Either way ( Part - 15 )

17 2 0
                                    

      လူတိုင်းအတွက် အချစ်စစ်ဆိုတာ
      ရှိတယ်ဆိုရင် ကျမအတွက်ကရော...
      သူတို့၂ယောက်ပေါင်းဖက်သွားတာကို
      ကြည့်နေရတဲ့ ကျမကရော...
      ကျမရဲ့ အချစ်တွေက
      သူ့အတွက် မစစ်မှန်ခဲ့လို့လား...

🍁🍁🍁

              ဂါအူးလ် - " အဆင်ပြေရဲ့လား ကလေး " အသံလာရာကိုမော့ ကြည့်တော့အိမ်ရှေ့က အမဖြစ်နေသည် ။ သူက ၀န်းယောင်းကိုဆွဲထူကာ ပေနေတဲ့မြေကြီးတွေခါပေးပြီး
             ဂါအူးလ် - " အမ မြင်လိုက်တယ် သစ်ပင်ပေါ်တက်နေတာကိုလေ.... ပြုတ်ကျတော့မှာပဲစဥ်းစားနေတုန်း... ငါ့ညီမက ပြုတ်ကျသွားပါလေရော...အပင်ပေါ်ဘာတက်ခူးတာလဲ.. ဘာသီးမှလဲမတွေ့ပါဘူး "  ၀န်းယောင်းခေါင်းခါကာ ပျင်းလို့လို့ခပ်တိုးတိုးဖြေတော့
            ဂါအူးလ် - " အမရောပဲ...ဒါနဲ့ ကလေးနာမည်ဘယ်လိုခေါ်လဲ "
       ၀န်းယောင်း - " ၀န်းယောင်း...ဂျန်၀န်းယောင်းပါ " ကျမအဖေဆိုသူပေးထားတဲ့နာမည်ကိုမကြိုက်ပါ ။ ကျမရဲ့ မေမေပေးထားတဲ့ ဂျန်၀န်းယောင်းဆိုသာကိုသာသဘောကျပါသည်။ ထိုအမက ၀န်းယောင်းကို ရယ်ပြကာ
            ဂါအူးလ် - " အမနာမည်ကတော့ ဂါအူလ်းပါ...ပြောင်းလာတာသိပ်မကြာသေးတော့ သူငယ်ချင်းမရှိသေးဘူး " 
       ၀န်းယောင်း - " အမရဲ့သူငယ်ချင်းဖြစ်ချင်တယ် " ရေခြားမြေခြားမှာ ကိုယ့်လူမျိုးအမ တစ်ယောက်နဲ့တကယ်ခင်ချင်တာပါ။
         ဂါအူးလ် - " ရတာပေါ့ ကလေးရဲ့ "
                 Liz - " အမ ၀န်းယောင်း " ဟု အိမ်ပေါက်ကနေလှမ်းအော်တဲ့ ဂျီ၀န်းကိုကြည့်တော့ ကျောင်းသွားတော့မည့်ပုံပင် ။ ဟုတ်သား ကျောင်းသွားဖို့ကိုမေ့နေတာပဲ ။
           ဂါအူးလ် - " ကလေးရဲ့ညီမကျောင်းသွားတော့မလို့နဲ့တူတယ်...၀န်းယောင်းရောမသွားဘူးလား " 
      ၀န်းယောင်း - " ဒီနေ့မသွားချင်သေးဘူး "
           ဂါအူးလ် - " ကလေးက အပျင်းတစ်နေပြီပဲ...မသွားလို့ရရင်လည်း ခွင့်သွားတိုင်ပြီး အမအိမ်လာခဲ့ မုန့်ကျွေးမယ် "  မုန့်ကျွေးမယ်ဆိုမှ အရောင်လက်သွားသော ၀န်းယောင်းဆိုတဲ့ ကလေးမရဲ့မျက်လုံးလေးများ ။
      ၀န်းယောင်း - " ဟုတ် ခနနော်အမ.. အဖေ့ကိုသွားပြောကြည့်အုံးမယ် " ပြန်ပြေးသွားတဲ့ထိုပိန်ပိန်ညောင်ညောင် ကလေးမလေးကိုကြည့်နေမိတယ် ။ ကြာအုံးမယ့်ပုံပေါ်လို့ ကိုယ့်အိမ်ထဲသာပြန်လာလိုက်တော့သည် ။ ဂါအူးလ်အဖေက ဂါအူလ်းငယ်ငယ်လေးကတည်းက ဒီကယ်လီဖိုးနီးယားက အိမ်မှာနေလိုက် ကိုရီးယားမှာနေလိုက်နဲ့ အမြဲလိုလို အလုပ်ကိစ္စနဲ့ ကူးသန်းနေကြဖြစ်သည် ။ တစ်ခါတစ်လေဂါအူလ်းလည်း လိုက်လာဖြစ်ပါတယ် ။ ဒီတစ်ခေါက်တော့ ကြာကြာနေရမယ်လို့ အဖေကပြောလို့သားဖ၂ယောက် အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေ၀ယ်ကာ လာနေကြခြင်းဖြစ်သည် ။ ခါတိုင်းဂါအူးလ် လိုက်လာတုန်းကတော့ အရှေ့အိမ်မှာ လင်မယား၂ယောက်သာတွေ့ရပြီး ထိုကလေးမလေး၂ယောက်ကိုမတွေ့ရပေ။ ပြီးတော့ ထူးဆန်းသည်က ထိုကလေးမလေးတွေက ကိုရီးယားလူမျိုးများဖြစ်နေသည်ပင် ။ ဂါအူလ်းလည်း မနက်ဖြန်ဆိုကျောင်းသွားရတော့မည်ဖြစ်သည် ။ ဘယ်လောက်ကြာကြာနေမလဲမသိ အဖေကကျောင်းတောင်အပ်ပေးပြီးပြီ ။
         * ဒေါက် * ဒေါက် * ဆိုတဲ့အသံနဲ့အတူ အမရေဆိုတဲ့ အသံသေးသေးလေးကြားမှ အပြေးလေးတံခါးဖွင့်ပေးလိုက်ပြီး
         ဂါအူးလ် - " အိုကေလား...လာ လာ အမအိမ်ထဲ၀င် " တံခါးပြန်ပိတ်ပြီးသူ့ဘက်လှည့်ကာ လက်ပိုက်လိုက်ပြီး
          ဂါအူးလ် - " ကဲ..ဘာမုန့်စားချင်လည်း "
     ၀န်းယောင်း - " မစားပါဘူးအမ...ဘယ်သူ့ရှိကမှ အလကားမယူချင်ဘူး..ညီမကပျင်းလို့ လာလည်ရုံပဲ " အံမယ် ကလေးကများ
          ဂါအူလ်း - " ဒီလိုလား...အမကလည်းအမအိမ်လာသမျှ... ကလေးတွေကိုမုန့်ကျွေးပြီးမှပဲပြန်လွှတ်တတ်တယ် "
        ၀န်းယောင်း - " ဒါဆို မုန့်မစားရင်ရော..တသက်လုံးပြန်မလွှတ်တော့ဘူးလား " ဒီကလေးက ဥာဏ်ကောင်းတာပဲ ။ တော်ရုံကလေးတွေကိုပြောနေကျ စကားတွေနဲ့အလုပ်မဖြစ်ဘူး။
           ဂါအူးလ် - " အွန်..ဟုတ်တယ် ပြန်မလွှတ်ဘူး " တခြားကလေးတွေဆိုရင်တော့ အိမ်ပြန်လွှတ်အောင်မုန့်စားပါ့မယ်ပြောမှာ သူကျတော့လည်း ထင်သလိုမဟုတ်
     ၀န်းယောင်း - " အဲ့တာဆိုရင်တော့ အမဘာကျွေးကျွေးမစားတော့ဘူး...ညီမမှာပြန်စရာမရှိလို့ "
         ဂါအူးလ် - "  ဟင်... " ကလေးပြောတဲ့စကားကိုနားမလည်တာ ဂါအူးလ် တစ်ယောက်ထဲရှိမယ်ထင်ပါတယ်။
      ၀န်းယောင်း - " ထားလိုက်တော့အမ.. ၀န်းယောင်းတို့ဘာလုပ်ကြမလဲ "
           ဂါအူးလ် - " အမ်...စာအုပ်ဖတ်ကြမလား "
     ၀န်းယောင်း - " အမကလည်း ပျင်းလို့အမရှိလာပါတယ်ဆို... ပိုပျင်းဖို့ကောင်းအောင်လို့ " ဂါအူးလ်မှ ကလေးကစားနည်းတွေမသိတာ ။
          ဂါအူးလ် - " ဒါဆိုရင်တော့ အမလည်းမသိတော့ဘူး မင်းကိုမုန့်ကျွေးဖို့ခေါ်တာဆိုတော့...ဆော့ဖို့လည်း မစဥ်းစားထားမိဘူး...ကစားစရာအရုပ်လည်းမရှိတော့.... မုန့်လုပ်ကြည့်ရအောင်.... ၀န်းယောင်းချောကလတ်ကြိုက်တယ်မလား "
       ၀န်းယောင်း - " ဟုတ် " စတော်ဘယ်ရီကိုပိုကြိုက်ပေမဲ့လည်း မပြောတော့ပါဘူး။
            ဂါအူလ်း - " အမတို့ ချောကလတ်ကိတ်လုပ်ကြည့်ရအောင် "
        ၀န်းယောင်း - " အမကလုပ်တတ်တယ်လား "
           ဂါအူးလ် - " ကြားဖူးနား၀ရှိထားပေမဲ့လည်း စိတ်ချလိုက်....ဒီမမက ပထမဦးဆုံးလုပ်တဲ့အရာတွေဆို အတော်ဆုံးဖြစ်နေတတ်လို့ " 
   
>>>>>>>>>>>>

Either wayWhere stories live. Discover now