Chapter 21

337 28 0
                                    

☘️ Chapter 21

ညဉ့်နက်ရောက်သော် ဖန်ကျင့်ကျိုက်သည် ဘေးလှိမ့်လိုက်ရာ သူ့ဘေးနားမှာနွေးထွေးတဲ့ အရာတစ်ခုကိုထိတွေ့လိုက်မိတာကြောင့် ပြတင်း ပေါက်က လရောင်ကိုအသုံးပြုပြီးကြည့်လိုက်သည်။ ထိုအ မည်မသိအရာဝတ္ထုသည် တခြားမဟုတ် ကြီးမြတ်လှသောဖုန်ရုန်ချန်ဖြစ်နေမှန်းသိလိုက်ရသည်။

ဖန့်ကျင့်ကျိုက် သူ့ခြေထောက်တွေကိုမြှောက်ပြီး ကန်ချဖို့ပြင်လိုက်ပေမယ့် စိုစွတ်နေတဲ့ကြမ်းပြင်က ဒဏ်ရာရနေတဲ့ သူ့ခန္ဓာကိုယ်အတွက်သိပ်အဆင်မပြေနိုင်ဘူးလို့တွေးမိပြီး နောက်ဆုံး ထိုအကြံကို စွန့်လွှတ်လိုက်ရသည်။

သူ့နံဘေးတွင် အိပ်နေသည့် ဖုန်ရုန်ချန်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီဖြစ်သော ဖန့်ကျင့်ကျိုက်ကိုနှိုးမိမည်စိုးသောကြောင့် အလွန်သတိ ထားကာခဲ့ရသည်။ ဖန့်ကျင့်ကျိုက်သည် အတွင်းဘက်သို့အနည်းငယ်တိုးကာ နှစ်ဦးကြားနေရာလွတ်အနည်းငယ်ကိုပြုပြီးနောက် နံရံနှင့်မျက်နှာချင်းဆိုင်ကာ ဆက်အိပ်ရန်လှည့်လိုက်သည်။

ဒါပေမယ့်အိပ်လေလေ ပိုထူးဆန်းလေလေပါပဲ...

သူ့နောက်ဘက် ခပ်နွေးနွေးခံစားချက်ကအဆက် မပြတ်နီးကပ်လာသည်နှင့်အမျှ ဖန့်ကျင့်ကျိုက်သည် နှာသီးဖျားနံရံကိုထိသွားသည်အထိ နံရံနားအနည်းငယ်ထပ်တိုးလိုက်သည် ..... ဘယ်မှဖျောက် ဖျက်လို့မရ၊ နောက်ကလူက သူ့တကိုယ်လုံးနဲ့ကပ်နေပြီး၊ ဖြည်းဖြည်းချင်းအသက်ရှုထုတ်လိုက်သည်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ဟုထင်ရသည်။

ဖုန်ရုန်ချန်၏တစ်ကိုယ်လုံး ဒဏ်ရာခပ်နက်နက်များဖြင့်ပြည့်နှက်နေပြီး ကောက်ရိုးအိမ်သို့ရောက်သော အခါအဖျားအနည်းငယ်ရှိ‌နေပြီဖြစ်သည်။ တောင်ပေါ်၌ ညဘက်တွင်အေးလွန်းသဖြင့် အေးခဲမသွားစေရန် သဘာဝအတိုင်းနွေးထွေးသောနေရာကိုရှာ ဖွေနေခြင်းဖြစ်လိမ့်မည်။ ထိုသို့တွေးမိလိုက်သော အခါတွင်၊ သူသည် အတွင်းဘက်သို့ထပ်မရွေ့တော့ဘဲ ဖုန်ရုန်ချန်ကို သူ့ခန္ဓာကိုယ်အားဖက်ခွင့်ပြုလိုက်ပြီး ခဏအကြာတွင်နောင်တရလာသည်။

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now