Chapter 22

509 28 0
                                    

☘️ Chapter 22

ဖန်ကျင့်ကျိုက်သည် နောက်ပြန်လှည့်လိုက်သော် လည်း ဖုန်ရုန်ချန်၏အမူအရာကိုမမြင်နိုင်သဖြင့် ဂုဏ်ယူစွာပြုံးနေလိမ့်မယ်ဟုမှန်းဆမိလိုက်တယ်။ အကြောင့်ဆိုသော် သူ့ရဲ့စနာက်မှုအောက်မှာ သူ့ရဲ့အလိုဆန္ဒတွေပေါ်ထွက်လာတာကြောင့်ပဲ စိတ်ပျက်ဖို့ကောင်းတဲ့ ၀က်အသင်းဖော်ညီငယ်လေးကို သူ မုန်းတီးမိသည်၊ ဖန့်ကျင့်ကျိုက်သည် သူ့ပါးစပ်ကိုဖွင့်ကာ သူ့လက်ချောင်းများကိုခါးခါးသီးသီးကိုက် ပစ်လိုက်သည်။

သွေးများ သူ့ပါးစပ်ထဲပြည့်နှက်သွားရာ၊နာကျင်မှုကြောင့်က သူ့လိုအင်ဆန္ဒများကိုနိုးထလာစေသည်။ ဖန့်ကျင့်ကျိုက်ရုတ်တရက်ခုန်ထွက်ကာ ဖုန်ရုန်ချန် ကိုခက်ခက်ခဲခဲတွန်းထုတ်လိုက်ရပြီး ၎င်းမျက်နှာကို ပါးရိုက်ပစ်လိုက်သည်။

လရောင်သည်အခန်းထဲသို့ဖျာကျ‌နေပြီး ဖန့်ကျင့်ကျိုက်သည် နံဘေးရှိဖုန်ရုန်ချန်ကို ပြင်းပြင်းထန် ထန်စူးစိုက်ကြည့်လိုက်ရာ သားရဲတစ်ကောင်လိုပင်ခံစားလိုက်ရသည်။

ဖန်ကျင့်ကျိုက်ပြန်လှည့်လိုက်သောအခါတွင် ဖုန်ရုန်ချန်၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသော် လည်း သူ့ရင်ထဲရှိဒေါသများမပျောက်ကွယ်သေး‌ ပေ။ တစ်ဖက်လူမှ သူ့ထံ လက်များလှမ်းလာသည်ကိုမြင်လိုက်ရသဖြင့် အမြန်ထကာ ကုတင်ပေါ်ဖိချလိုက်သည်။ ဖုန်ရုန်ချန်သည် ကျိုးနေသောခြေ ထောက်ကိုအဖိခံလိုက်ရသဖြင့် နာကျင်မှုကိုခံစားလိုက်ရသည်။

"အယုတ်တမာကောင်!"

ဖန့်ကျင့်ကျိုက်သည် 'ခန္ဓာကိုယ်ရောင်းချမိသည့်စာချုပ်' ကြောင့်သာမဟုတ်ရင် ရှောင်လွှဲဖို့မလိုဘဲ ကျင်းနင်ထိလိုက်ပြီး ယခုကဲ့သို့တွေ့ကြုံနေစရာမလိုချေ။ သူ ပိုတွေးမိလေ ဒေါသဖြစ်လေလေပင်။

ဖုန်ရုန်ချန်သည် အသက်ရှူရခက်သည်အထိ ချုပ်နှောင်ခံရသဖြင့် ဒဏ်ရာမရှိသည့်ခြေထောက်ကိုမြှောက်ကာ ဖန့်ကျင့်ကျိုက်၏ဗိုက်သို့ကန်သွင်းလိုက်ရာ ဖန့်ကျင့်ကျိုက်နာကျင်မှုကြောင့် သူ့ကိုအလွှတ်ပေးလိုက်ပြီး အသက်ပြင်းပြင်းရှူကာဘေးသို့ ရွှေ့လိုက်သည်။

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now