ဂစ်တာ အနက်ရောင်လေးအား ကြိုးညှိလိုက်ကာ အဆင်သင့်ပြင်လိုက်ပြီး မမတို့အိမ်ကိုသာ မနက်စောစော ထွက်လာလိုက်တော့သည် ။
တံခါးမခေါက်ခင် အရင်ဆုံးပြုံးလိုက်ကာ ပြီးမှ လက်ရွယ်တုန်း တံခါးက ပွင့်လာလေတော့ မမ မျက်နှာကို သွားခေါက်မိမှာစိုးလို့ ထိန်းလိုက်ရတာ အာမေဍိတ်သံတောင် ထွက်သွားရသည်။
Liz - " အိုး..."
တံခါးဖွင့်ရက်လေး ကြောင်နေသူက မမ မဟုတ်.....။ သူ့ကို တစ်ခါမှ မမအိမ်လာတာ မမြင်ဖူးခဲ့ပါ။ သူ့နောက်ကနေ မမရဲ့ အသံထွက်လာသည်။
ဂါအူးလ် - " အော်....ညီမ liz တောင်လာပြီပဲ....ဒါဆို အိုင်းရစ်ရေ...အမ လာပေးပါ့မယ်..."
ထိုကောင်မလေးဟာ မမဘက်လှည့်သွားပြီး
Iris - " ဟုတ်...အမ ညီမ ပြန်တော့မယ်နော် "
ဂါအူးလ် - " အွန်း...ဂရုစိုက်ပြန်အုံး....."
ထိုကောင်မလေး ပြန်သွားမှ
ဂါအူးလ် - " ဝင်ခဲ့လေ...ညီမliz "အိမ်ထဲရောက်တော့ ထိုင်ခုံမှာထိုင်လိုက်ပြီး ဂစ်တာတီးဖို့လက်ရွယ်ပြီးမှ သီချင်းပါဆိုမှာ ဖြစ်တဲ့အတွက်ကြောင့်
Liz - " အဟမ်း....အဟွန်း...အဟွန်း.....အဟမ်း....အဟမ်း "
လည်ချောင်းရှင်းဖို့ မေ့နေခဲ့လို့ ဆိုခါနီးမှ သလိပ်ကပ်နေသည်။ မမဟာ liz နဲ့ မျက်နှာချင်းဆိုင်ခုံလေးမှာ အခန့်သားလေး ထိုင်နေရင်း သီချင်းသံကို စောင့်နေပုံရကာ သီချင်းသံထွက်မလာတော့ ရယ်နေသည် ။
Liz - " ကဲမမရေ...ရယ်လို့ဝပြီလား...ဆိုတော့မယ်..."မမက မျက်နှာပိုးသတ်နေကာ
ဂါအူးလ် - " ဝပြီ..ဝပြီ....ဆိုပါ..အသင့်ပဲနားထောင်ဖို့ "
Liz - " ဒီနေ့ကရှယ်နော်မမ...အထူးရှယ်အနေနဲ့ တီးပေးမှာ..."
ဂါအူးလ် - " ဟုတ်ပါပြီ...ဒါနဲ့ ဘာအတွက်တုန်း ရှယ်က....တခုခုထူးခြားတဲ့နေ့များလား...liz ရဲ့..မွေးနေ့လည်း မဟုတ်သေးပါဘူး "
မမရဲ့ မွေးရပ်မြေကို အပြီးမပြန်ခင် အတွက်ပါဆိုတာကိုတော့ ရင်ထဲမှာပဲ....အသိပေးလိုက်ပါတယ်...။ lizတို့ ထုံးစံအတိုင်း ပြုံးပြီး ခေါင်းလေးခါလိုက်ကာ
YOU ARE READING
Either way
Romansaဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin