လူဆိုတာ အမှားနဲ့မကင်းနိုင်ပေမဲ့
မှားမှန်းသိရက်နဲ့ မပြင်နိုင်သူကိုရော
လူလို့သတ်မှတ်သလား.....ကျမအတွက်ကတော့
အဲ့လိုလူထက် ခွေးတစ်ကောင်ကမှ
အဆင့်ပိုရှိနေပါသေးတယ်....🍁🍁🍁
ကားထဲကနေလှမ်းကြည့်တော့ နာအိုရီက ဂါဝန်အဝါနုလေးနဲ့ သူ့အိမ်ရှေ့မှာစောင့်နေတာ တွေ့ရသည်မို့ပြုံးလိုက်ကာ သူ့ရှေ့ရောက်သွားတော့ ကားမှန်ချပြီးပဲ
Liz - " တက်....နာအိုရီ...နည်းနည်းနောက်ကျနေပြီမလို့...အမလာတာလေ..."
နာအိုရီလေးက ကားထဲမှာစကားတစ်ခွန်း မဆိုပါ ။ ကားမှန်လေးကနေ တစ်ဆင့်ပဲ ရှုခင်းလေးတွေကြည့်နေသည် ။ ဂေဟာလေးက ကျေးရွာလေးတစ်ချို့ကို ဖြတ်ရသေးသည်မို့....နာအိုရီက အပြင်ဘက်ကို ပိုစိတ်ဝင်တစား ကြည့်နေသည် ။ကိုရီးယား ကျေးရွာလေးရဲ့ လူနေမှုပုံစံလေးက ဂျပန်မလေးနဲ့တော့ ရင်းနှီးမနေမှန်းသိလို့ ဒီတစ်ခေါက် ဒီဂေဟာလေးကို လာခဲ့လိုက်တာပါ...သူ့အတွက်ပေါ့..ကလေးတွေကလည်း ချစ်ဖို့ကောင်းတာကြောင့်ရော...ပြီးတော့... အမဂျီဆူးရှိလို့ဆိုလည်း မမှားပေ။
ဂေဟာဝင်းလေးထဲကို ကားလေးချိုးဝင်လိုက်သည်နှင့် ဆော့နေသည့်ကလေးများက ပြေးလာကြသည် ။တစ်ချိန်က ရင်းနီးဖူးတဲ့ အငွေ့အသက်တွေဟာလည်း Lizရဲ့ရင်ထဲပြေး၀င်လာကြသည်။ liz လည်း နာအိုရီကိုကြည့်ကာ
Liz - " သွားရအောင်...နာအိုရီ "
Lizကားပေါ်ကဆင်းဆင်းချင်းပဲ ကလေးတွေက လာဖတ်ကြတာမလို့ liz လည်း မုဆိုးဒူးထောက်ထိုင်ပေးလိုက်ကာ
ကလေး 1 - " မမ liz...သမီးတို့ရှိမလာတာတောင်ကြာပြီနော်....အကြာကြီးပဲ "
Liz - " ဟုတ်ပါ့ကွယ်....မမလာတာ ကြာတယ်နော်....နောက်ဆို ခနခနလာရမယ်..."
နာအိုရီလေးက ကားဘေးနားမှာမတ်တပ်ရပ်ပြီး ကလေးတစ်သိုက်နဲ liz ကိုကြည့်နေသည်။
ဂျီဆူး - " အမလေး....ခုမှပဲပေါ်လာတော့တယ်....ဘယ်နှနှစ်ရှိပြီလဲ....လာမယ်ကြာမယ်ဖြစ်နေတာ "
YOU ARE READING
Either way
عاطفيةဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin