သူဟာ...ကျမလို
ပြီးပြည့်စုံတဲ့လူကိုမှ
ချစ်ရဖို့ ငြင်းသတဲ့... ကျမလည်း
အများကြီးမစဥ်းစားနေတော့ပါဘူး...
သူကကျမလို အထက်တန်းစားနဲ့
မထိုက်တန်တဲ့လူလို့ဘဲ
ဖြည့်တွေးပေးလိုက်ပါတယ်...🍁🍁🍁 ( ဒေါက်တာ ဆူးလ်ယွန်း ပုံပါ )
Leeseo ရဲ့အမေက ဒီရက်ပိုင်းချောင်းတွေ သိပ်ဆိုးလာလို့ ဆေးခန်းသွားရအောင်မေမေဆိုတော့လည်း အမေကမသွားချင်ဘူးပြောလာသည် ။ ဇာတ်လမ်းတွဲကြည့်နေတဲ့ မေမေကိုကြည့်ကာ သက်ပြင်းချမိပြီး ကျောင်းသို့သာ ဦးတည်လိုက်ပါသည်။
>>>>>>>>>>>>
ယူဂျင်း - " ဟုတ်...ဒေါက်တာ ကျမအခြေအနေကဘယ်လိုများလည်း " ထိုဒေါက်တာမလေးက ပြုံးကာ
Sullyoon - " သိပ်တော့စိုးရိမ်စရာမရှိသေးပါဘူး....အတတ်နိုင်ဆုံးစိတ်ငြိမ်အောင်ထားတာကောင်းမယ်...ခုရက်ပိုင်းစိတ်လှုပ်ရှားတာများနေတယ်....ပြီးတော့ အမလို့ပဲခေါ်ပါလို့ ဘယ်နှခါပြောရမလဲ ယူဂျင်းရယ် "
ယူဂျင်း - " မေ့မေ့သွားတယ် အမက ဒေါက်တာ၀တ်စုံကြီးနဲ့... ခန့်ခန့်ညားညားကြီးဆိုတော့လေ "
ဆူးလ်ယွန်း - " လှလှပပ လေးလောက်တော့လုပ်ပါ "
ယူဂျင်း - " ဟုတ်ပါပြီ မမလှလှရယ် " အခုပါးစပ်လေးကို လက်၂ဖက်နဲ့အုပ်ကာ ရယ်နေတဲ့သူကအမရင်းနဲ့မခြားတဲ့ ယူဂျင်းအကြောင်းတွေအကုန်သိတဲ့သူပါ ။ သူကယ်ထားလို့လည်း ယူဂျင်းအသက်ရှင်နေတာဆိုလည်း မမှားပေ ။ သူက ၂၄ ယူဂျင်းထက် ၅နစ်လောက်ကြီးကာ အရပ်ကတော့ မတိမ်းမယိမ်းပင် ပြီးတော့စိတ်ရောဂါကုဆရာ၀န်တစ်ဦးပါ ။
ဆူးလ်ယွန်း - " ဟာသတွေကျတော့ပြောပြီး..ကော်ဖီဆိုင်ဖွင့်ထားတာတောင် တို့ကိုမပြောဘူးနော်...ဘာလဲ အလာကားလာစားမှာကြောက်လို့လား " သူနဲ့ မတွေ့တဲ့၈လလောက်အတွင်းမှာ ဆိုင်ဖွင့်ဖြစ်လိုက်တော့ ပြောဖို့မေ့သွားတာပင်
ယူဂျင်း - " မဟုတ်တာ အမရယ်... အခုလိုက်ခဲ့မလား...အမသာစားနိုင်မယ်ဆို ယူဂျင်း တစ်ဆိုင်လုံးကိုကျွေးတယ်နော် "
ဆူးလ်ယွန်း - " တစ်ဆိုင်လုံးတော့မစားပါရစေနဲ့ ...ပြီးတော့ခုကအမရဲ့ duty ချိန်ကြီးလေ နောက်နေ့မှ လာ၀ယ်စားပါ့မယ် "
ယူဂျင်း - " ဟုတ်..ဒါဆို ညီမကိုပြန်ခွင့်ပြုပါအုံး..သေချာပေါက်လာခဲ့နော် " သွားချွန်ချွန်လေးတွေပေါ်အောင်ရယ်ကာ
ဆူးလ်ယွန်း - " ဒါပေါ့ ကျိန်းသေပေါက် လာခဲ့ပါ့မယ် "
YOU ARE READING
Either way
Romansဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin