(ချစ်ရတဲ့ဂါအူးလ်ရဲ့ဆံပင်တိုပုံလေးပါနော်)
မုန်းလိုက်စမ်းပါလား...အချစ်ရယ်..
ကိုယ်ကရက်စက်လက်စနဲ့
အဆုံးထိ ရက်စက်ပစ်လိုက်တော့မှာမလို့
ကိုယ့်ကိုမုန်းလိုက်ပါ...
🍁🍁🍁
boy - " စိတ်မရှိရင်...ကျွန်တော်နာမည်လေးသိလို့ရမလား "
Gaeul - " စိတ်ရှိတာမလို့ မင်းသိခွင့်မရှိဘူး " ၀န်းယောင်း အားနာပါတယ် ပြောမလို့ပဲရှိသေး လက်ကိုလာဆွဲကာ ၀င်ပြောလိုက်တဲ့မကြောင့် ကြောင်သွားရသည်။
Boy - " ကျွန်တော် သူ့ကိုမေးတာပါ "
Gaeul - " မင်းပြောနေတဲ့သူဆိုတာ တို့ရည်းစားပဲ " မယုံသလိုနဲ့ ၀န်းယောင်းကို ထိုလူကကြည့်လာသည်မို့
Wony- " လာပါမ..သွားရအောင်.. ရှင့်ကိုလဲ တောင်းပန်ပါတယ် "
ရှေ့ကနေ ရေခဲမုန့်၂ခုကိုင်ကာ ၀န်းယောင်းကိုမစောင့်ပဲသွားနေပုံအရ စိတ်ဆိုးနေတာ သေချာသည် အကြောင်းရင်းကိုတော့ မသိ ။ ဟိုလူက ၀န်းယောင်းရဲ့နာမည်ကိုသိချင်လို့လား ၊ သူ့ကိုမေ့ထားသလိုဖြစ်သွားလို့များလား။ ဒါဆို တို့ရည်းစားလို့ပြောလိုက်တာကရော ဘာအဓိပ္ပာယ်လဲ ။မေးစရာတွေသိပ်များနေပြီမို့အမှီလိုက်ကာ လက်ကိုလှမ်းဆွဲလိုက်ပြီး
Wony - " နေပါဦး မ....ယောင်း တခုခုများအမှားလုပ်မိသွားတာ ရှိရင်ပြောပါ...ယောင်းကိုဒီလိုတော့မလုပ်ပါနဲ့ " ၀န်းယောင်းကို လှည့်ကြည့်လာတဲ့သူ့မျက်၀န်းတွေက...အို....မ ဒေါသထွက်နေပါကောလား
Gaeul - " ဘာလို့ သူ့ကိုတောင်းပန်ရတာလဲ "
Wony- " ဟုတ်ပြီ မ ယောင်းရှင်းပြမယ်...မ ကရေခဲမုန့်သွား၀ယ်တာ စတော်ဘယ်ရီအရသာစားမှာလို့ မပြောလိုက်ရလို့ လိုက်ပြောမလို့ ထလိုက်တာ သူကစက်ဘီးစီးလာရင်း ထိုင်ရာက ထရပ်လိုက်တဲ့ ယောင်းကို ရှောင်လိုက်တာ ဘယ်လိုလဲတယ်မသိ လဲသွားပါလေရော အဲ့တာကြောင့် ယောင်းက စက်ဘီးကိုထူပေးလိုက်ပြီး တောင်းပန်တာ...လူကိုမဟုတ်ဘူးနော် စက်ဘီးကိုထူပေးတာ " ခုမှ မရဲ့ မျက်နာပေါ်က ဒေါသတွေက အနည်းငယ်ပြေလျော့သွားတာမြင်ရသည် ။
Wony - " ကဲ မ ရှင်းပြရမဲ့ အလှည့်ထင်တယ်နော် " ဥာဏ်ကောင်းတဲ့ မဟာ သဘောပေါက်ပုံပေါ်သည်။
Gaeul - " အဲ့တာက... အဲ့လူ ယောင်းကိုထပ်မေးနေမှာ စိုးလို့ " ပြောပြီးယောင်းကိုမကြည့်တာကြောင့် သူ့ရှေ့သွားရပ်လိုက်ပြီး
ပြုံးစစ မျက်နှာလုပ်ကာ
Wony - " အွန်းနီးကလည်း သူကခင်ချင်လို့နေမှာပေါ့ " ဆိုတော့ မျက်စောင်းထိုးကာ " သွားမိတ်ဆက်ပြီး ဖုန်းနံပါတ်ပါ ပေးလိုက်ချည်....သွား " တဲ့ မ ဘာဖြစ်နေလဲ သေချာမသိပေမဲ့ ချစ်ဖို့အရမ်းကောင်းလို့ ဖက်လိုက်မိသည် ။ပြန်တော့ ဖက်မလာပါရေခဲမုန့်တွေကိုင်ထားရလို့ဖြစ်နိုင်သည်။ ဖက်ထားရာကခွာလိုက်ပြီး မရဲ့ ပုခုံး၂ဖက်ကိုကိုင်ကာ သူ့မျက်၀န်းလေးတွေကိုခါးအနည်းငယ်ကုန်းကာစိုက်ကြည့်လိုက်ပြီး
Wony - " စောနက မ ယောင်းက.. တို့ရည်းစားပဲလို့ ပြောလိုက်တာ.. သိပ်သဘောကျတယ်သိလား " မ ကအကြံအိုက်နေပုံနင့် ပြီးမှ
Gaeul- " မ ကမင်းကို မဟုတ်တရုတ်လူတွေလက်ထဲ မပါသွားစေချင်ရုံပါ...သူ့ပုံစံက လမ်းသရဲလိုလိုဘာလိုလိုနဲ့ကို...ပြီးတော့မင်းကလဲကျောင်းသူရှိသေး " ဘယ်လို လမ်းသရဲအမျိုးအစားက ကစားကွင်းထဲ စက်ဘီးလာစီးပါလိမ့်နော် ထိုအတွေးကိုသာ မ ကြားလျင် ၀န်းယောင်းကို ခုန်ပြီးထုလောက်သည်။ ဒါပေမဲ့ မ ပြောတဲ့ထဲမှာ စိတ်ဆိုးစရာတခုပါသည်။
Wony - " ဒီမှာ မ ယောင်းက မဟုတ်တရုတ်လူတွေ လက်ထဲပါသွားရအောင် အသိဥာဏ်မဲ့နေလို့လား...ဒါမှ မဟုတ် တွေ့သမျှ ယောက်ကျားတိုင်းနဲ့ တွဲနေလို့လား "
Gaeul - " မ အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး....မင်းက ကျောင်းသူဆိုတော့ စာကလွဲပြီး တခြားစိတ်ရောက်သွားမှာ ဆိုးလို့ပါ...အခုလို၀င်ပြောရအောင် ဒါက ယောင်းရဲ့ ကိုယ်ရေးကိုယ်တာ ဆိုတာသိပါတယ်.... ဒါကြောင့်နောက်ဆို ယောင်းပြောချင်တဲ့သူနဲ့ ပြောပါ...တွဲချင်တဲ့သူနဲ့တွဲပါ... မ ဘာမှမပြောတော့ပါဘူး " တိမ်၀င်သွားတဲ့ အသံကြောင့် မ ၀မ်နည်းသွားပြီဆိုတာသိလိုက်မှ ကိုယ့်ကိုယ်ကို ဒေါသထွက်ရပြန်သည်။
Wony - " တကယ်လား မ ... တွဲချင်တဲ့သူနဲ့ တွဲလို့ရတယ်ဆိုတာ "
Gaeul - " ယောင်းရဲ့ လွတ်လပ်ခွင့်ပဲလေ " လို့ပြောပြီး ယောင်းကိုကျော်ပြီး ငေးနေပြန်သည်။
Wony - " ချစ်တယ် " ဆိုတော့ သူ့ဆံပင်ဂုတ်၀ဲလေးတွေခါသွားတဲ့အထိကို အံဩတကြီး လှည့်ကြည့်လာလို့ ဇာတ်လည်သွားမှာတောင်ကြောက်ရသည်။
Gaeul - " ဟမ်..." အူတူတူလေးဖြစ်နေတာက အူယားစရာ ကောက်နမ်းလိုက်ရမလား ။
Wony - " မကို ချစ်တယ် ညီအမလို မဟုတ်ဘူး ယောင်းဘ၀ရဲ့ လက်တွဲဖော်အဖြစ် " ဘာမှ မပြောပဲတိတ်ဆိတ်နေတဲ့ မကြောင့်
Wony - " မ ချက်ချင်းကြီးအဖြေမပေးလဲရတယ်.... မဖြေချင်လည်းရတယ်.. မ သိထားရမှာက မကိုယောင်းချစ်တယ် " ဂါအူးလ်စကားပြောဖို့ ပါးစပ်ဟ လိုက်ချိန်မှာပဲ
Wony - " ကျောင်းသူပဲ ရှိသေးတာကြောင့် စာကိုပဲလုပ်ဖို့ပြောမလို့မလား " ယောင်းက သိပ်လည်သည် ဂါအူးလ်ပြောချင်တာ ထိုစကားမဟုတ်ပါ ။
Wony - " ကဲ...မရေ... ရေခဲမုန့်တွေအရေပျော်ကုန်တော့မယ်... လာ " ဆိုပြီး လက်ဆွဲကာအနီးနားက ခုံတန်းရှည်လေးမှာ ထိုင်ခိုင်းပြီး ဂါအူးလ် လက်ထဲက ရေခဲမုန့်တခုယူကာ
Wony - " မက ယောင်းအကြိုက်ကိုသိနေတာပဲ.... မှာစရာတောင်မလိုဘူး " တကိုက်ကိုက်လိုက်ရင်း
Wony - " မ ကိုယောင်းငယ်ငယ်လေးကတည်းက ချစ်နေခဲ့တာသိလား " မ ကတော့ရေခဲမုန့်စားရင်းယောင်းပြောတာ နားထောင်နေသည်။
Wony - " အိမ်မှာ ဆိုအမြဲအနှိမ်ခံရတဲ့ ယောင်းတို့ညီမ၂ယောက်ကို မက နွေးနွေးထွေးထွေးဆက်ဆံပေးခဲ့တာ....
မ နားရောက်ရင် လုံခြုံသလိုခံစားရတာတွေ.... ကျောင်းမှာလဲ ယောင်းတို့ညီမ၂ယောက်ဘက်က ကာကွယ်ပြောပေးခဲ့တာနော် မက "
ယောင်းရယ်သံနှောပြီးပြောလိုက်ပါသည် ၊ မ ကတော့ရေခဲမုန့်လေးစားလိုက် ယောင်းပြောတာတွေ နားထောင်ပြီးစဥ်းစားနေလိုက်နဲ့ တချက်တချက် ယောင်းမျက်နာကိုလည်း လှမ်းလှမ်းကြည့်ပါသေးသည်။ ဘာမှ၀င်မပြောသေးတာလဲကောင်းပါတယ် မ ရဲ့တန်ပြန်လာမယ့်မေးခွန်းတွေအတွက် အဖြေမရိမှာနဲ့ မ ရဲ့နာကျင်ရမဲ့အဖြေကို ယောင်းမကြားချင်သေးပါ။
ချစ်တယ်လို့ ပြောလိုက်တုန်းက မ ကဆိုးဆိုးရွားရွားတုန့်ပြန်မယ့်သူ မဟုတ်မှန်းသိလို့ ပြောရဲတာပါ ၊ မျှော်လင့်ချက်သေးသေးလေးနဲ့ ပြောခဲ့ပေမဲ့လည်းထင်ထားသလို
အဖြေပြန်မရဘဲ တည်ငြိမ်နေတဲ့ မ ရဲ့မျက်၀န်းတွေကြောင့် ယောင်းသိလိုက်ပါတယ် မ ကသူ့ကို ညီမလေးတယောက်ထက် မပိုသေးဘူးဆိုတာ ။
နောက်နေ့တွေမှာတော့ မ ကယောင်းကိုရှောင်ပါသည် ။ သိသိသာသာကြီးကိုပါပဲ ။ ယောင်းကို ကျောင်းမှာအထက်တန်း ပထမနှစ်က ကောင်မလေးတယောက်က ဖွင့်ပြောလာသည် ။ အစကတော့ ခါတိုင်းလူတွေလို ငြင်းပစ်ဖို့ စဥ်းစားထားပေမဲ့လဲ ယောင်း ယောက်ကျားလေး၁ယောက်နဲ့ စကားပြောတာတောင် မကမကြိုက်တာ ယောင်းရည်းစားထားလိုက်ရင်ရော......
YOU ARE READING
Either way
Romanceဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin