🎋 Chapter 25

322 28 3
                                    

🎋Zui Xing Mai Shen
🎋Chapter 25

ဖန့်မိသားစုသည် ရာစုနှစ်တစ်ခုကြာအောင် ဝိုင်ဆိုင်ကိုလည်ပတ်ခဲ့ခြင်းဖြစ်ရာ ဖန့်ကျင့်ကျိုက်သည် ဝိုင်များပတ်လည်တွင်ကြီးပြင်းလာခဲ့ပြီး ကောင်းမွန်သောဝိုင်သည်စေးကပ်ခြင်းမရှိသလို သူ ဘာလုပ် စရာမှမရှိသည့်အခါမျိုးတွင် သူ့ကိုယ်တိုင် ဝိုင်အမျိုးအစားသစ်အချို့ကိုအိုးအနည်းငယ်ဖြင့်စမ်းသပ် ကြည့်နေကြဖြစ်သည်။

ဖန့်ကျင့်ကျိုက် ကောက်ရိုးအိမ်သို့ပြန်ရောက်ပြီးနောက်၊ ထိုနေရာတွင် ရက်အနည်းငယ်ကြာအထိအ လုပ်ရှုပ်နေခဲ့သည်။ ထိုအချိန်တွင် ဖုန်ရုန်ချန်သည် ရွဲ့စောင်းသောစကားများပြောကာ လက်ဖက်ရည် သောက်ရင်း ဘေးတွင်အမြဲမတ်တပ်ရပ်နေမည်ဖြစ်သည်။ လေအေးများတိုးဝှေ့လွန်းတာကြောင့် အလွန်အေးသည်။ ဖန့်ကျင့်ကျိုက်သည် အကျင့်စရိုက်ပြောင်းသွားသလိုမျိုးပင်၊ ယခင်ကဆိုလျှင် ဖုန်ရုန်ချန်နှင့် ထစ်ခနဲရှိအချင်းချင်းရန်ဖြစ်နေခဲ့ကြသော်လည်း ယခုအခါ သူသည် မလှုပ်မယှက်ဖြစ် နေပြီဖြစ်သည်။

"ဘာလို့ ဒီမှာမြှုပ်ရမှာလဲ ? မြေအောက်ခန်းထဲမှာပဲ ဖောက်လို့ မရဘူးလား ?"

ရှောင်မန်သည် သူ့မျက်နှာကိုကိုင်ထားရင်းဘေးတွင်ထိုင်ကာ ဖန့်ကျင့်ကျိုက်အလုပ်များနေသည်ကို တွေ့လိုက်ရသည်။

ဖန့်ကျင့်ကျိုက်သည် လူတစ်ရပ်အမြင့်ထက်ဝက်လောက်နက်တဲ့နေရာတွင် စပျစ်ဝိုင်အိုးကိုမြှုပ်ရန် ကျွင်းတူးနေခဲ့ခြင်းဖြစ်သည်။ သူ့နဖူးပေါ်ကချွေးတွေကိုသုတ်ဖို့ သူ့လက်ကိုမြှောက်လိုက်ပြီး

" မက်မွန်သီးဝိုင်က မက်မွန်ပင်အောက်မှာရှိတယ်၊ နောက်နှစ်မက်မွန်ပွင့်ချိန်ဆို အိုးတွေကိုမြေကြီး ထဲကပြန်တူးထုတ်လိုက်၊ အဲ့အခါ မင်း အကြောင်းရင်းကိုသိရလိမ့်မယ်.... မင်း ဒီမှာ ဘာလာလုပ်နေ တာလဲ၊ ငါ့အတွက် ရေနွေးကြမ်းယူဖို့ ခုထိမသွားသေးဘူးလား ?"

ရှောင်မန်က "အိုး" လို့ပြောပြီး အဝေးကိုထွက်သွားဖို့ထရပ်လိုက်ပြီး ဖန့်ကျင့်ကျိုက်သည် ဂေါ်ပြားကို ကိုင်ကာ ဆက်တူးနေလိုက်သည်။

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now