🎋 Chapter 54 55 56

82 17 0
                                    


🎋 Chapter 54



နောက်ကျိနေသောအဝါရောင်မြစ် တစ်ဖက်မှာ ညိုမှိုင်းမှိုင်းနှင့် တစ်ဖက်သည် နီကျင်ကျင်ဖြစ်နေ သည်။ မြစ်ကမ်းပါးနံဘေးတွင် လေပြင်းတိုက်ခတ်မှုကြောင့် စပျစ်ရည်အိုးများသည် တောင်ပုံကြီးတစ်ခုကဲ့သို့ စုပုံနေခဲ့သည်။


ဖန့်မိသားစုသည် ဖန့်ရှောင်ကျိုက်၏ အလောင်းအား မတွေ့ရသေးသဖြင့် ၎င်းအတွက် အသုဘအခမ်းအနားကို အပေါ် ယံမျှသာပြုလုပ်ခဲ့ပြီး သတ္တ မနေ့ရောက်သောအခါ ဖန့်မိသားစု၏အမှု ထမ်းများအားလုံးသည် ၎င်းအားတွေ့ဆုံရန် သင်္ဘောကျင်းသို့သွားကြသည်။


ထိုအခိုက်အတန့်တွင် ဖန့်ကျင့်ကျိုက်သည် ကမ်း စပ်၌ရပ်တန့်နေပြီး သူ့အား နောက်ကျောဘက်မှ ကြည့်ရသည်မှာ ချောင်ကျနေပုံပေါ်သည်။ အဆုံးတွင် ဖန့်သခင်ကြီးသည် မည်သို့မျှမတတ်နိုင်တော့ပေ သူ့ထံ သားတစ်ယောက်သာကျန်ရှိလေတော့ သည်။


'ဒီကလေးကို ကောင်းကောင်း မသင်ကြားပေးနိုင်ခဲ့ခြင်းက ဖခင်ဖြစ်သည့် သူ့ အပြစ်ပင်'သူ၏နောက်ကျောတွင် ရရှိထားသည့် ကြာပွတ်ဒဏ်ရာမှာ သေချာဂရုတစိုက်ပြုစုပြီးနောက်အတော်အသင့် သက်သာသွားသော်လည်း ရင်ဘတ်ထဲမှဒဏ်ရာသည် သွေးတစ်စက်စက်ကျနေဆဲဖြစ်ပြီး ဘယ်သောအခါမှအနာကျက်မည်မဟုတ်ပေ။


သူ့နံဘေးသို့ ချဉ်းကပ်လာသည့် ခြေသံများကိုကြား လိုက်ရသည်။ ဖန့်ကျင့်ကျိုက် လှည့်ကြည့်လိုက်ရာ ထိုလူသည် အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားသည်ကိုမြင်လိုက်ရသည်။၎င်း၏နောက်မှလိုက်လာသူမှာ ရုမိုဖြစ်ပြီး သူ၏လက်ထဲတွင်လည်း လက်ဖက်ရည်ခွက်ကိုကိုင်ထားသေးသည်။


"အစ်ကိုကြီး ထွက်သွားတဲ့နေ့က ငါတို့စကားအချေ အတင်ဖြစ်ခဲ့ကြသေးတယ်။ သူ ငါ့ဆီက ဒီနှစ်အ တွက် လက်ဖက်ရည်အသစ် စောင့်နေခဲ့ပေမယ့် အစ်ကိုပြန်လာတဲ့အချိန်မှာပဲ ထွက်သွားခဲ့ပြီ...... ခုလို နှုတ်ဆက်ရတာမျိုးမလုပ်ချင်ဘူး...ထပ်မဆုံနိုင်တော့ဘူးပဲ"

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now