Either way ( Part - 7 )

33 2 0
                                    

သေချာပေါက် ခွဲခွာရမယ်ဆိုရင်
ဘာကြောင့်တွေ့ဆုံမှုတွေကို
ဖန်တီးခဲ့သလဲ...
To. anonymous
🍁🍁🍁( ပုံက ဂီတဆရာမ​လေးပါနော်)

လူကိုမမြင်ရဘဲ အမ ဆိုတဲ့ အသံချိုချိုကြောင့် ကျောင်းသူတွေက သိချင်နေကြပုံပေါ်သည်။ မဟုတ်ရင်လည်း လူတွေရဲ့သဘာ၀အတိုင်းပေါ့လေ။၀င်လာတော့ အရင်ဆုံးမျက်လုံးထဲတန်းမြင်တာက ခရမ်းရောင်နဲ့ အောက်ဖျားနားမှာ ပန်းနုရောင် ဆိုးထားတဲ့သူ့ဆံပင်ကိုဖြစ်သည်။
အတန်းပိုင် - " ကလေးတို့ ဒါ ကယ်လီဖိုးနီယားက ပြောင်းလာတဲ့ ဂီတ ဆရာမပဲ.."
အခြားဆရာမ - " ဆရာမရေ ကျောင်းအုပ်ကခေါ်ခိုင်းလိုက်လို့.."
အတန်းပိုင် - " အော် အေး...လာပြီလာပြီ..
ညီမရေ ကိုယ့်ဘာသာမိတ်ဆက်လို့ဖြစ်လား "
" ရပါတယ်အမ မိတ်ဆက်လိုက်ပါ့မယ် "
အတန်းပိုင် - " ဒါဆိုအမသွားလိုက်အုံးမယ်..နောက်ကျရင်နားပူနေမှာဆိုးလို့ အတန်းကို ခနကြည့်ပေးထားပါအုံးနော် "
" ဟုတ်အမ"
အတန်းပိုင်ဆရာမနဲ့ စကားပြောပြီး ရဲအီတို့ဘက်လှည့်လာတော့ အကြည့်ချင်းစက္ကန့်ပိုင်းလောက် ခလုတ်တိုက်သွားသေးသည်။ လူတွေနဲ့ အကြည့်ချင်းဆုံလာနိုင်ပြီထင်ပေမဲ့ ခုတော့ ရဲအီကအရင်အကြည့်လွှဲရပါသည်။
" အခုတော့ မိတ်ဆက်ကြမယ်..အပြန်အလှန်ပေါ့....ဒါပေမဲ့ မင်းတို့မေးစရာတွေရှိနေလောက်တော့ သိချင်တာကို..လက်ထောင်ပြီးတယောက်ချင်းမေးနိုင်တယ် " သူ့အသံက နဲနဲ ဩဩလေးနဲ့ ချိုချိုလေးမျိုး ရဲအီဘ၀မှာတခါမှ ဩဩလေးနဲ့ချိုတာ မကြားဖူးသေးပါ။
လက်တွေထောင်ပြီး တယောက်တပေါက်ထွက်လာသည်။ အရင်ဆုံးလက်ထောင်လိုက်သည့်သူကို ဖြေစေသည်။
ကျောင်းသူ - " ဆရာမက အသက်ဘယ်လောက်ရှိပြီလဲ" နာမည်ကိုအရင်မေးရမှာ ဆိုပြီး တီးတိုးပြောသံတွေလည်းကြားလိုက်ရပါသည်။
" တို့က ၁၈ကျော်ပါပြီ" အံ့ဩ သံတချို့ထွက်လာသည်။ သိချင်စိတ်ကိုမထိန်းနိုင်ပုံပေါ်သည့် ကျောင်းသူတယောက်က လက်ထောင်ပြီး တခန်းလုံးသိချင်နေသည့် မေးခွန်းကိုမေးလေသည်။
ကျောင်သူ - " ဆရာမ နာမည်ဘယ်လိုခေါ်လဲ " သူကတချက်ပြုံးလိုက်ပြီး
" ကိုရီးယားနာမည်ဆိုရင် ဂျန်ဂျီ၀န်းပါ ကယ်လီဖိုးနီးယားမှာတော့ ဆရာမ Liz လို့ပဲလူသိများတယ် " နောက်တယောက်ကဆက်မေးလေသည်။
ကျောင်းသူ - " ငယ်ငယ်လေးနဲ့ ဆရာမ ဘယ်လိုဖြစ်ခဲ့တာလဲ ဆိုတာရယ်နဲ့...ရည်စားရှိလားဆိုတာဖြေပေးပါ " ပထမတခုက မေးခွန်းဆိုပေမဲ့ နောက်တခုက ကိုယ်ရေးကိုယ်တာကြီးမလား...သူမဖြေချင်လောက်ဘူးလို့ ရဲအီထင်သည်။
Liz - " တို့က ၁၇ပြည့်ကာစမှာပဲ အနုပညာဘွဲ့ရပြီးသွားပြီလေ.... ဥာဏ်ကောင်းလို့ဆိုပြီး အတန်းကျော်တက်ခဲ့ရတာတွေ ကြောင့်လည်းပါတာပေါ့.... နောက်မေးခွန်းတော့ သိပ်နားမလည်ဘူး သိတဲ့သူတယောက်လောက် ထဖြေကြည့်စမ်းပါ လူတွေပြောပြောနေတဲ့ရည်းစားဆိုတာ ဘယ်လိုသတ်မှတ်ကြတာလဲဆိုတာ " သူက မသိလို့မေးတာမျိုးမဟုတ်ဘဲ ကျောင်းသူတွေရဲ့ အမြင်ကိုသိချင်လို့ ဥာဏ်သုံးပြီးမေးမှန်း ရဲအီသဘောပေါက်ပါသည်။
ကျောင်းသူ - " ဆရာမကလည်း ကိုယ့်ကိုလာဖွင့်ပြောတဲ့သူကို အဖြေပြန်ပေးလိုက်တယ်ဆိုရင် အဲ့အချိန်ကနေစပြီး ရည်းစားဖြစ်သွားပြီလေ " ဆိုတော့ သူကခေါင်းတငြိမ့်ငြိမ့်နဲ့ ။
Liz - " နောက်ထပ်ပြောချင်တဲ့သူရှိသေးလား " ဘယ်သူမှ မရှိတော့ဘူးလို့ရဲအီထင်နေတုန်း ဘေးကနေလက်ထောင်လိုက်တဲ့ လီဆိုးရယ်ပါ။
လီဆိုး - " ဆရာမ..ညီမတော့ရည်းစားဆိုတာကို သေချာမသိပေမဲ့.... ညီမသတ်မှတ်ထားတာကတော့ သူ့အနားပဲအချိန်ပြည့်ရှိချင်ပြီး သူ့အပြုအမူနဲ့ မျက်နာအမူအယာလေးတွေက....ကိုယ့်ကိုပျော်ရွင်စေနိုင်တဲ့ သူမျိုးလို့ထင်တယ်"
သေချာတယ် လီဆိုးတယောက်ယောက်ကို သဘောကျနေပြီဆိုတာ သူ့ပုံစံက ရိုးရိုးပြောတာမျိုးမဟုတ်ဘဲ အချစ်ရူးတယောက်လိုမျိုးဆိုတာ အခြားသူတွေသတိထားမိမလားမသိပေမဲ့ ရဲအီတော့သိပါသည်။ ဆရာမကတော့ ခပ်ပြုံးပြုံး ။ ဂီတ ဆရာမ မို့လို့လားပဲ ဘာသာရပ်ပြ ဆရာတွေနဲ့မတူပဲ အချစ်အကြောင်းကို ကျောင်းသူတွေနဲ့ ဆွေးနွေးနေရတယ်လို့ ။
Liz - " ကဲဒါဆို...ဒီအကြောင်းအရာကတော့ လုံလောက်ပြီဆိုတော့...မင်းတို့မိတ်ဆက်ရမဲ့အလှည့်ထင်တယ်.."
ကျောင်းသူ - " ဆရာမ ညီမမေးထားတာလဲ မဖြေသေးဘူး...ရည်းစားရှိလားဆိုတာလေ " အဖြစ်သည်းနေသည့်ကျောင်းသူကတော့ သူကြားချင်တဲ့အဖြေရမှ ကျေနပ်မည့်ပုံပေါ်သည်။

Liz - " မင်းတို့ ပြောသလို ကိုယ်ကအဖြေပြန်ပေးလိုက်တဲ့သူကော..ကိုယ့်ကိုပျော်ရွင်စေနိုင်တဲ့သူကော မရှိပါဘူး " ဒါဆိုသူက လက်ရှိတွဲနေတဲ့သူရော သူသဘောကျရတဲ့သူရောမရှိသေးဘူးလို့ဆိုလိုတာပေါ့...အို..မဟုတ်တာဒီနေ့မှ ရဲအီလည်းစပ်စုသလိုဖြစ်နေသည်ပဲ။
Liz - " ဒီနေ့တနေ့တည်းနဲ့ တို့အကြောင်းတွေအကုန်သိသွားရင် စိတ်၀င်စားစရာမကောင်းတော့ဘူး...ကဲ ရှေ့ဆုံးအတန်းကနေ တယောက်ချင်းထပြီး မိတ်ဆက်ပါအုံး " ကျောင်းသူတွေက တယောက်ချင်းထပြီးနာမည်ပြောကြသည် ။ အခုတော့ရဲအီအလှည့်မို့ ထလိုက်ပြီး
Rei - " နာအိုရီ ရဲအီပါ.." ရဲအီအလှည့်ကျမ ရဲအီကိုကြည့်ပြီး သူကလှမ်းလာသည်။ သူနဲ့အကြည့်ချင်းမဆုံနိုင်တာမလို့ ခေါင်းငုံ့ထားလိုက်တော့ ဒေါက်ဖိနပ်အပါးလေးစီးထားတဲ့ သူ့ခြေထောက်ဖွေးဖွေးလေးက ရဲအီဆီကို တလှမ်းချင်းလျောက်လာတာကိုပဲမြင်ရသည် ။ သူ့ကစကားပြောတော့မှာမလို့ အားတင်းပြီးသူ့မျက်လုံးကိုကြည့်ရသည်။ ရိုင်းတယ်လို့တော့ သတ်မှတ်မခံနိုင်ပါ။
Liz - " မင်းနာမည်က နာအိုရီရဲအီတဲ့လား...ဂျပန်လူမျိုးများလား...စ၀င်လာကတည်းက မင်းရုပ်ကလေးက ထူးခြားနေလို့ တို့..စိတ်ထဲစွဲနေတယ် "
Rei - " ရှင်..." နားမလည်လို့မဟုတ်ဘဲ အံ့ဩလို့ပါ ။သူ့အသံက ရဲအီနဲ့၂ကိုယ်တည်းကြားစာလေးမလို့တော်သေးသည် ။ လီဆိုးများကြားသွားရင် အစခံရတော့မည်။ သူကပြုံးလိုက်သည်မို့ ပါးချိုင့်​​လေးတဖက်ကိုလည်း ရဲအီမြင်လိုက်ရပါသေးသည်။
Liz - " တို့ ပြောချင်တာက...မင်းရုပ်ကချစ်စရာလေးဆိုတော့ တို့ကိုသတိထားမိစေတယ်လို့.." အော်...ဒုက္ခပါပဲ တစ်ရှက်ကနေ နှစ်ရှက်ဖြစ်ကုန်ပြီ ။ သူ့မျက်၀န်းတွေကအကြည့်မလွှဲပစ်ချင်လောက်စရာ လှပေမဲ့လည်း ခုတော့မကြည့်နိုင်ပါ။ သူကထပ်ပြုံးလိုက်ပြီးရဲအီကို နောက်ကျောပေးကာ အရှေ့ကိုပြန်သွားလေသည်။
Liz - " ကဲ နာအိုရီ ရဲ့ဘေးကကောင်မလေး..မင်းအလှည့်ပဲ " လီဆိုးကတော့တက်တက်ကြွကြွပါပဲ ။
လီဆိုး - " ဟုတ်ကဲ့ ညီမက လီဟျောင်းဆိုးပါ..ရဲအီရဲ့ တစ်ဦးတည်းသောသူငယ်ချင်းပါ " ဘယ်နှယ့် ဆရာမနဲ့ကျောင်းသူမိတ်ဆက်တာကို သူငယ်ချင်းအဖြစ်မိတ်ဆက်တာကျလို့..လီဆိုးတို့တော့လုပ်ချလိုက်ပြန်ပြီ ။ သူကတော့ပြုံးရယ်လိုက်ပြီး
Liz - " ဟုတ်ပါပြီ လီဟျောင်းဆိုး...တို့မှတ်ထားလိုက်ပါ့မယ်...ကဲ သင်ခန်းစာစလိုက်ရအောင် "

Time skip>>>>>>>>>>>

Either wayWhere stories live. Discover now