ရေစက်ရှိလို့ တွေ့ဆုံကြတယ်..
ရေစက်ကုန်လို့ ခွဲခွာကြတယ်ဆိုရင်...
ကျမ သိချင်တာက.. ဘယ်သူက
အဲ့ဒီ့ရေစက်ဆိုတာကို ဖြည့်ပေးပြီး..
သွန်ပစ်လိုက်တာလဲ ဆိုတာကိုပါပဲ...🍁🍁🍁
ဒီနေ့တော့ မရဲ့အဖေနဲ့မ ဟာ ကိုရီးယားကိုပြန်ရတော့မည်ဟုပြောထားသောကြောင့် အစောကြီးထဖြစ်သည် ။ အဲ့ဒီ့မှာမ ဟာအထက်တန်းတတိယနှစ်တက်ပြီးမှ ယောင်းတို့ရှိပြန်လာမည်ဟု မနေ့ကပြောထားသည် ။ အခုတော့ ယောင်းရှေ့ကခရီဆောင်အိတ်နဲ့မဟာ ဘာမှာချင်သေးလဲပြောလာကာ သူ့အင်းကျီထူထူပေါ်က ပုရွက်ဆိတ်လေးကိုဖယ်နေလေသည် ။ အင်းကျီအထူကြီးတွေကြားမှာ မ ကပျောက်နေသည်။
၀န်းယောင်း - " တစ်ခုပါပဲ...ယောင်းသိချင်တဲ့တစ်ခုပဲဖြေပေးခဲ့ပါ "
ဂါအူးလ် - " ဘာများလည်း....စကားပလ္လင်ခံနေတော့...ကြောက်တောင်ကြောက်လာပြီ " မ ဟာ ယောင်းကို၀မ်းမနည်းစေချင်သည့်အလား အပေါ့ပါးဆုံးပုံစံနဲ့စကားပြောနေသည်။ မ ရဲ့ပြေကျတော့မည့် မာဖလာလေးကို သွားစည်းပေးရင်းနဲ့
၀န်းယောင်း - " ဟိုတစ်ခါက....ယောင်းရှေ့မှာ....မကိုကြိုက်တယ်လို့ပြောသွားတဲ့အကိုကြီးနဲ့..... ရည်းစားတွေလား" ဆိုတော့ မ ဟာစဥ်းစားနေပုံပေါ်သည် ။ သိပ်လည်းမကြာသေးပါဘူး၃လနဲ့ ၅ရက်ပဲ ရှိပါသေးတယ်။
ဂါအူးလ် - " ခနနော် ယောင်း...အရမ်းများတော့မမှတ်မိတော့ဘူး "
၀န်းယောင်း - " ဟွန့် " ဆိုကာ လက်ပိုက်လိုက်တော့ ရယ်ကာ
ဂါအူးလ် - " အဲ့နေ့ကတည်းက တစ်ခါတည်းငြင်းခဲ့တာပါ...ကျမကိုအထင်ကြီးနေရင်တော့...စိတ်မကောင်းပါဘူး ကလေးထင်သလိုမမက ရည်းစားရှိမနေလို့လေ...ဒါနဲ့ ၃လလောက်ကြာနေတဲ့ဟာကို ခုမှသတိရတာလား " ခုမှသတိရတာမဟုတ်ဘဲ ခုထိနေ့ရောညပါ သတိရနေတာပါ ။ ဘာပဲပြောပြော ရင်ထဲမှာကျောက်ချထားတာကြာပြီဖြစ်တဲ့ ကျောက်ဆူးကြီးကခုမှ ပြန်တင်ကာ ရွက်လွင့်နိုင်တော့သည်မို့ ပြုံးကာ သူ့ဆံပင်ဂုတ်၀ဲလေးကို သေချာပြင်ပေးလိုက်ပြီး
၀န်းယောင်း - " ဟိုမှာ နေကောင်းအောင်ဂရုစိုက်ပါနော်....သွေးအားတိုးဆေးလည်းသောက်ဖို့မမေ့နဲ့အုံး....ပြန်လာလို့မှ ဒီထက်ပိန်သွားရင်...ယောင်ကအပစ်ပေးပစ်မှာနော် "
ဂါအူးလ် - " ကြောက်ပါတယ်"
၀န်းယောင်း - " မ ဖုန်းမဆက်ရင်တောင် ယောင်းဆက်မှာနော်..ပြီးတော့ အရေးကြီးဆုံးက ရည်းစားထားရင်...ယောင်းကိုလည်း အသိပေးပါ " ရည်းစားမထားနဲ့လို့ မှာရင် အတ္တကြီးသွားမလားလို့လေ မှာပိုင်ခွင့်လည်းမရှိပါဘူး ။
ဂါအူးလ် - " စိတ်ချ...ထားရင်မိတ်ဆက်ပေးမယ် "
၀န်းယောင်း - " မ ကလည်း "
ဂါအူးလ် - " စနေတာပါ...မထားပါဘူး ကိုယ့်ဟာကိုယ်တောင်မအားတာကို... ကဲသွားပြီနော်...ယောင်းလည်းဂရုစိုက်အုံး... ညီမLizရော ဂရုစိုက်ပေးလိုက်အုံးနော်... ရန်ဖြစ်မနေကြနဲ့အုံး " အမေတစ်ယောက်ရဲ့ ဈေးမသွားခင်မှာတဲ့စကားတွေနဲ့ ဆင်နေလို့ ၀န်းယောင်းအသံထွက်အောင်ထိရယ်မိသွားကာ တာ့တာလှမ်းပြလိုက်ပါသည်။ မ က ပြန်ကွေ့လာကာ ပြေးလာပြီး ၀န်းယောင်းကိုလာဖက်လို့ ကြောင်သွားပေမဲ့လည်းပြန်ဖက်ပေးလိုက်ပါသည် ။ ဖက်ထားရင်ကပဲ
ဂါအူးလ် - " အစစအရာအရာ ဂရုစိုက်ပါ ယောင်း..."
၀န်းယောင်း - " မ ရောပဲ "
ဂါအူးလ် အဖေ - " ကဲ...ဒီကလေးတွေ နှုတ်ဆက်လို့ မပြီးကြသေးဘူးလား " ထိုကြမှ မ ကခွာကာ
ဂါအူးလ် - " စာလည်းလုပ်အုံးနော် ကြားလား " ဆိုကာကားပေါ်တက်သွားသည် ။ မ စီးသွားတဲ့ကားလေး မြင်ကွင်းထဲကပျောက်သွားတဲ့အထိ လိုက်ကြည့်နေမိတယ် ။
ကားလေးပျောက်သွားတော့ မ ရဲ့အိမ်ကိုလှမ်းကြည့်မိတယ် ။ ခုကတည်းက လွမ်းနေရပြီပဲ ။ မ ထွက်သွားတာနဲ့ လောကကြီးကတိတ်ဆိတ်သွားသလို အခုရပ်နေတဲ့နေရာနဲ့ မြင်နေရတာတွေကပဲ မရင်းနှီးခဲ့ဘူးသလို။ ခုပြောနေတာတွေကိုအပိုလို့ထင်နိုင်ပေမဲ့ ၀န်းယောင်းလိုခံစားရဖူးတဲ့သူဆို ကောင်းကောင်းကြီးသိပါလိမ့်မယ် ။
YOU ARE READING
Either way
Romanceဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin