☘️ Chapter 2
သူ့လက်သီးက စားပွဲကိုထိသွားပြီးတော့ ဖန်ကျင့်ကျိုက် ခါးကိုကိုင်းလိုက်ပြီး
"စျေးပေါတဲ့ဘဝမှာမွေးဖွားလာပြီးတော့များ မင်းကိုယ်မင်းကြီးမြတ်သလိုလိုလုပ်နေတာ၊ ကျွစ်! ဒီသခင်တောင် မလိုချင်တော့ဘူး!"
သူပြောပြီးတာနဲ့ တန်းထွက်သွားခဲ့သည်။
ပြဿာနာကို တောင်းဆိုနေသလိုဖြစ်သွားတာပဲ!
လက်ထဲဝိုင်တစ်လုံးကိုကိုင်ပြီး ပုလင်းထဲကစပျစ် ရည်ကိုသောက်လိုက်ပေမဲ့ ဘာမှမရှိတော့ဘူးဖြစ်သွားတယ်။
"စားပွဲထိုး၊ ဒီကို ဝိုင်ယူလာခဲ့!"
စားပွဲထိုးက ဝိုင်ပုလင်းကိုကိုင်ပြီးမူးနေပြီဖြစ်တဲ့ သူ့ကိုကြည့်ရင်း စားပွဲထိုးကသူ့ကိုကြင်နာစွာသတိပေးလိုက်သည်။
"သခင်၊ အလွန်အကျွံသောက်မိရင်သခင့်ရဲ့ကျန်းမာ ရေးကိုထိခိုက်သွားလိမ့်မယ်!"
"ဘာလဲ ? မင်းက ငါ ပိုက်ဆံမရှင်းနိုင်မှာကြောက်နေတာလား ?"
ဖန်ကျင့်ကျိုက် စားပွဲပေါ်တင်ထားတဲ့ ငွေတုံးအလတ်စားတစ်ချို့ကိုချပြလိုက်ပြီး
"ငါ့မှာ ပိုက်ဆံတွေအများကြီးရှိတယ်..... ငါ့မှာ ပိုက် ဆံတွေအများကြီးရှိတယ်၊ ဒီလောက်ဆို လုံလောက်ပြီလား ?"
"လုံလောက်ပြီ...."
စားပွဲထိုးက မကျေမနပ်ခေါင်းခါကာ ပြန်ဖြေလိုက်သည်။ သူသည် ဤကဲ့သို့လူတစ်ယောက်ကိုအကြိမ်ပေါင်းများစွာမြင်တွေ့နေရသည်။ သူသေသည်အထိ သောက်နေပါစေ ငွေရှင်းနေသမျှကာလပတ်လုံး သူ့ကိစ္စမဟုတ်ချေ။
ဖန်ကျင့်ကျိုက်ပုလင်းကိုမလိုက်ရာ သူ့လက်က တုန်ယင်နေပြီး ခွက်အပြင်ဘက်၌သာ ဝိုင်ကိုအမြဲ လောင်းချမိနေရာ ရုတ်တရက်ဒေါသထွက်သွားပြီး ခွက်ကိုမလိုတော့ပဲ ပုလင်းထဲကဝိုင်ကိုတိုက်ရိုက်မော့သောက်လိုက်သည်။
ဖုန်ရုန်ချန်၊ ဖုန်ရုန်ချန်၊ ဖြစ်နိုင်ချေအားလုံးထဲမှာမှ သူတို့နှစ်ယောက် ယခင်ဘဝ၌ ရန်သူများသာဖြစ်ရမည်။
YOU ARE READING
သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅
Ficción históricaတစ်ညတာ အရက်အလွန်အကျွံသောက်မိပြီးနောက်၊ ဖန့်ကျင့်ကျိုက်သည် ဖုန်ရုန်ချန်နှင့်ဘေးချင်းကပ်ရပ်နိုးထလာခဲ့သည်။ အခု သူ့ခန္ဓာကိုယ်ကို အရောင်းအ၀ယ်စာချုပ်ချုပ်ပြီးနောက် ချုပ်ကိုင်ခံထားရသလိုမျိုး သူ့ဘေးကနေမလွတ်မြောက်နိုင်တော့ချေ... သူတို့နှစ်ယောက်တကယ်ကိုအတူရှိပ...