🎋 Chapter 59 60 61

96 20 0
                                    

🎋 Chapter 59


ဖုန်လောချန်သည် သူ့မျက်နှာကိုဖုံးကွယ်ထားဆဲပင်


"ဟုတ်တယ်၊ ငါက မိုက်မဲလွန်းတယ်။ သူ ငါ့ကို ကြည့်လာအောင် ဘာလုပ်ရမှန်းမသိအောင်ကို တုံးအလွန်းတယ်...ငါ့ခံစားချက်ကို သူ သိအောင် ဘယ်လိုပြောရမှန်းတောင် မသိတဲ့အထိကို မိုက်မဲလွန်းတယ်...သူ့ ကိစ္စတွေဆို ဂရုစိုက်မိတဲ့အထိကို ငါ အရမ်းမိုက်မဲလွန်းတယ်"


ဖန့်ကျင့်ကျိုက်က ငုံ့ကြည့်ကာ ရယ်နေမိသည်မှာ အမှန်ပင် 'တစ်ခုခုကလွန်ကဲလာရင် အစွန်းရောက်သွားတတ်ကြတယ်' မဟုတ်ပါလား ? အချစ်အ ကြောင်းသင်ယူခဲ့ဖူးသော သခင်ကြီးဖုန်သည် အချစ်ကိုရူးသွပ်မိသောအခါ အလွန်မိုက်မဲခဲ့သည်။ သူ့လက်ကိုဆုပ်ကိုင်ကာ သူ့လက်အား သူ့မျက်နှာထက်မှဖယ်ထုတ်လိုက်သည်။


"သူ မင်းကို သတိမထားမိဘူးလို့ မင်းက ဘယ်လိုလုပ်ကောက်ချက်ချနိုင်မှာလဲ ? ဖုန်လောချန်နဲ့ တွေ့တဲ့အခါ... သူ့ကိုစားဖို့ သည်းမခံနိုင်တော့ဘူး!"


နောက်ဆုံးစကားပြောပြီးသည်နှင့် ကုတင်ကြီးသည် ပြင်းထန်စွာတုန်ခါနေပြီး၊ ဖုန်လောချန် တုံ့ပြန်ခြင်းမပြုနိုင်သေးဘဲ၊ ဖန့်ကျင့်ကျိုက်သည် ဆုပ်ကိုင်ထားသည့်ထိုလက်ကိုကုတင်ပေါ်တွင် ကြိုးချည်ထားပြီးဖြစ်သည်။


"မင်း ဘာလုပ်နေတာလဲ ?"


ဖုန်လောချန် ရုန်းကန်နေခဲ့သော်လည်း မလွတ် မြောက်နိုင်ပေ။


"ဘာလုပ်နေတယ်ထင်လဲ ?"


ဖန့်ကျင့်ကျိုက် ရယ်လိုက်ပြီး ကုတင်ပေါ်တက်ကာ ဖုန်လောချန်ကိုဖိကာ ဖုန်လောချန်၏ဝမ်းဗိုက်အောက်ပိုင်းကိုဖိထားပြီး တစ်ချိန်တည်းမှာပင် ပုဝါကိုသုံးပြီး သူ့လက်တစ်ဖက်အား ကုတင်နှင့်အတူ တွဲချည်ထားလိုက်သည်။


"ဖုန်မျိုးရိုး သေချာနားထောင်၊ တစ်စုံတစ်ယောက်ကို ချစ်တာကြိုက်တာနဲ့ပဲ အခြောက်လို့မဆိုလိုဘူး၊ ယောက်ျားတစ်ယောက်အနေနဲ့ မင်း ငါ့ကိုကြိုက်တာကို အသံထွက်ပြောရမှာ အဲ့လောက်ခက်လား ?"

သောက်ရာမှနိုးထလာပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now