(Rei ကလည်း main character 6 ယောက်ထဲက တစ်ယောက်မို့ သူ့အကြောင်းလည်း ရေးမှဖြစ်မှာပါ)
🍁🍁🍁( ပုံက ရဲအီပါနော် )
Flashback <<<<<
Rei ဒီနေ့ကျောင်းပြောင်းရသည်။ ကိုရီးယားက မိန်းကလေးကျောင်းကို ပြောင်းရမယ်ဆိုတဲ့ အဖေ့ရဲ့ အမိန့်ကြောင့်ပါ။ ခုတော့ အဖေ ပြောင်းခိုင်းတဲ့ ကျောင်းရှေ့မှာ ရပ်နေမိသည်။ Rei မုန်းတယ်၊Rei မိတ်ဆက်ရမှာ မုန်းတယ်၊လူတွေကို မုန်းတယ် ၊ လူတွေရဲ့ အကြည့်တွေကို မုန်းတယ် ပြီးတော့.....Rei ကိုယ့်ကိုကိုယ် မုန်းတယ်။ Rei ရဲ့ walking shoe အဖြူထိပ်ကလေးကို ငုံ့ကြည့်နေမိတယ်။ လွယ်ထားတဲ့ ကျောပိုးအိတ်ရဲ့ ကြိုးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ကျစ်နေအောင်ဆုပ်ကိုင်ထားရင်း။ ဖိနပ်ထိပ်ကို မိုးပေါက်တစက်ကျလာတယ်။ မိုးကအုံ့မိူင်းနေတာပဲ။ ကောင်းကင်ကြီးကို မော့ကြည့်မိတော့ Rei ပြုံးမိပါသေးသည်။ ကောင်းကင်ကြီးကိုတော့ Rei သဘောကျမိသား၊ လူတယောက်ကိုမှ မမြင်ရလို့လေ။ ရုံးခန်းထဲကို Rei၀င်သွားလိုက်တာနဲ့ ကျောင်းအုပ်ကြီးက ထိုင်ပါသမီးဟု ပြောလာသည်။ Rei ၀င်ထိုင်လိုက်တာနဲ့
ကျောင်းအုပ်ကြီး - " သမီးနာမည်Rei နော်"
Rei - " ဟုတ်ကဲ့ Rei ပါ"
ကျောင်းအုပ် - " သမီးအမေ ခုနက ဖုန်းဆက်တယ် အရေးကြီးကိစ္စရှိလို့ သမီးကိုကျောင်းလိုက်မအပ်ပေးတော့ပါဘူးတဲ့"
ညာတာ အမေပြောတဲ့အရေးကြီးကိစ္စဆိုတာကို Rei သိပါတယ်။
ကျောင်းအုပ် - " သမီ အားမငယ်နဲ့နော် ရှေ့မှာထိုင်နေတာ သမီးရဲ့အတန်းပိုင်ပဲ"
ကျောင်းအုပ် - " ကဲ ဆရာမလဲအတန်းချိန်နီးပြီဆိုတော့ ဒီကလေးကိုပါ ခေါ်သွားလိုက်ပါ"
အတန်းပိုင် - " ဟုတ် လာသမီး "
ကျောင်းအခန်းပေါက်ရှေ့မှာ Rei ရပ်နေမိသည်။ ဆရာမကတော့အခန်းထဲ၀င်ကာ အတန်းသူတွေကို တိတ်တိတ် နေကြဖို့ ပြောနေသည်။
အတန်းပိုင် - " ကဲ တိတ်တိတ်နေကြမယ် ကလေးတို့....ဒီနေ့ဆရာမတို့ အခန်းကိုဂျပန်နိုင်ငံကနေပြောင်းလာတဲ့ ကျောင်းသူလေးရှိတယ် သမီး၀င်လာပြီးနှုတ်ဆက်လိုက်ပါအုံး"
Rei ဆရာမပြောတာတွေနားထောင်နေရင်း လက်တွေအေးစက်လာသည်။ နှုတ်ဆက်လိုက်ပါအုံး ဆိုတော့အားတင်းကာ ၀င်လိုက်သည်။ ပြီတော့ ကျက်ထားတဲ့ စကားတွေကိုပြောရမည်။
Rei - " အာညော်ဂါဆယ်ရော ငါ့နာမည် Naoi Rei ပါ" ပြောပီး လူတွေစီအကြည့်ပို့မိလိုက်တော့ အဲ့ဒီ့စူးစမ်းသလိုအကြည့်တွေ ၊ လှောင်ပြောင်နေတဲ့ အပြုံးတွေ ၊ ခေါင်းအစ ခြေအဆုံးအကြည့်တွေ ၊ အချင်းချင်းတီးတိုးပြောသံတွေမှာ Rei ချွေးစေးတွေပျံလာပြီး ဆက်ပြောရမှာတွေမေ့ကုန်သည်။
အတန်းပိုင် - " ကဲကဲ Rei လေးကိုကောင်းကောင်းမွန်မွန်ပေါင်းသင်းကြပါ ဟုတ်ပြီလား" Rei ဘက်ကို လှည့်ကာ
အတန်းပိုင် - " သမီး ဟိုအနောက်နားကခုံလွတ်နေတယ် အဲ့မှာ ထိုင်ရင်အဆင်ပြေလားသမီး" Rei ခေါင်းပဲ ညိမ့်ပြခဲ့ကာ ခုံစီကို လျှောက်လာတော့ အကြည့်တွေက Rei စီကပ်ပါလာတာ သတိထားမိတယ်။ Rei ဘေးခုံက ကောင်မလေးကတော့ Rei ကိုပြုံးပြနေသည်။ eye smile လေးတွေနှင့်။
Leeseo - " ငါ့နာမည် လီဟျွန်းဆိုးပါ လီဆိုးလို့ ခေါ်လို့ရပါတယ် နာအိုရီ ရဲအီ "
Rei - " ရဲအီလို့လဲ ခေါ်နိုင်ပါတယ် လီဆိုး"
Leeseo - " ဒီတော့ ငါတို့ သူငယ်ချင်းဖြစ်ပီမလား"
Rei - " သူငယ်ချင်း....." Rei မာ သူငယ်ချင်းမရှိခဲ့ဖူးဘူး။ ငယ်ငယ်ကတည်းကအဖေကအိမ်မှာ ဂိုက်တွေငှားပြီးသာခေါ်သင်သောကြောင့် ကျောင်းမှာ နာမည်သာရှိဖူးပီးတခါမှ မတတ်ဘူးပေ၊ စာမေးပွဲလဲ အိမ်ကနေသာဖြေခိုင်းသည်။ ဒါကြောင့်လည်း သူငယ်ချင်းဆိုတာကို ကြားသာကြားဖူးခဲ့ရသည်။ Rei အတွေးလွန်နေတော့
Leeseo - " ငါနဲ့သူငယ်ချင်းမလုပ်ချင်ဘူးထင်တယ် ..."
Rei - " မဟုတ်ပါဘူး Leeseo ငါအတွေးလွန်သွားလို့ပါ " Rei ပြုံးလိုက်ပီးကာ မှ
Rei - " သူငယ်ချင်းလုပ်ကြတာပေါ့ "
Leeseo - " ပြုံးရင်ချစ်ဖို့ကောင်းရဲ့သားနဲ့ အမြဲပြုံးပြုံးလေးနေပါ" Rei က ဒီစကားကို ရှက်သွားတယ်ထင်ရဲ့ ပါးတွေနီလာတယ်။
Leeseo - " ကဲပါ ရှက်မနေပါနဲ့တော့ သူငယ်ချင်းဆိုရင် hand shake ..." Rei လည်း ပြုံးကာ hand shake ပြန်လုပ်လိုက်သည်။
YOU ARE READING
Either way
Romanceဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin