🎋 Chapter 30

215 20 0
                                    

🎋 Zui Xing Mai Shen
🎋 Chapter 30

ဖန့်ကျင့်ကျိုက်သည် ဧကရာဇ်မင်းမြတ်သာသောက်နိုင်သော ကျော်ကြားသော လက်ဖက်ရည် ဖြစ်လျှင်ပင် သူစိတ်မဝင်စား၊ သူတကယ်စိတ်ဝင်စားသည့်အရာမှာ ရွေးချယ်နည်းဖြစ်သည်---

ကြီးမားကျယ်ပြန့်သော လက်ဖက်ဥယျာဉ်တွင် ရိုးရှင်းသောအဝတ်အစားများကိုဝတ်ဆင်ထားကာ လှပျိုဖြူတို့၏မျက်နှာများသည် ဖြူစင်အပြစ်ကင်းစင်သောအပြုံးများဖြင့် ပန်းပွင့်ချပ်များကဲ့သို့ နူးညံ့ သောအပြုံးဖြင့် နှုတ်ခမ်းပေါ်၌နှင်းရည်များစွန်းထင်းနေကာ လက်ဖက်ရွက်များကိုညင်သာစွာ ခူးဆွတ် နေသည်မှာလှပသည့်ပန်းချီကားချပ်အလား ...ဖန့်ကျင့်ကျိုက်သည် သူ့ကိုယ်ပိုင် စိတ်ကူးထဲတွင်နှစ် မြုပ်သွားခဲ့သည်။

လမ်းတစ်လျှောက် လှည်းပေါ်တွင်ထိုင်နေသော လူနှစ်ဦးသည် စကားအနည်းငယ်ပြောရန်ပါးစပ်ကို ဖွင့်လိုက်သောအခါ ရန်စကားများသာထွက်ပေါ်လာသောကြောင့် စကားများရန်ဖြစ်လုနီးပါးပင်။

"......ငါ ကြိုက်တဲ့ သူတွေက မင်းကို ကြိုက်သွားတာနဲ့ပဲ ဘာလို့ အဆုံးသတ်နေရတာလဲ ?"

ဖန့်ကျင့်ကျိုက်သည် ပြတင်းပေါက်အပြင်ဘက်သို့လှမ်းကြည့်ရင်း သူ့မေးစေ့ကို လက်ဖြင့်ကိုင်ကာ ပြောလိုက်သည်။

ပြင်းလွန်းတာကြောင့်၊ စိတ်ကူးယဉ်စပြုလာသော်လည်း၊ အစ်ကိုကြီးနှင့်အဖေအကြောင်းတွေးလိုက် ဝိုင်လုပ်တတ်အောင်သင်ပေးသော ဆရာကိုတွေးလိုက်၊ သူ သေသွားလျှင် သူ့အား မခေစားနိုင် တော့သည့် ချီရှန့်အဆောင်ရှိအလှလေးအကြောင်းကိုတွေးလိုက်မိသည်။ တောင်ပေါ်ကဆင်းတုန်းက ရှောင်မန် ဖုန်ရုန်ချန်ကိုတိတ်တဆိတ်တစ်ခုခုပေးလိုက်သည်။ မြို့တစ် မြို့ကိုဖြတ်သွားရင်း သူ့အမေအလောင်းကိုသင်္ဂြိုဟ်ဖို့ သူ့ကိုယ်သူရောင်းတဲ့အမျိုးသမီးကိုငွေပေးလိုက်တဲ့အခါ အဆုံးမှာ ကောင်မလေးကဖုန်ရုန်ချန်ကို သူနဲ့အတူခေါ်သွားပေးဖို့နှောင့်ယှက်ခဲ့ပေမဲ့ အဲ့ဒါက ကျွန်ဖြစ်နေလို့ အဆင်ပြေသေးတယ်...။

တွေးရင်းနဲ့ သူ ယောင်ဝါးဝါးလှည့်ကြည့်လိုက်တော့ ဖုန်ရုန်ချန်သည် သူ့လက်ပေါ်ရှိ စာရင်းစာအုပ်ကို အာရုံစိုက်နေဆဲပင်၊ စာရင်းစာအုပ်ပေါ်မှာ စုတ်တံဖြင့်အမှတ်အသားပြုကာ တစ်ခါ တစ်ရံ တစ်စုံတစ် ရာတွေးပြီးမျက်မှောင်ကြုတ်ပစ်လိုက်ပြန်သည်။ သူ့ကိုကြည့်နေတယ်လို့ခံစားရသလိုပင် မော့ကြည့် လာကာပြုံးလိုက်ပြီး

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now