Your...Words

37.3K 1.9K 20
                                    

"Xiao Luဆိုတော့ သမင်လေးပေါ့နော်...
ရှင့်ကို မေးမြန်းခွင့်ရတာ ကျွန်မ သိပ် ကံကောင်းတာပဲလို့ ထင်မိတယ်"

နီညိုရောင် အဖျော့ နှုတ်ခမ်းနီကို ဆိုးထားကာ...လက်တစ်ဖက်က...မှတ်စုစာအုပ်လိုမျိုးကို ဟန်ပါပါကိုင်ပြီး...အခြားတစ်ဖက်နဲ့...
အသံဖမ်းစက်ကို ကိုင်ထားတဲ့...မိန်းမက...
အပြုံးတစ်ခုနဲ့...စကားစလာတယ်...

ခက်တာက...သူ စလာတဲ့ စကားလုံးကိုက
ကျွန်တော် မုန်းတာ~
ဘာလို့ အပိုစကားတွေ အဲလောက်ပြောလဲ?

အခုတလော interviewလုပ်ဖို့ စိတ်မပါပါဘူးဆို
သူပြောထားလို့သာ...

"ဟုတ်ကဲ့...မေးစရာရှိတာလေး...မြန်မြန်မေးပေးပါ...
ကျွန်တော် အချိန်သိပ်မရလို့"

"အာ...ဟုတ်ကဲ့...အခု ရိုက်ကူးထားတဲ့...ဇာတ်ကားနဲ့ ပက်သက်ပြီးတော့ပေါ့နော်...
ဇာတ်ဆောင်စရိုက်နဲ့ ကိုက်ညီအောင် ဘယ်လိုများ ကြိုးစားအားထုတ်ခဲ့ရပါသလဲ?"

"အတတ်နိုင်ဆုံးဆိုတာထက်...ပိုအောင်... ကြိုးစားအားထုတ်ခဲ့ပါတယ်...
ပရိတ်သတ်တွေလည်း သဘောကျမယ်လို့ မျှော်လင့်တယ်"

"ဟုတ်ကဲ့...Luhanအနေနဲ့ ပေါ့နော်...
ရှေ့ဆက်ပြီး...ဘယ်လို အနုပညာမျိုးတွေ
ပရိတ်သတ်ကို ချပြချင်ပါသလဲ?"

စိတ်ပျက်မိတယ်~
interviewမှန်သမျှ ဒီလို မေးခွန်းတွေချည်း~

" အဲဒါ...အခြား interviewတွေမှာ ဖြေပြီးသားပါ...ကျွန်တော်ဖြေလိုက်ရင်လည်း ခင်ဗျားတို့ဆီမှာ...စာတစ်ကြောင်းနှစ်ကြောင်းတိုးလာရုံပဲ
သိချင်တဲ့...pointတွေလောက် ထုတ်မေးပေးရင် နှစ်ဦးနှစ်ဖက် ပိုအဆင်ပြေလိမ့်မယ် "

ကျွန်တော့်စကားကြောင့်...အဲဒီမိန်းမရဲ့...
ဆေးဆိုးပန်းရိုက်မျက်နှာက...မည်းကနဲနေအောင် မျက်နှာပျက်သွားတယ်~ဒါပေမယ့် မျက်နှာကို ပြန်ထိန်းလိုက်ပြီး

"ကောင်းပြီလေ...ဒါဆိုရင် လူများတွေနဲ့မတူတဲ့
မေးခွန်းကို တိုတိုနဲ့ လိုရင်းပဲ...ကျွန်မ မေးမယ်...
Xiao Luhanနဲ့ ပက်သက်ပြီး...ထွက်နေတဲ့ ကောလာဟလတွေဟာ...အမှန်တကယ်ပဲလား"

"ဟက်...ဟက်"

ကျွန်တော့်ဆီက...ရုတ်တရက် ထွက်ပေါ်လာတဲ့...
တမင် လုပ်ရယ်သံကြောင့်~သူမ ကျွန်တော့်ကို စူးစူးဝါးဝါး ပြန်ကြည့်တယ်~ကျွန်တော်...သူမကို ပိုပြီး မခံချိ မခံသာဖြစ်အောင် မျက်ခုံးတစ်ချက် ပင့်ပြလိုက်ရင်း

TRAPWhere stories live. Discover now