🎋Chapter 12
သူ့လက်ချောင်းတွေက အလှလေးရဲ့ခါးပတ်အပေါ် တင်ထားရင်းသူမကမောဟိုက်နေပြီးဖန့်ကျင့်ကျိုက် ကဖြည်းညှင်းစွာအနားကိုရွေ့လာပြီး သူမရဲ့ဖြူဖွေးတဲ့လည်ပင်းကိုစုပ်လိုက်တယ်
"ငါ့ကို ပျော်ရွှင်စေတဲ့အရာတစ်ခုက......"
"ငါကော အဲ့ဒီပျော်ရွှင်စေတဲ့ဟာကိုအတူနားထောင်လို့ရမလား ?"
သူ့နောက်က ရင်းနှီးတဲ့အသံက ဖန့်ကျင့်ကျိုင်ကိုကုတင်ပေါ်ကနေ မြေပြင်ပေါ်ထိလျှောကျသွားစေတယ်။ လှည့်ကြည့်လိုက်တော့ တံခါးကိုမှီပြီးပြုံးပြကာ သူ့ရင်ဘတ်ရှေ့မှာလက်ပိုက်ထားတဲ့လူကိုတွေ့လိုက်ရသည်မှာ တော်တော့်ကိုလန့်ဖို့ကောင်းတယ်။
ဖန့်ကျင့်ကျိုင်မယုံနိုင်စွာနဲ့ သူ့ကိုလက်ညှိုးထိုးပြပြီး
"ဖုန်, ဖုန်, ဖုန်..."
အနီးကပ်လမ်းလျှောက်ရင်းပြုံးနေသော ထိုလူက
"ဒီနေ့ နေသာတယ်၊ မြစ်ထဲမှာလှေလှော်ဖို့ အရမ်းသင့်တော်တယ်"
ထိုအပြုံးသည် ပိုပိုအုံ့မှိုင်းလာရာ။ ဖန့်ကျင့်ကျိုင်ရင်ထဲတွင် တုန်လှုပ်သွားသည်။
"ဒုတိယသခင်လေးဖန့်က မထနိုင်ဘူးလို့မပြောခဲ့ဘူးလား ? အခုကြည့်ရတာတော့ အားအင်အပြည့်ဖြစ်နေတဲ့ပုံပဲ။"
ထိုလူက ပြုံးပြပြီး သူ့လက်ကိုဆန့်ထုတ်ကာ ဖန့်ကျင့်ကျိုင်၏ပေါင်ဂွကြားမှ မြင့်မားနေသည့်အရာအားဆုပ်ကိုင်လိုက်သည်။
"ငါ၊ ငါ......" ဖန့်ကျင့်ကျိုင်က ဘယ်လိုရှင်းပြရမှန်းမသိဘူး။
"မင်း ရှင်းပြစရာမလိုပါဘူး၊ ငါ အမှတ်တမဲ့ ဒီကို ဖြတ်မိပြီး တက်လာဖို့အခွင့်အရေးယူလိုက်ပေမယ့် ဒီကိုလျှောက်လာတဲ့အခါ ဒီလို တပ်မက်ဖွယ်မြင် ကွင်းကို မြင်ရဖို့မမျှော်လင့်ထားဘူး။"
ဖုန်ရုန်ချန်က သူ့မေးစေ့ကိုကိုက်လိုက်ပြီး သူ့နား နား ကပ်ပြီး စူးစူးရှရှအသက်ရှုသွင်းလိုက်တယ်။
ဖန့်ကျင့်ကျိုင်ရဲ့နှလုံးသားက ပိုအေးစက်သွားပြီး၊ ဒီလှေကမြစ်ထဲရွေ့နေတယ်လေ၊ သူ ဘယ်လိုလှေပေါ်တက်လာနိုင်မှာလဲ ??
YOU ARE READING
သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅
Ficção Históricaတစ်ညတာ အရက်အလွန်အကျွံသောက်မိပြီးနောက်၊ ဖန့်ကျင့်ကျိုက်သည် ဖုန်ရုန်ချန်နှင့်ဘေးချင်းကပ်ရပ်နိုးထလာခဲ့သည်။ အခု သူ့ခန္ဓာကိုယ်ကို အရောင်းအ၀ယ်စာချုပ်ချုပ်ပြီးနောက် ချုပ်ကိုင်ခံထားရသလိုမျိုး သူ့ဘေးကနေမလွတ်မြောက်နိုင်တော့ချေ... သူတို့နှစ်ယောက်တကယ်ကိုအတူရှိပ...