🎋 Chapter 63 64 65

98 19 0
                                    

🎋 Chapter 63



ချူးကျို့ရောက်လာပြီးနောက် ၎င်းတို့နှစ်ဦး ရုတ်တရက်စိတ်၀င်စားမှုများပျောက်ဆုံးသွားကြသည်။ ဖုန်မိသားစု ၏ကုန်ပစ္စည်းများမီးလောင်နေပြီး အခြေအနေကိုတိတိကျကျမသိရသေးကြောင်း ရုတ်တရက်သတိရကာ အမြန်မနက်စာစား၊ ရေမိုးချိုးပြီးသည်နှင့် သင်္ဘောကျင်းသို့သွားရန်ပြင်လိုက်သည်။


"ဒုတိယသခင်၊ လက်ဖက်ရည်ပါ"


ဖန့်ကျင့်ကျိုက်သည် မှုန်ကုပ်ကုပ်ဖြစ်နေဆဲ၊ ဘာမှမပြောဘဲ လက်ဖက်ရည်ခွက်ကိုယူလိုက်သော်လည်း သူ့ဘေး ရှိ ချူကျို့ထံမှ လေးစားသည့်အသံကိုကြားလိုက်ရသည်။


"သခင်ကြီး၊ လက်ဖက်ရည်သောက်ပါဦး"


"ဖွီး -----!"


ဖန့်ကျင့်ကျိုက်လက်ဖက်ရည်သောက်ရင်း ချူးကျို့အားအပြင်းအထန်စိုက်ကြည့်နေရင်း၊ ဒါဘာသဘောလဲ ? ငါသူနဲ့လက်မထပ်ရသေးဘူးလေ၊ သူ ဘာကြောင့် သခင်ကြီးလို့ခေါ်နေရတာလဲ ?


ဖုန်လောချန်သည် ဖန့်ကျင့်ကျိုက်ကျောကိုပွတ်သပ်ပေးရင်း မရယ်မောဘဲမနေနိုင်ပေ၊ သူ ချူးကျို့အား ပြောလိုက်သည်။


"ငါ့ကို ခါတိုင်းလိုပဲခေါ်ပါ 'သခင်ကြီး' လို့ခေါ်ဖို့ မတတ်နိုင်သေးဘူး"


ချူးကျို့က 'Oh' ဟုအသံပြုလိုက်ပြီး ဖန့်ကျင့်ကျိုက်အား လက်ဖက်ရည်ဖြည့်ရန်ကူညီပေးလိုက်သည်၊၊ ဖန်ကျင့် ကျိုက် သူ့အားမကျေနပ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်၊ ပြီးနောက် ချုးကျို့အားအနိုင်ကျင့်နေသလိုခံစား လိုက်ရသဖြင့် လက်ကိုဝှေ့ယမ်းလိုက်ပြီး


"ကောင်းပြီ၊ ငါနဲ့ လော..... ငါ သူနဲ့ စကားပြောစရာရှိတယ်၊ မင်း ဒီမှာနှောင့်ယှက်မနေနဲ့တော့ သွား မင်း လုပ်စရာရှိတာသွားလုပ်"


ချူးကျို့၏ မျက်နှာပေါ်ရှိမကျေမနပ်ဖြစ်မှုများပိုဆိုးလာကာ ဖန့်ကျင့်ကျိုက်ကိုမော့ကြည့်လိုက်ပြီး သူ့မျက်လုံး များလှည့်ပတ်နေကာ စိတ်မသက်မသာဖြစ်သည်အထိစိုက်ကြည့်နေခဲ့သည်။"ဒုတိယသခင်၊ ဘာပဲဖြစ်ဖြစ် ချူးကျို့ရဲ့မျက်လုံးထဲမှာတော့ ဒုတိယသခင်က အမြဲတမ်းဒုတိယသခင်ပါပဲ"

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now