🎋 Chapter 24

322 31 1
                                    

🎋 Zui Xing Mai Shen
🎋 Chapter 24

ဒီမနက်ပိုင်းတင် ဖန့်ကျင့်ကျိုက်သည်အကြိမ်ကြိမ်ပြန်ပို့ခံလိုက်ရပြီး၊ ဆန့်ကျင်ဘက်အနေနဲ့ ခြံထဲက ရေချိုးတဲ့နေရာနား နေရောင်အောက်မှာအေးလူလူထိုင်နေတဲ့ကောင်ကိုတွေ့တော့ ဖန့်ကျင့်ကျိုက်က သူ့ကိုကုလားထိုင်ပေါ်ကနေကန်ချ လိုက်ချင်ပေမယ့် ဖုန်ရုန်ချန်ရဲ့စိမ်ပြေနပြေဖြစ်နေတဲ့အကြည့်ကိုမြင်လိုက်ရသည်။ အမှတ်တမဲ့ မနေ့ညကအိပ်မက်ကို သတိရသွားပြီး သူ့နောက်ကျောတစ်လျှောက်ရုတ်တရက်အေးစိမ့်သွားပြီး လွှတ်ထားလိုက်ဖို့ဆုံးဖြတ်လိုကသည်။ သူ နောက်ပြန်လှည့်ကြည့်လိုက်တော့ ရှောင်မန်ခြင်းတောင်းထမ်းပြီး မြို့ထဲဘက်ဆင်းသွားသည်ကိုတွေ့လိုက်ရပြီး အဲ့လိုဆိုမှတော့ သူ့နောက်ပဲလိုက်သွားတော့မယ်။

ရှောင်မန်သည် လမ်းတစ်လျှောက်တွင် ဖုန်ရုန်ချန်၏ အချက်အလက်များကိုရရှိရန်ကြိုးစားခဲ့ပြီး သူ(မ)ပြောသမျှကား ဖုန်ရုန်ချန်သာဖြစ်သည်။

"အစ်ကိုကြီးဖန့်၊ အစ်ကိုကြီးရုန်ချန်က ဘာမှလုပ်စရာမရှိလို့ပြည့်တန်ဆာဆီသွားတာလို့ မင်းပြောတယ်..."

ရှောင်မန့်က လေးနက်တဲ့အမူအရာပြလာပြီး "ပြည့်တန်ဆာဆိုတာ ဘာလဲ?"

"ဒါ...."

ဖန့်ကျင့်ကျိုက်က ခဏလောက်တိတ်တိတ်ဆိတ်ဆိတ်သွားသည်။ ရှောင်မန်သည် အတွေ့အကြုံမရှိသည့် အကောင်ပေါက်လေးဖြစ်နေရာ၊ အဲ့အကြောင်းပြောတာ မမှန်ဘူးဆိုပြီး ဇဝေဇဝါနဲ့ရှင်းပြလိုက်သည်။

" ဆောင်ကြာမြိုင်ဆိုတာ ရောင်စုံဝတ်စုံတွေဝတ်ပြီး ဧည့်သည်တွေကိုနှုတ်ဆက်ဖို့ တံခါးဝမှာရပ်နေကြရတာမျိုးကို ခေါ်တာ။"

"အော်"

ရှောင်မန်သည် ဖန့်ကျင့်ကျိုက်ပြောသည်ကို နားလည်သလို နားမလည်သလိုနဲ့ခေါင်းညိတ်ပြလာသည်။

"အစ်ကိုကြီးရုန်ချန်ကြည့်ရတာ လှတဲ့မိန်းကလေးတွေကိုကြိုက်ပုံရတယ်။"

"လှတဲ့မိန်းကလေးတင်မဟုတ်ဘူး ချောမောတဲ့ခင်ပွန်းကိုလည်းသဘောကျတယ်"

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now