🎋 Chapter 47 48 49 50

86 18 0
                                    


🎋 Chapter 47 



သုံးရက်လောက်ကြာပြီးနောက် ဖုန်မိသားစပြဿနာတတ်လေသည်။ လက်ဖက်ရွက်တင်ဆောင်လာသည့် လှေအစီးတစ်ရာ့နှစ်ဆယ်အား ဆားနှင့် သံ သယ်ဆောင်ထားကြောင်း၊ အဆိုပါလှေသည် ဆားသီးသန့်သယ်ယူ


လာသဖြင့် သေချာစွာစစ်ဆေးရန်လိုအပ်သည်ဟုဆိုလာသည်။


ဖုန်မိသားစုသည် မျိုးရီုးစဉ်ဆက်သမာအာဇီဝကျကျသည့် စီးပွားရေးကိုသာလုပ်ဆောင်လာခဲ့သည်။ ထိုကိစ္စ သည် လူ့အဖွဲ့အစည်း၌ပင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ခဏအကြာမှာပင် ပျံ့နှံ့သွားခဲ့သည်။ အဲဒီလှေအစီးတစ်ရာ့ နှစ်ဆယ်ထဲတွင် လက်ဖက်ရွက်များထဲ လျှို့ဝှက်ကာဆားများရောပါနေက ပိတ်သိမ်းခံရခြင်းသည် ပေါ့ပါးသည့် ပြစ်မှုဟုထင်ရသည်။


"သခင်လောချန်! သခင်လောချန်! မင်း......"


ချီရှန့်ဆောင်၏စင်္ကြန်တွင် ပေါက်ကွဲသံများထွက်ပေါ်လာပြီး ယခုတစ်ကြိမ်တွင် ဖန့်ကျင့်ကျိုက်သည် ဆိုဖာပေါ် ၌ပျင်းရိစွာထိုင်နေခဲ့ပြီး မျက်လုံးများကိုဖြည်းညှင်းစွာမှိတ်ထားကာ သူ၏ လက်ချောင်းများသည် ရုဟွာ၏ စောင်းပေါ်ရှိနေခဲ့သည်။


"သခင်လောချန်၊ မင်း ဒီလိုလုပ်တာ တခြားဧည့်သည်တွေ အနှောင့်အယှက်ဖြစ်လိမ့်မယ် သခင်ရုန်..... အိုး!"


အနီရောင်ဝတ်ထားသောအမျိုးသမီးသည် တံခါးကျိုးပဲ့သွားသောကြောင့် ရင်ဘတ်ပင်အောင့်သွားသည်၊ တစ် ချိန်တည်းမှာပင် "ကျန့်" ဟူသောအသံကြားလိုက်ရပြီး စောင်းသံရုတ်တရက်ရပ်သွားသည်။


ဖန့်ကျင့်ကျိုက် မျက်လုံးများဖွင့်ကာ ရုတ်တရက်ထိုးဖောက်ဝင်ရောက်လာမှုကြောင့် ထိတ်လန့်တုန်လှုပ်သွား သော ရုဟွာကို သူ့ရင်ခွင်ထဲပွေ့ဖက်ကာ သူ့(မ)မျက်နှာကိုနမ်းလိုက်ပြီး နောက်လှည့်ကြည့်လိုက်သည်။ ဖုန်လောချန်သည် ရေပြာရောင်ဘရိုကိတ်အင်္ကျီကို၀တ်ဆင်ထားပြီး တံခါးဝတွင်ရပ်နေကာ သူ့တစ်ကိုယ်လုံးကို အေးစက်သောရောင်ဝါဖြင့်ဝန်းရံထားသည်။

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now