🎋 Chapter 23

428 31 0
                                    

🎋 Zui Xing Mai Shen
🎋 Chapter 23

ဖန့်ကျင့်ကျိုက် အိပ်မက်တစ်ခုမက်ခဲ့သည်။

အိပ်မက်ထဲမှာ သူခေါင်းမော့လာသည့်အခါ ကြောင်နားရွက်ပေါက်နေတဲ့ဖုန်ရုန်ချန်က သူ့ခြေသည်းတွေကို လျှာနဲ့ လျက်ပြီး သူ့ရှေ့မှာထိုင်ချလိုက်တယ်။ ဖန့်ကြွက်ကလေး ဘာမှပြန်မပြောဘဲအဝေးကိုပြေးသွားပေမယ့် ဖုန်ကြောင်က သူ့ကိုပြန်ဖမ်းမိသွားသည်။ ဖန့်ကြွက်လေးသည်သေခြင်းတရားကိုစောင့်မျှော်နေတဲ့အနေနဲ့ မျက်လုံးတွေ မှိတ်ထား လိုက်ပေမယ့် ဖုန်ကြောင်ကသူ့ခြေသည်းတွေကိုမမြှောက်လာခဲ့ချေ ဒီလိုနဲ့ဖန့်ကြွက်ငယ်လေး နောက်တစ်ကြိမ်ထွက် ပြေးသွားပြန်သော်လည်း ဖုန်ကြောင်သည် သူ့အားနောက်တစ်ကြိမ်ဖမ်းမိသွားသည်။ ထိုသို့ဖြင့် သူ့ကိုလွှတ်လိုက် ဖမ်းလိုက်နှင့် သံသရာလည်နေသည်မှာ သူနိုးလာသည်အထိပင်။

ဖန့်ကျင့်ကျိုက်မျက်တောင်ကာ မျက်နှာကျက်ကိုကြည့်လိုက်ပြီးတော့ သူ ဒီည ကြမ်းပြင်ပေါ်မှာ အိပ်ဖို့ဆုံးဖြတ်လိုက် တယ်။ ဖုန်မျိုးရိုးကောင်သူ့အနားကပ်ရဲလို့ကတော့ သူ့ဟာကိုဖြတ်ပစ်လိုက်မယ်။

ဖန့်ကျင့်ကျိုက် မတ်တပ်ထရပ်ပြီး သူ့ဘေးနားမှာ အိပ်ပျော်နေတဲ့လူကပျောက်နေတာကိုသိလိုက်ရတော့ မနေ့ညက ကိစ္စကနွေဦးအိပ်မက်တစ်ခုများလားလို့သူတွေးလိုက်မိသည်။ ဒါပေမယ့် သူ ရှင်းရှင်းလင်းလင်းကြီးမှတ်မိနေတယ်၊ အဲဒီလူရဲ့အပူချိန်၊ သူရဲ့ညည်းသံ၊ အိပ်ယာကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ယောက်သည် သူ့အားဝန်ဆောင်မှုပေးရန်အသင့်ရှိနေခဲ့သည်။

အမှောင်ထဲမှာအကျဉ်းချခံထားရတဲ့ သူ့ကိုယ်ပိုင်ခံစားချက်နဲ့ လက်ချောင်းကြားကအထိအတွေ့သာကျန်ရှိတော့သည်။ ခဏလေးဆိုသလို၊ တစ်ဖက်လူ ဘယ်သူလဲဆိုတာ သူမမှတ်မိတော့ဘူး၊ အဲဒီလူနဲ့ပတ်သက်ပြီး သူ သိတာဆိုလို့ သူကိုယ်တိုင်လည်း ထိုတပ်မက်မှုထဲနစ်မြုပ်နေပြီ၊ သူနဲ့အတူတူရုန်းထွက်ဖို့စိတ်အားထက်သန်နေခဲ့တယ်။ ဘယ်သူက ပိုကောင်းလဲဆိုတာကို ဘယ်သူကမှအကဲဖြတ်နိုင်မှာမဟုတ်ဘူး။ သူ့လက်ထဲတွင်ရှိနေခဲ့သော ထိုအရာသည် အပြန် အလှန်ဆက်ဆံရေးတစ်ခုသာဖြစ်ပြီး ယခုကဲ့သို့သောအတွေ့အကြုံနှင့် ခံစားမှုအသိသည် အလွန်လှပသောကြောင့် သူ့အား မည်သူမည်ဝါဖြစ်သည်ကိုပင်မေ့သွားစေသည်။

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now