🎋 Chapter 41 42 43

85 15 0
                                    



 🎋 Chapter 41



ချီရှန့်ဆောင်မှလမ်းလျှောက်ထွက်လာပြီးနောက် ဖန့်ကျင့်ကျိုက် သွားစရာနေရာမရှိတော့သဖြင့် လမ်း ပေါ်ခဏလောက် လမ်းလျှောက်ရင်း နောက်ဆုံး သူ့အစ်ကိုကြီးစားချင်နေသည့် မွှေးပျံ့သည့်ဂျုံကိတ်မုန့် ကိုယူလာကာ သူ့အိမ်ပြန်သွားခဲ့သည်။ အဝေးမှ သူ့အိမ်ကနေထွက်ခွာသွားသည့် လှည်းတစ်စီးကိုမြင် လိုက်ရပြီး ဖန့်ရှောင်းကျိုက်မှာ တံခါးဝတွင်ရပ်နေကာ ဧည့်သည်အားလေးစားစွာပြန်ပို့နေလေသည်။


"ဘယ်သူလဲ ? မင်း ကိုယ်တိုင်ထွက်လာပြီး လိုက်ပို့ရတဲ့အဆင့်ဆိုတော့၊ အရေးကြီးတဲ့သူပဲ ဖြစ်ရမယ် ဟုတ်တယ်မှတ်လား ?"


ဖန့်ကျင့်ကျိုက်သည် အိမ်ထဲသို့လျှောက်ဝင်သွားပြီးနောက် မွှေးကြိုင်သောဂျုံကိတ်မုန့်ကို အစ်ကိုဖြစ်သူ အားပေးအပ်လိုက်သည်။


"ပြည်နယ်ဘက်ကလူပါ ဆားနဲ့သံကုန်သွယ်ရေးကြီးကြပ်တဲ့အရာရှိလက်ထောက်အသစ်လေ။"


ဖန့်ရှောင်းကျိုက်သည် ဆီစက္ကူအိတ်ကိုကိုင်လိုက်ပြီး အနံ့ခံလိုက်ကာ သူ့မျက်နှာထက်ဝယ်ရွှင်လန်းမှု အပြည့်ဖြင့် မစောင့်နိုင်ဖြစ်ကာ မျက်လုံးများဘလင်းဘလင်းဖြင့်ကလေးလိုပြုံးကာပျော်ရွှင်နေခဲ့သည်။


"ဒီကိတ်က မွှေးပျံ့တဲ့ဂျုံကိတ်ဆိုတာလား ? အကြာကြီးစောင့်နေခဲ့တာ ဖန့်ချွှမ်ကိုသွားဝယ်ခိုင်းလိုက် တိုင်း ကုန်ပြီဆိုတာကြီးပဲ"


ဖန့်အကြီးဆုံးသခင်လေးသည် သူ၏နေ့စဉ်တည်ငြိမ်ပြီး သင့်တင့်လျောက်ပတ်သောပုံသဏ္ဍာန်ကိုပင် ဂရုမစိုက်နိုင်ဘဲ တစ်တုံးထုတ်ကာစားလိုက်သည်။


"ဒီအချိုလေးက အဆီများပေမယ့် အရမ်းအရသာရှိနေပါလား ?" 


ဖန့်ကျင့်ကျိုက်အံ့သြသွားပြီး မျက် မှောင်ကြုတ်လိုက်မိသည်။

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now