🎋 Chapter 66 67 68 69 END

193 22 0
                                    


🎋 Chapter 66



ကောလဟာလများသည် အမြဲလိုလိုကောလဟာလများသာဖြစ်ပြီး ဆယ်ယောက်တွင် ကိုးယောက်မှာမယုံရ လောက်အောင်ပင်။ အကြီးဆုံးသခင်ကြီးဖန့်သည် မည်သည့်ကိစ္စရပ်များကြုံတွေ့ခဲ့ကြောင်း ဖန့်မိသားစုရှိ လူများသိပြီးဖြစ်သည်။ ဖန့်ရှောင်းကျိုက်သည် ကိုယ်ပိုင်သင်္ဘောမှာဓါးပြတိုက်ခံရကာမီးရှို့ခံခဲ့ရကြောင်းနှင့် သူ မသေဆုံးခဲ့ကြောင်းသာပြောပြခဲ့သည်။ ကမ်းလွန်ပင်လယ်ပြင်ရှိ လယ်တောတစ်ခုသို့မျောပါသွားကာ ထိုနေရာ တွင်ခဏကြာသောင်တင်နေခဲ့သည်။ အဘယ့်ကြောင့် ချက်ခြင်းပြန်မလာခဲ့ရကြောင်းကိုမူမပြောပြဘဲ နုတ်ဆျတ်နေခဲ့သဖြင့် ဖန့်ကျင့်ကျိုက်လည်း ဘာမှထပ်မမေးတော့ပေ။


မူလကလန်းဆန်းတက်ကြွသည့် ကိုယ်ရည်ကိုယ်သွေးရှိသည့် အစ်ကိုကြီးသည် စိတ်ထဲဝန်ထုပ်ဝန်ပိုးတစ်ခုခုရှိ သလိုမျိုး၊ ရုတ်တရက် အကျင့်စရိုက်ပြောင်းလဲခံလိုက်ရသလိုမျိုး၊ မကြာခဏဆိုသလို အတွေးထဲနစ်မြောနေ ကာ တနေကုန်နီးနီးထိုင်တွေးနေတတ်သည်။


ကျန်းနန်၏မိုးရာသီပြီးနောက်၊ ဖုန်မိသားစု၏လက်ဖက်ရည်အားဘေးကင်းစွာပို့ဆောင်ခဲ့ပြီး၊ ထို့နောက်တွင် ဖန့်မိသားစုသည် ၎င်းတို့၏ဝိုင်များကိုသယ်ယူလာခဲ့သည်။ ဘာ့ကြောင့်မှန်းမသိ ထိုခေတ်ကာလတွင် ပင်လယ် ဓားပြများပိုမောက်မာလာကြသည်။ ဘာကိုမှဂရုမစိုက်ဘဲ လှေများကိုဓားပြတိုက်လေ့ရှိပြီး အရာရှိသင်္ဘောပင် မရှောင်ပေ။ သို့ဖြစ်ရာ စီးပွားရေးသမားတိုင်းအထိတ်တလန့်ဖြစ်သွားကြသည်။ နဂိုအသုံးပြုသောရေကြောင်းမှ ကုန်းလမ်းအဖြစ်ပြောင်းလဲခဲ့ကြသည်။


ဖန့်မိသားစု၏ကုန်ပစ္စည်းများအားရေလမ်းဖြင့်သာသယ်ယူခဲ့ပြီး ဖန့်ရှောင်းကျိုက်သည် ပင်လယ်ဓားပြကိစ္စ အားကြားသိရသော် ဖန့်ကျင့်ကျိုက်နှင့်အပြင်းအထန်လာရောက်ဆွေးနွေးခဲ့သည်။ ကုန်ပစ္စည်းများမှာနှစ်လ ကြာနောက်ကျပြီးဖြစ်သဖြင့်နှောင့်နှေးဖို့မဖြစ်နိုင်တော့ပေ။

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now