Either way ( Part - 17 )

26 2 0
                                    

              တစ်ချိန်က...    
              နေကြာပန်းလေးတွေရဲ့
              အဓိပ္ပါယ်ကို....မသိခဲ့ဘူး...
              ကိုယ်တိုင်...နေကြာပန်း
              ဖြစ်နေမှန်းလည်း မသိခဲ့ဘူး....
              တစ်ချိန်ကပေါ့လေ....

🍁🍁🍁

             ဒီနေ့တော့ ဝန်းယောင်းတစ်နေရာကို မနဲ့အတူသွားချင်နေတယ် ။ မနဲ့ငယ်ဘဝအမှတ်တရတွေရှိဖူးတဲ့ ကစားကွင်းလေးကိုလေ ။
             မနက်စာပါသူ့အိမ်မှာစားခိုင်းသောကြောင့် ဝန်းယောင်း ထိုင်စောင့်နေရသည်။ မ ကသူတစ်ခုခုလုပ်နေရင် ဝင်ကူတာမျိုးမကြိုက်တတ်ဘူး....ကူညီပါအုံးဟ..ဆိုမှ ဝင်ကူရသည်...ခုတော့ ပြောမဲ့ပုံမပေါ်ပါဘူး ။ မနက်စာပြင်ပေးနေတဲ့ မ ရဲ့ကျောပြင်သေးသေးလေးက ချစ်စရာလေးမို့ ကြည့်နေရင်းနဲ့ ဝန်းယောင်းအသည်းယားလာပြီး နောက်ကနေသွားဖက်လိုက်ချင်စိတ်တွေတဖွားဖွား။ မ ဟာပန်းကန်လေးကိုင်ပြီး ဒီဘက်လှည့်လာကာ ယောင်းကိုကြည့်ပြီး သူ့မျက်ခုံးသေးသေးလေးတွေကို ကျုံ့ပစ်လိုက်သည်။

Gaeul - " ဘာတုန်း....မ ကိုကြည့်ပြီး...လှောင်ရယ်နေတယ်ပေါ့...သိနေတယ်...သူထွားလာတယ်ဆိုတိုင်း " တလွဲလေးတွေ ထင်နေလို့ အားရပါးရရယ်မိသွားသည်။

Wony - " ဟား...ဟား...ဟား...မဟုတ်ပါဘူး...မ ကချစ်စရာလေးမလို့ပါ " ဆိုတော့ ပန်းကန်လေးချပေးလာရင်း သူပါဝင်ထိုင်ကာ

Gaeul - " ဟွန့်.....အလျှောက်ကောင်းလို့...အထောင်းသက်သာသွားတယ်..မှတ်ပါ..ဝန်းယောင်းရှီး..."

Wony - " ဒါနဲ့..မ ဒီနေ့အားလား "
Gaeul - " အားတယ်လေ...ယောင်း "

Wony - " ယောင်းတို့..တစ်နေရာသွားရအောင်လေ "
Gaeul - " အွန်း...ဘယ်သွားမှာလဲ "

Wony - " ယောင်းတို့..သုံးယောက်ငယ်ငယ်က သွားနေကြ...ကစားကွင်းလေးကိုလေ..." မ ဟာစားနေတာရပ်ကာ
Gaeul - " ကစားကွင်း....."
Wony - " အင်းလေ..မ..ယောင်းတို့မရောက်တာဖြင့်..ကြာလှနေပြီကို "

Gaeul - " ဟင်း....ကလေးတွေလည်း မဟုတ်တော့ပဲကို...ကစားကွင်းကြီးကျ..."
Wony - " မ ကလည်း....ကလေးလူကြီးမဆိုင်ပါဘူး...သွားရအောင်လေနော်...နော်လို့..မ.."
Gaeul - " ကဲ..ဒါဆိုလည်း...ယောင်းသဘောကွာ.."
Wony - " ဟီး....ဒီလိုမှပေါ့..မရဲ့..ပျော်စရာကောင်းမှာပါ "

Either wayWhere stories live. Discover now