Either way ( Part - 6 )

27 2 0
                                    

ကိုယ်က...မင်းချနင်းခဲ့တဲ့
သစ်ရွက်လေးတစ်ရွက်ပဲဆိုတာကို
အချိန်နှောင်းမှ... သိခဲ့လေရဲ့..

🍁🍁🍁( ပုံက မမဂါအူးလ်ပါပဲနော် )

ယူဂျင်း ဒီနေ့ဆိုင်မဖွင့်နိုင်လောက်တဲ့ထိ စိတ်ပင်ပန်းနေပေမဲ့ ရအောင်ဖွင့်ပါမည် ။ ယူဂျင်းဆိုတာ ဘာမှ မဖြစ်သလိုနေပြတဲ့နေရာမှာ ကျွမ်းတယ်မလား ။ ဆိုင်တော့ဖွင့်လိုက်ပါပြီတဲ့ ခါတိုင်းထက်စောနေလို့လားပဲ customer တယောက်မှ မလာသေးပါ။ လီဆိုးလည်း မလာသေးတာကြောင့် ဆိုင်အတွက် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ထိုင်ငေးနေမိသည်။

" Excuse me..."
" Hey...."
ယူဂျင်းမျက်နာရှေ့ ရောက်လာတဲ့လက်တစုံမြင်မှ အသိ၀င်မိသည် ။ ဆိုင်ရဲ့ bell သံမကြားတဲ့အထိကို ယူဂျင်းအတွေးတွေလွင့် နေမိတယ်ထင်ပါရဲ့ ။ ကြည့်လိုက်တော့ အရပ်ရှည်ရှည်ကောင်မလေး နိုင်ငံခြားလိုလာပြောနေပေမဲ့လည်း ကိုရီးယားရုပ်ပါပဲ။

Yujin - " Ohh..hello what can I help you "
" Umm..can I get two sandwich and ice americano? "
Yujin - " Sure....you can read the book....while you waiting " တဆိုင်လုံးမှာရှိတဲ့ စာအုပ်စင်တွေကိုတော့ သူတွေ့ကောင်းပါရဲ့။ စေတနာနဲ့ပြောပြပေမဲ့လဲ သူကတော့ အလျင်လိုနေပုံပါပဲ ။ ယူဂျင်းလည်း မြန်မြန်သူမှာထားတာပေးလိုက်တော့ ပိုက်ဆံအမြန်ရှင်းပြီး ဆိုင်အပြင်မှာရပ်ထားတဲ့သူ့ကားစီကို ပြေးသွားသည်။ တဆက်တည်းမှာပဲ လီဆိုး သူ့စက်ဘီးလေးဒေါက်ထောက်ပြီး ဆိုင်ထဲ၀င်လာတာကိုလည်းတွေ့လိုက်ရပါသည် ။
လီဆိုး - " အံမယ်...အွန်နီးက ထူးထူးခြားခြား လီဆိုးကို မျှော်နေပါလား... တခါမှ မစောင့်စဖူး "
ယူဂျင်း - " မမလေး...ကျမကိုအာရုံမလွှဲပါနဲ့ ဒီနေ့နောက်ကျတယ် လစာဖြတ်မယ် "
လို့ပြောလိုက်တော့ စူပုတ်ကာသူ့နာရီကိုငုံကြည့်ပြီး
လီဆိုး - " ၃မိနစ်ပဲကို အွန်နီးကလည်း..."
ယူဂျင်း - " ကဲပါ အဲ့နှုတ်ခမ်းကြီးက ငါ့ထိုးမိအုံးမယ် ...သွားသွား... အမိ ကော်ဖိစိကြိတ်ချည်"

>>>>>>>>>>🍁

ကံဆိုးတာပါ ဒီနေ့ company မှာ project အသစ်အကြောင်းဆွေးနွေးနေလို့ အိမ်ပြန်နောက်ကျပါတယ်ဆို ကားကလာပျက်လေသည် ။ ဖုန်းထည့်ထားတဲ့အိတ်ကလည်း company မှာကျန်ခဲ့လေတော့ double ကံဆိုးတာပေါ့နော် ။ မှောင်ကာစပြုလာပြီမို့ ကားပေါ်ကမဆင်းရဲ ဒီနေ့မှ ​လူသွားလူလာလည်းသိပ်မရှိသည်မို့ ဘာလုပ်ရမလဲမသိတော့ ကားပေါ်မှာပဲထိုင်နေမိသည် ။
ခနအကြာကားမှန်ကို ခေါက်သံကြားလို့ ကြည့်လိုက်တော့ ထွားထွားကြိုင်းကြိုင်းလူကြီး၂ယောက် ။ ခုနေတံခါးဖွင့်လိုက်ရင် ဒုက္ခရောက်သွားနိုင်တာသိပါသည်။ စိတ်ထဲမှာတော့ကြောက်နေပေမဲ့ ကြောက်ဟန်မပြဘဲ မသိချင်ဆောင်ကာ ဆက်ထိုင်နေလိုက်မိသည် ။ ကားမှန်ကို ခေါက်တာက တဖြည်းဖြည်းအားပါလာပြီး ဂါအူးလ်ကိုဆင်းခဲ့ဖို့ပြောနေသည်။ ကာထဲမှာလည်းလက်နက်မရှိပါ ။ မှန်ကိုခွဲပြီး၀င်လာမဲ့ပုံပေါ်တာကြောင့် ဆင်းလိုက်ရသည် ။
ဂါအူးလ် - " ဘာကိစ္စမလို့ ကျမကားကို အရမ်းခေါက်နေရတာလဲ "
Man 1 - " သူပြောတာမှန်တယ် အကြောနဲနဲမာတယ်ကွ "
Man 2 - " ငါကလည်း အဲ့လိုမှသဘောကျတာကွ...သားကြီးရေ" ဆိုပြီး မျက်စပစ်ပြလိုက်လို့ တခုခုလုပ်တော့မယ်မှန်းသိလိုက်ပါသည်။ ပု၀ါလိုတခုခုနဲ့ နှာခေါင်းကိုလာအုပ်လို့ နောက်တလှမ်းဆုတ်ကာ အဲ့လက်ကိုကိုက်လိုက်ပါသည် ။ ဖွီး...ရွံစရာကြီးငန်တာ ။ ဂါအူးလ်း ကိုက်လိုက်လို့သွေးထွက်သွားတဲ့ သူ့လက်ကို ကြည့်ကာ
Man 1- " ခွေးမ..ငါ့လက်ကိုကိုက်တယ်ပေါ့ " ပြောပြီး ဒေါသတကြီးရှေ့တိုးလာကာ ရိုက်လိုက်လို့ မျက်စိဆုံမှိတ်ထားလိုက်မိသည်။ ဂါအူးပါးပေါ်ကျမလာတာကြောင့် မျက်စိဖွင့်ကြည့်လိုက်တော့
လီဆိုး - " မိန်းကလေးတယောက်ကိုလက်ပါနေတာလား..ဟက်..ကိုယ့်ဗလကြီးတွေမှ အားမနာ" လီဆိုးက ထိုလူ့လက်ကိုဖမ်းထားပြီး တွန်းလိုက်သည်မို့နောက်တလှမ်းတော့ဆုတ်သွားသည်။
Man 1 - " မင်းကိုသတိပေးလိုက်မယ်..မင်းနဲမဆိုင်ရင် ကိုယ့်လမ်းကိုသွားလိုက်တာကောင်းမယ် ကလေးမ"
လီဆိုး - " ခက်တော့ခက်နေပါပြီ..ဆိုင်နေတော့လည်း ကျော်မသွားနိုင်ဘူးဖြစ်နေတယ် "
Man 2 - " ဟေ့ရောင်ပြောမနေနဲ့ သူ့ပါရှင်းကွာ " ဟိုလူပြောပြီပြီးချင်းပဲ လီဆိုးကအရင်မျက်နာကို အားပါပါတီးလိုက်သည်မို့ ဟန်ချက်ပျက်နေချိန် လဲကျသွားအောင်ခြေထောက်ကို ဖြတ်ကန်ပြီး နောက်တယောက်နဲ့ဖိုက်နေတော့သည်။ ဂါအူးလ် ကဘာ၀င်လုပ်ရမလဲမသိပါ ။ လမ်းဘေးမှာ တုတ်တစ်ချောင်းတွေ့လို့ ကောက်လိုက်ပြီး လဲနေတဲ့လူကို ရိုက်ဖို့သွားတော့
လီဆိုး - " အွန်းနီး သူ့နားမသွားနဲ့ ကားပေါ်မှာနေ " ဖိုက်နေတဲ့ကြားက ဂါအူးလ်ကိုလှမ်းအော်တော့ သတိလွတ်ပြီး ရှောင်ချိန်မရလိုက်ပုံပေါ်ကာ လီဆိုးလဲသွားတာမြင်လိုက်ရသည် ။ လဲနေတဲ့လီဆိုးကို ထိုလူဟာ ၂ချက်၃ချက်ပိတ်ကန်နေသည်။
ဂါအူးလ် - " လီဆိုး..."
Others - " ဟေ့..ဟေ့ ဟိုမှာ ရန်ဖြစ်နေကြတာလားမသိဘူး " လူသံတွေကြားမှ ဟိုလူ၂ယောက်ဟာ ထွက်ပြေးသွားတော့သည် ။
ဂါအူးလ် - " လီဆိုး....လီဆိုး အဆင်ပြေရဲ့လား..ထနိုင်လား" သူ့ဗိုက်ကိုကိုင်ကာ ထလာသည်မို့ ကူတွဲပေးလိုက်ရသည် ။
ဂါအူးလ် - " ဆေးရုံသွားရအောင် "
လီဆိုး - " မသွားချင်ဘူး...အွန်နီး "
ဂါအူးလ် - " ဖြစ်ပါ့မလား..ဟူး...မင်းသဘောပါပဲ "
လီဆိုး - " ဒီပုံစံကြီးနဲ့ အိမ်ပြန်သွားရင် အမေဆူလိမ်မယ် "
ဂါအူးလ် - " ဒါဆိုတို့အိမ်လိုက်ပြီးဆေးထည့်လိုက်ပါ ပြီးမှပြန်လိုက်ပို့ပေးမယ် မင်းအမေကိုတို့ ရှင်းပြပေးပါ့မယ် " ဆိုတော့ သူက သဘောတူသည် ။ တက္ကစီငှားလို့ ရတဲ့နေရာထိ သူ့ကိုတွဲကာ လျှောက်လာရသည်။
အိမ်ရောက်တော့ အဖေကဧည့်ခန်းထဲမှာကျောပေးကာ စာရင်းတွေလုပ်နေသည်မို့ ဂါအူးလ်တို့ အသံမကြားအောင်တိတ်တိတ်လေးခြေသံဖွကာ ၀င်လာရသည်။ ဂါအူးလ် အခန်းထဲရောက်တော့ သူကတောင့်တောင့်ကြီးရပ်နေသည်မို့ ကုတင်ပေါ်ထိုင်ခိုင်းပြီး ဆေးသေတ္တာ သွားယူရသည်။ ထိုင်ခိုင်းစရာကလည်း ကုတင်အပြင်မရှိဘူးလေ ။ ဂါအူးလ်က အခန်းဆိုရင် ရှင်းရှင်းလင်းလင်းကြိုက်လို့ အခုတော့အရှင်းလွန်သွားပုံပင်။ သွေးထွက်နေတဲ့ သူ့နှုတ်ခမ်းထောင့်စွန်းကို ဂွမ်းနဲ့ဆေးနဲ့ပိုးသတ်ပေးတော့ မျက်နှာတချက်မဲ့သည်။ စပ်သွားလို့ထင်ပါရဲ့ ။ သူ့နှုတ်ခမ်းကို ကြည့်နေရင်း အဖြစ်အပျက်တစ်ခုကို မြင်ယောင်လာလို့ ခေါင်းခါလိုက်ကာ
ဂါအူးလ် - " မျက်နာကတော့ ကြီးကြီးမားမားမတွေ့မိဘူး...ခုနကအများကြီးအကန်ခံလိုက်ရတာတွေ့တယ် ဘယ်နားတွေလည်းပြ " သူကပြဖို့ရှက်နေပုံပေါ်တာကြောင့်
ဂါအူးလ် - " မိန်းကလေးချင်းပဲမလို့ ကိုယ့်အမတစ်ယောက်လို့ သဘောထားလိုက်ပါ " ဆိုမ သူကကျယ်သီးဖြုတ်လေသည် ။ကိုယ့်အမ တစ်ယောက်လို သဘောထားလို့မရတာကိုတော့ လီဆိုးတစ်ယောက်ပဲ သိပါလိမ့်မည်။ စောနကရှက်နေတာ သူမဟုတ်သည့်အတိုင်းပင် ။ ကျယ်သီတွေအကုန်ဖြုတ်ပေးတော့....ကြွက်သားစိုင်ခြောက်ခုနဲ့အတူ အညိုမည်းဆွဲနေသည်များကိုတွေ့ရသည် ။ အင်း....ထင်တော့မထင်ရဘူးပေါ့ ဒီကလေးက ဗလတွေထွက်နေမှန်း ။
ဂါအူးလ် - " ဗိုက်ကိုတော့ ကိုယ့်ဘာသာဆေးလူးနိုင်တယ်မလား..ရော့ "
လီဆိုး - " ဟုတ်ကဲ့"
ဆိုတော့ သူ့ဘာသာဆေးလူးနေတုန်း ဂါအူးလ်ကျောပေးထားလိုက်တယ်..သူလွတ်လွတ်လပ်လပ်ရှိအောင်လို့ပါ။
ဂါးအူးလ်- " ပေး..ကျောကိုတချက်ကြည့်ပြီး လူးပေးရအောင်" ခက်ပြီပဲ ခုမှ စဥ်းစားမိတယ်။ အဲ့လိုဆို သူကအ၀တ်တွေအကုန်ချွတ်မှာလား ။
ဂါအူးလ် - " ရော့..ရော့ ကိုယ့်ဘာသာလူးလိုက်တော့..အမ အဖေနားသွားလိုက်အုံးမယ်" အခန်းအပြင်အမြန်ထွက်ကာ အောက်ထပ်က ဧည့်ခန်းထဲမှာခေါက်တို့ခေါက်ပြန်လျှောက်နေမိတော့ စာရင်းလုပ်နေတဲ့ အဖေက မျက်မှန်ကိုင်းကို ကျော်ကာလှမ်းကြည့်သည်မို့ ရီပြလိုက်ပါသည်...အဖေ့ကို။ သူ့စာရင်းသူဆက်လုပ်နေသည်မို့ တော်သေးတယ်။ ၅မိနစ်လောက်ကြာမှ အခန်းထဲကိုပြန်၀င်လာတော့ ချာတိတ်က ကုတင်ပေါ်ကဆင်းကာ ကြမ်းပြင်မှာ ထိုင်နေသည်ကိုတွေ့ရသည်။
ဂါအူးလ် - " အဖေကလည်း မအိပ်သေးဘူး.." လက်ကနာရီကိုကြည့်လိုက်တော့ ည၇နာရီခွဲနေပြီ
ဂါအူးလ် - " ဒါနဲ့မင်းဗိုက်ဆာနေပြီလား"
လီဆိုး - " အားနာပေမဲ့...ဟုတ် ခုနကဖိုက်လိုက်ရတော့ ဗိုက်ဆာသွားလို့"
ဂါအူးလ်- " လာ..ထ"

လီဆိုးရဲ့လက်ကိုဆွဲကာ ဧည့်ခန်းကိုဖြတ်တော့ အမရဲ့အဖေကလှမ်းကြည့်ပြီးဘယ်သူလဲ မေးသည်မို့
ဂါအူးလ် - " သမီးရဲ့ ညီမလေးလိုရင်းနှီးတဲ့သူပါအဖေ..."
လီဆိုး - " ဟုတ်..လီဟျောင်းဆိုးလို့ခေါ်ပါတယ်"
ဥက္ကဌကြီး - " ကောင်းပြီ...သမီး အဖေလည်းပင်ပန်းလာလို့ အနားယူတော့မယ် " အမကိုပြောပြီး လီဆိုးကိုကြည့်ကာ
ဥက္ကဌကြီး - " မိုးချုပ်နေပြီနော်သမီး..လီဟျောင်းဆိုး..အိမ်မှာပဲ အိပ်လိုက်တော့....ဂါအူးလ်ပြီးရင် ဒီကလေးမလေးကို အပေါ်ထပ်မှာ အိပ်ဖို့စီစဥ်ပေးလိုက်..အိမ်ရှင်ပီသပါစေ ဂါအူးလ်"
ဂါအူးလ် - " ဟုတ်ကဲ့ပါအဖေ"
အမက သူ့အဖေကို ချစ်ကြောက်ရိုသေပုံမျိုးပါပဲ။ အမရဲ့ အမေကိုမတွေ့မိပါလား မေးလို့ကောင်းတဲ့မေးခွန်းတော့မဟုတ်နိုင် ။ လီဆိုးကို စာပွဲမှာ ထိုင်ခိုင်းပြီး အသေးလေးကတော့ ညစာအတွက်ပြင်နေလေသည်။
ဂါအူးလ် - " တို့ကအမေမရှိတော့ဘူးလေ " အလိုတော် အသေးလေးက စိတ်ဖတ်နိုင်စွမ်းရှိနေသည်လားပဲ ။ ဒါဆို ကျမရဲ့မရိုးသားတဲ့စိတ်တွေကိုရောသူမြင်နိုင်လား ။
ပြင်ဆင်လို့ပြီးသွားတော့သူပါ မျက်နာချင်းဆိုင်မှာ ၀င်ထိုင်ပြီး
ဂါအူးလ် - " တို့ငယ်ငယ်လေးကတည်းက ဆုံးသွားတာလေ..အဖေကစည်းကမ်းသိပ်တင်းကျပ်တယ် ဒါကြောင့်လည်းဒီနေရာထိ မ ရောက်နိုင်ခဲ့တာ.." မိခင်မေတ္တာကို အမကမခံစားရဖူးလောက်တာမလို့ တရက်လောက်အိမ်ခေါ်သွားချင်ပါသည်။ အော်မေ့နေတာ တသက်လုံးလည်းခေါ်ထားလို့ရနိုင်တာပဲနော့...ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။ ဒါနဲ့ အမကသူ့ကိုယ်သူ မ လို့ပြောလိုက်သလားလို့ ။ အမက သတိထားမိသွားဟန်နဲ့
ဂါအူးလ် - " ဆောရီး.... တို့ အသိတယောက်ကိုပြောနေကျမလို့...အကျင့်ပါသွားတာ " သိချင်မိသား ဘယ်လိုအသိကိုများ မ လို့သုံးနှုန်းပြီးပြောသလဲ ။ ဟုတ်သား အမက အသက် ၂၀ ၊ ၂၁ လောက်ရှိမည် ရည်စားရှိနိုင်တာပေါ့ ။ အတွေးကြောင့် ရင်ပြည့်လာသလိုနဲ့ သူပြင်ပေးထားတာကိုတောင် မစားနိုင်တော့ပါ ။ အတင်းရေနဲ့မျောချရသည်။ လီဆိုးဖုန်း၀င်လာလို့ ခနနော်လို့ပြောပြီး ကြည့်လိုက်တော့ မေမေဆက်တာဖြစ်သည် ဟုတ်သားစိတ်ပူနေတော့မည်။ အမေဘာမှ မပြောခင်လီဆိုးအရင်ပြောမှရမည်။
လီဆိုး - " အမေ..သမီးဒီနေ့ အသိအမရဲ့ အိမ်မှာ အိပ်မလို့.... သူအိမ်မှာတယောက်တည်းမအိပ်ရဲဘူးဆိုလို့ မေမေမယုံရင် ကိုယ်တိုင်မေးကြည့်ဘေးမှာရှိတယ်" မျက်လုံးနဲ့စစ်ကူတောင်းကြည့်တော့ သဘောပေါက်ပုံပေါ်သည်မို့ သူ့ကိုဖုန်းပေးလိုက်ပြီး
ဂါအူးလ် - " ဟုတ်ပါတယ် အန်တီ ကျမ အဖေက အလုပ်ကိစ္စနဲ့ခရီးသွားတော့...အန်တီ့ကိုခွင့်မတောင်းဘဲ ခေါ်ထားသလိုဖြစ်သွားတယ် "
လီဆိုးအမေ- " မဟုတ်တာသမီးရယ်..ကြာကြာခေါ်ထားလေကောင်းလေပဲ အိမ်မှာ မျက်စိတွေကိုနောက်လို့..ခေတ်ကြီးကလည်းမကောင်းတော့ ၁ယောက်တည်းထက်စာရင်အဖော်လေးနဲ့ဆိုတော့ တော်သေးတာပေါ့ကွယ်...ဒါဆိုစိတ်ချပါပြီ ဒါဘဲနော်သမီး"
ဂါအူးလ် - " ဟုတ်ကဲ့အန်တီ " လီဆိုးကိုဖုန်းပြန်ပေးပြီး
ဂါအူးလ် - " မင်းဆက်မစားတော့ရင်..အပေါ်ထပ်က မင်းအိပ်ရမဲ့အခန်းကိုလိုက်ပြပေးမယ် " လီဆိုးလည်းခေါင်းသာညိတ်ပြပြီး သူ့နောက်လိုက်ရသည်။ ဂါအူးလ်ရဲ့ ဘေးချင်းကပ်လျက်အခန်းကိုပင်။
အခန်းက သော့တောင်ခတ်ထားသည် ။ သော့ကိုဖွင့်ပြီးသူ့နောက်ကလိုက်၀င်လိုက်တော့ တခန်းလုံးနီးပါး အနီရောင်တွေနဲ့ပဲပြည့်နေသည် ။ပရိိဘောဂတွေကအစ အခန်းနံရံတွေအဆုံး အရောင်အနုအရင့်ပဲကွာသည်။ သော့ခေတ်ထားလို့ ဖုန်တွေတက်နေမယ်ထင်တာ လီဆိုးရဲ့အခန်းထက်တောင် အများကြီးပိုပြီး သန့်ရှင်းနေ​ပါသည်။
ဂါအူးလ် - " ဒါတို့ညီမလေးတယောက်ရဲ့အခန်းပဲ..သူကနိုင်ငံခြားမှာ မလို့" အမကို တဦးတည်းသောသမီးမှတ်နေတာကို ဒါနဲ့ စကားကထူးဆန်းနေသလိုပဲ ညီမဆိုလည်းညီမပေါ့ ညီမလေးတယောက်ဆိုတာကဘာလဲ..တယောက်ထပ်မကရှိတာလား။
ဂါအူးလ် - " မင်းဒီနေ့ပင်ပန်းထားတော့ စောစောအိပ်လိုက်ပါ..ဒီမှာ အကိုက်ခဲပျောက်ဆေး မအိပ်ခင်သောက်လိုက်အုံး "ဘေးက စားပွဲပေါ်တင်ပေးပြီးပြောလာသည် ။ သူကဂရုစိုက်တတ်သားပဲ ။
လီဆိုး - " ဟုတ်..ကောင်းသောညပါ" ပါးစပ်ကပြုံးနေတာမရပ်နိုင်ဘဲ ပြောလိုက်မိသည်။
ဂါအူးလ် - " ခုမှပဲ မင်းကပြုံးတော့တယ်..မသိရင် ငါကပဲပြန်ပေးဆွဲထားသလိုလို စကားများတဲ့မင်းက စကားလည်းသိပ်မပြောတော့......ကောင်းသောညပါ " ဟင်...တို့လို့တန်းလန်းကြီး စကားကိုဖြတ်ဖြတ်ချရတာအသေးလေးက ကြိုက်ပုံပေါ်သည်။ အသေးလေးမှာ ရည်းစားရှိမရှိသေချာအောင်လုပ်ရမည် ။ ခုတော့သူ့အကြောင်း အိပ်မက်ထဲထည့်မက်အောင်ကြိုးစားရမည်။

>>>>>>>>>>

ပြောင်းရွှေ့ စာကျလာပြီပင်ဖြစ်သည်။ နောက်ဆုံးတော့ မွေးရပ်မြေကိုပြန်နိုင်တော့မှာမလို့ အတိုင်းမသိ၀မ်းသာရပါသည် ။ ဆယ်နစ်မျှရှိပြီမဟုတ်ပါလား.....

>>>>>>>>>>
Rei အရင်ကထက်စာရင် လူတွေရဲ့မျက်လုံးတွေကို ပြန်ကြည့်လာနိုင်နေပြီ ကိုယ့်ကိုကိုယ် ပြုပြင်လာသောကြောင့်ပင် ။ အတန်းချိန် တော်တော်ကျော်နေပေမဲ့လည်း ဆရာမ ရောက်မလာသေးတာကြောင့် ဘေးကလီဆိုးကို ကျောင်းမှာပွဲတွေဘာတွေ ရှိလို့လားမေးကြည့်တော့ သူလည်းမသိဘူးဟုပြောလေသည်။ လီဆိုးကြည့်ရတာ နေမကောင်းသလိုပဲမလို့
ရဲအီ - " လီဆိုး...နင်နေရောကောင်းရဲ့လား...ဖြူဖပ်ဖြူရော်နဲ့ "
လီဆိုး - " ကောင်းပါတယ် ရဲအီ"
အတန်းပိုင်- " ကဲကဲ ကလေးတို့ စကားမများကြနဲ့တော့..ဒီနေ့ဆရာမတို့ကျောင်းကို ဂီတဆရာအသစ်ရောက်လာတယ်..အခုရုံးခန်းမှာ ခနနေလာလိမ့်မယ် "
" အမ.."
အတန်းပိုင် - "နဲ..အော်ရောက်လာပြီလား..လာ..ညီမ" လူကိုမမြင်ရဘဲ အမ ဆိုတဲ့ အသံချိုချိုကြောင့် ကျောင်းသူတွေက သိချင်နေကြပုံပေါ်သည်။ ၀င်လာတော့ အရင်ဆုံးမျက်လုံးထဲတန်းမြင်တာက အပေါ်ပိုင်းမှာခရမ်းရောင်နဲ့ အောက်ဖျားနားမှာ ပန်းနုရောင် ဆိုးထားတဲ့သူ့ဆံပင်ကိုဖြစ်သည်။

( ကာရိုက်တာလေးတွေ၆ယောက်စုံပါပြီ ဒါမဲ့အရေးကြီးတဲ့တယောက်ကျန်နေသေးတယ် )

Part - 6 End>>>>>>>>>

🍁🍁🍁

Falling in Sunbae

Either wayWhere stories live. Discover now