🎋 Chapter 32

67 15 0
                                    

🎋 Zui Xing Mai Shen
🎋 Chapter 32

ဖန့်ကျင့်ကျိုက်သည်စိတ်ထဲတွင် ရွှင်မြူးသလို အနည်းငယ်ဂုဏ်ယူမိသော်လည်း လက်ဖက် ခြောက်များဝိုင်းဖွဲ့ ကာ လက်ဖက်ခြောက်ရွက်ကိုကောက်ကိုင်ကာတိုးတိုးလေးပြောနေသော လက်ဖက်ဥယျာဉ်ထဲမှ မိန်းကလေးများကဖုန်လောချန်ကို လက်ညိုးထိုးပြသည်ကိုမြင်လိုက်ရသဖြင့် ရှက်ရွံ့သောသည် မျက်နှာနီရဲပြီး အခြားမိန်းကလေးများကိုကြည့်လိုက်သည်။ မိန်းကလေးများ၏ငွေခေါင်း လောင်းလိုပြတ်သားသောရယ်မောသံကိုကြား လိုက်ရပြီး ဖန့်ကျင့်ကျိုက်သည် ရုတ်တရက် သူတစ်၀က်‌လောက်အသက်ရှုထုတ်လိုက်ထုတ်လိုက်ရင်း ရုတ်တရက်ခံစားချက်များမကောင်းတော့ချေ။

ဖုန်လောချန်သည် ခြင်းတောင်းထဲရှိလက်ဖက်ရွက်များကိုစစ်ကြည့်ကာ ကိစ္စများမေးမြန်းပြီးနောက်၊ ဖန့်ကျင့်ကျိုက်သည် ထိုနေရာသို့သွား၍ ကြာပန်းနှင့်တူသော အဖူးများကိုတွေ့ရသဖြင့် ထူးဆန်းတာ‌ကြောင့်မေးလိုက်သည်။

"ဒါက ဘယ်လိုလက်ဖက်ရွက်မျိုးလဲ ? ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ ?"

ဖုန်လောချန်က "ရွက်နုနဲ့ ရွက်ဟောင်းကို ခွဲခြားဖို့ လက်ဖက်ရွက်ကို အမျိုးအစားရှစ်မျိုးခွဲထားတယ်။ ကြာပန်းနှလုံးသား၊ စာကလေးလျှာ၊ အကောင်းဆုံး အရည်အသွေး၊ မင်ချန်၊ ယုချန်၊ ထုန်ချွမ်၊ အာချွမ်ဆိုပြီးကြီးပြင်းလာတယ်။ ချင်းမင် မစခင်မှာ ကောက်ဖို့သေချာတာက ကြာပန်းအမျိုးအစားပဲကျွမ်းကျင်တဲ့လက်ဖက်ရွေးတဲ့ မိန်းကလေးတွေတောင်မှ တစ်နေ့ကိုနှစ်ဆယ်နှစ်ခုလောက်ပဲရွေးနိုင်တယ်၊ စကားနဲ့ဖော်ပြရမယ်ဆိုရင်တော့ ရတနာတွေထဲကအကောင်းဆုံးရတနာပေါ့"

ဖန့်ကျင့်ကျိုက်သည် လက်ထုတ်ကာ ကိုင်တော့မည်အပြု ဖုန်လောချန်မှ လက်ကို ဖမ်းဆွဲလိုက်ရသည်။

"ထိလို့ မရဘူး! အဖူးက အရမ်းနူးညံ့လွန်းတယ်၊ လက်ချောင်းတွေရဲ့အပူချိန်က အရွက်တွေကိုနီရဲလာ‌စေတယ်၊ လက်နဲ့ခူးရင်လည်း လက်ကခြစ်ရာတွေကျန်နေစေတယ်၊ အဲဒါက ဘာကြောင့်လက် ဖက်ရွေးတာကို လက်မထပ်ရသေးတဲ့မိန်းကလေးတွေသုံးရတာဆိုတာပဲ။ လက်ဖက်ဥယျာဉ်ထဲကို မဝင်ခင်မှာ မိန်းကလေးတွေက ပါးစပ်ထဲရေအေး ထည့်ပြီး သန့်ရှင်းအောင်ရေအရင်ချိုးပေးရမယ်"

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now