🎋 Chapter 33

129 18 0
                                    


🎋 Chapter 33



စားပွဲသုံးလုံးကိုတွဲဆက်ထားပြီး စားပွဲပေါ်ဝိုင်အမြောက်အများသပ်သပ်ရပ်ရပ်အစီအရီနေရာချထား သည်။ ခုလေးတင်ပဲ ဝင်လာတယ်၊ ဝိုင်နံ့၊ သစ်သီးနံ့တွေ၊ ပန်းရနံ့မျိုးစုံနှာခေါင်းထဲတိုးဝင်လာခဲ့သည်။ မမြည်းစမ်းရသေးပေမယ့် အနံ့နဲ့တင် ယစ်မူးနေပြီ၊ ဟန်ကျိုရှိဝိုင်ဆိုင်များစွာထဲမှ ဖုန်လောချန် စုဆောင်းထားခဲ့ခြင်းဖြစ်သည်။


"စလိုက်ကြရအောင်"


သူတို့သည် စားပွဲရှည်ကြီး၏တစ်ဖက်တစ်ချက်စီတွင်ရပ်နေကာ ဖုန်လောချန်က သူ့ကိုဖိတ်ခေါ်ရန် လက်ဟန်ခြေဟန်ဖြင့်ပြောကာ


"ဒါပေမယ့် ဆုကြေးနဲ့ ပြစ်ဒဏ်မရှိရင် စိတ်ဝင်စားစရာမကောင်းဘူး"


ဖန့်ကျင့်ကျိုက် စိတ်မရှိချေ၊ ဖန့်ကျင့်ကျိုက်သည် ပထမခွက်ကိုမြှောက်လိုက်ပြီး


"ငါ ပြောတာမှန်ရင် မင်း သောက်ရမယ်၊ ငါ မှားရင် ငါ သောက်မယ်" လို့ပြောလိုက်သည်။


"ဒီတိုင်းပဲ သတ်မှတ်လိုက်ပြီ!"


ဖန့်ကျင့်ကျိုက်သည် ဝိုင်ခွက်ကို သူ့နှာခေါင်းနားယူပြီးနမ်းလိုက်ကာ


"ဝိုင်အရောင်က အဝါရောင်၊ ကြည်လင်ပြီးဖောက်ထွင်းမြင်နေရတယ် အနံ့ကလည်း ကောင်းတယ်၊ နဲနဲသင်းတယ် ဒါပေမယ့်အနံ့မပြင်းဘူး၊ ဒါက နှစ်ချို့တဲ့ 'အနီရောင်သမီးလေး" လို့ ပြောလိုက်သည်။


ဝိုင်ပုလင်းပေါ်ရှိတံဆိပ်သည် ဖုန်လောချန် ဘက်သို့မျက်နှာမူနေသည်။ ဖုန်လောချန်က ဘာမှပြန် မပြောဘဲ ပေါ့ပေါ့ပါးပါးပြုံးကာ ဝိုင်ခွက်ကိုတစ်ချက်တည်းသောက်ချလိုက်သည်။ဖန့်ကျင့်ကျိုက်သည် ဒုတိယခွက်ကိုကောက်ယူလိုက်ပြီး အရင်ကြည့်လိုက်ပြီးတော့ အနံ့ခံပြီး ပြုံးလိုက်သည်။"ဝါးရွက်ဝိုင်၊ ရွှေအိုရောင်ကိုမှ အစိမ်းဖောက်၊ သန့်စင်ပြီးဖောက်ထွင်းမြင်နိုင်တယ်၊ ချိုတယ်၊ အရသာ ပျော့ပြီး လန်းဆန်းစေတယ်၊ ပမာဏနည်းနည်းက ခန္ဓာကိုယ်အတွက်ကောင်းတယ်။"

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now