂ဖက်ဆန့်တန်းပြီး ကလေး၁ယောက်ကိုခေါ်သလိုခေါ်လေသည်။ liz ကသူနဲ့ခပ်လှမ်းလှမ်းကကုတင်ထောင့်မှာပဲထိုင်လိုက်တော့ သူကပက်လက်လှန်လှဲချလိုက်ပြီး
Rei - " ဆရာမသိလား...ကျမတစ်နေကုန်ဘယ်လောက်ပင်ပန်းခဲ့သလဲဆိုတာကို...ခုလိုလှဲချလိုက်မှ အော်..ငါ့ခန္ဓာကိုယ်ကပင်ပန်းနေခဲ့တာပဲဆိုပြီးသိရတော့တယ်လေ လှဲချကြည့်ပါ့လား " liz လည်းလှဲချလိုက်မှ သူပြောသလိုခံစားရတော့သည်။
Rei - " ကျမကလေ သက်ရှိတွေကိုသံယောဇဥ်တွယ်ရမှာသိပ်ကြောက်ခဲ့တာ...တတ်နိုင်သမျှရှောင်ပြေးခဲ့ပေမဲ့လည်း... ဆရာမရှိကနေတော့ မပြေးနိုင်ခဲ့ဘူးထင်ပါတယ်.." မျက်နာကျက်ကိုကြည့်ကာ နားထောင်နေရင်းကပဲ Liz ပါးတွေကပူလာပြန်ပြီ ။
Rei - " ဆရာမကလေ..ကျမဘ၀မှာတစ်ခါမှ မရှိခဲ့ဖူးတဲ့သူပဲ...နွေးထွေးတယ် ထင်ရပေမဲ့လည်းအေးစက်တယ်... ကြင်နာတယ်ထင်ရပေမဲ့လည်း ရက်စက်တတ်တယ်...ဒါပေမဲ့ ဆရာမကပဲအဲ့လိုတွေရဲအီကိုခံစားတတ်စေခဲ့တာပါ "
Liz - " မင်းလည်းတူတူပါပဲနော်...စတွေ့ခါစကဆို တို့ကို ချေလိုက်တာ..တို့မှာမင်းနဲ့ရင်းနှီးအောင် နည်းမျိုးစုံစဥ်းစားလိုက်ရတယ်...နောက်တော့လည်း လီဆိုးကူညီလို့တော်သေးတယ်ပြောရမယ် " သူက အိပ်နေရာကနေ ထကာ လေးဖက်ထောက်လာပြီး Liz ကြည့်နေတဲ့ မျက်နာကျက်နေရာမှာ သူ့မျက်နှာကအစားထိုး၀င်ရောက်လာသည် ။ သူက Liz ကိုငုံ့ကြည့်နေကာ
Rei - " ရင်းနှီးချင်တာ..ဘာလို့လဲ "
Liz - " ဆ..ဆရာမနဲ့ ကျောင်းသူဆိုတာ ရင်းနှီးတော့ပိုကောင်းတယ်လေ... အဲ့တာကြောင့်ပါ " သူကခေါင်းကိုပိုငုံ့လာကာ
Rei - " ကျောင်းသူတွေအများကြီးရှိတဲ့ထဲမှာမှ ဘာလို့ရဲအီလဲ " သူ့အသက်ရှုထုတ်လိုက်တဲ့လေပူတွေက Liz ရဲ့ နှာဖူးကိုလာတိုက်ခတ်နေသည် ။
Liz - " တို့..ပင်ပန်းလာလို့..အိပ်ချင်ပြီ " လို့ ခပ်တိုးတိုးပြောမှ ဖယ်သွားကာ
Rei - " အွန်း..အိပ်ရအောင်လေ"
YOU ARE READING
Either way
Romanceဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin